​အ​မေ​ရိ​ကန်​သ​မ္မ​တ​​ ​အို​ဘား​မား​၏​ ​ခွေးကြီး​အား​ ​မြင်​သူ​များ​ ​သ​ဘော​ကျ​ဖွယ်​ရှိ

alt

ခ​ရ​စ္စ​မတ်​နေ့​​ ​ကျ​ရောက်​မည့်​ ​ဒီ​ဇင်​ဘာ​လ​အ​တွင်း​​ ​အ​မေ​ရိ​ကန်​ပြည်​ထောင်​စု​​ ​သ​မ္မ​တ​ ​ရုံး​ထိုင်​ရာ​​ ​အိမ်​ဖြူ​တော်​သို့​ ​လာ​ရောက်​သူ​များ​သည်​​ ​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​၏​​ ​ခွေး​ကြီး​ဖြစ်​သော​ ​ဘို​အား​ ​သ​ဘော​ကျ​ ​နှစ်​သက်​ဖွယ်​ ​တွေ့​မြင်​ရ​ပေ​လိမ့်​မည်​။​

​သို့​သော်​ ​ပေါ်​တူ​ဂီ​ဝါ​တာ​ ​အ​မျိုး​အ​စား​ ​၂​ ​နှစ်​သား​ ​ခွေး​ကြီး​မှာ​ ​တ​ကယ့်​အ​စစ်​ ​မ​ဟုတ်​ဘဲ​ ​မူ​လ​အ​ရွယ်​ထက်​ ​ပို​ကြီး​သော​ ​ရုပ်​တု​ကြီး​ဖြစ်​သည်​။​ ​သန့်​ရှင်း​ရေး​ပိုက်ငယ်​ ​လေး​သောင်း​ကျော်​ဆက်​ကာ​ ​ပြု​လုပ်​ထား​သော​ ​ခွေး​ကြီး​ကို​ ​ဒီ​ဇင်​ဘာ​ ​တစ်​လ​လုံး​ ​အိမ်​ဖြူ​တော်​တွင်​ ​ထား​သွား​မည်​ဖြစ်​သည်​။​ ​ဘို​၏​ ​ရုပ်​တု​မှာ​ ​ပေါင်​ ​၄၀၀​ ​လေး​ပြီး​ ​သ​မ္မ​တ​က​တော်​ ​မစ်​ရှယ်​အို​ဘား​မား​၏​ ဟင်း​ရွက်​စိုက်​ခင်း​အ​နီး​ ​ထား​ရှိ​မည်​ဟု​ ​သိ​ရ​သည်​။​ ​ဘို​သည်​ ​အို​ဘား​မား​၏​ ​သ​မီး​နှစ်ဦး​ ​အ​လွန်​သ​ဘော​ကျ​သည့်​ ​အ​ချစ်​တော်​ ​ခွေး​ကြီး​လည်း​ဖြစ်​သည်​။​ ​

သ​မ္မ​တ​၏​ ​သ​မီး​များ​ဖြစ်​သော​ ​မယ်​လီ​နာ​နှင့်​ ​ဆာ​ရှာ​တို့​မှာ​ ​အ​ဆို​ပါ​ ​ရုပ်​တု​ကြီး​ကို​ ​အ​လွန်​နှစ်​သက်​သည်​ဟု​ဆို​သည်​။​ ​အိမ်​ဖြူ​တော်​သည်​ ​ခ​ရ​စ္စ​မတ်​ ​ကာ​လ​အ​တွင်း​ ဧည့်​သည်​တော်​များ​ကို​ ​စီ​စစ်​ဖိတ်​ကြား​ ​လည်​ပတ်​ခွင့်​ ​ပေး​သွား​မည်​ဟု​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here