ခွေးတစ်ကောင်နှင့် လက်ထပ်လိုက်သည့် ဩစတြေးလျ နိုင်ငံသား

alt

ဩ​စ​တြေး​လျ​နိုင်ငံ​မှ​​ ​လူငယ်​တစ်ဦး​သည်​ ​ခွေး​တစ်​ကောင်​အား​​ ​လက်​ထပ်​လိုက်​ပြီး​နောက်​​ ​က​မ္ဘာ့​မီ​ဒီ​ယာ​များ​၏​​ ​အာ​ရုံ​စိုက်​မှု​ကို​​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​​ ​၅​ ​နှစ်​အ​ရွယ်​ Labrador​​ ​ခွေး​မ​တစ်​ကောင်​ကို​ ​

လက်​ထပ်​ထိမ်း​မြား​ခဲ့​သည့်​ ​ဂျိုး​ဆက်​ဂွီ​ဆို​က​ ​ယ​ခု​ကိ​စ္စ​သည်​ ​လိင်​အာ​ရုံ​ကို​ ​အ​ဓိ​က​ ​မ​စဥ်း​စား​ထား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယင်း​သည်​ ​ခွေး​မ​လေး​ ​ဟန်​နီ​ကို​ ​လွန်​ခဲ့​သော​ ​၅​ ​နှစ်​က​တည်း​က​ ​မွေး​မြူ​ထား​ပြီး​ ​သူ​မ​သည်​ ​ဂျိုး​ဆက်​တို့​ ​မိ​သား​စု​အ​တွက်​ ​အ​ကောင်း​ဆုံး​ ​မိတ်​ဆွေ​လည်း​ ​ဖြစ်​လာ​သည်​။​ ​

ကွင်း​စ​လန်​ရှိ​ ​တူ​ဝမ်​ဘာ​မြို့​တွင်​ ​ပြု​လုပ်​ခဲ့​သော​ ​မ​င်္ဂလာ​ပွဲ​သို့​ ​ဂျိုး​ဆက်​၏​ ​အ​ရင်း​နှီး​ဆုံး​ ​သူငယ်​ချင်း​နှင့်​ ​မိ​သား​စု​ဝင်​ ​၃၀​ ​ကျော်​ ​တက်​ရောက်​ခဲ့​သည်​။​ ​ဒီ​ဇင်​ဘာ​ ​၁​ ​ရက်​နေ့​ မ​င်္ဂလာ​ပွဲ​တွင်​ ​သ​တို့​သား​က​ ​ဟန်​နီ​သည်​ ၎င်း​အ​တွက်​ ​အ​ကောင်း​ဆုံး​မိတ်​ဆွေ​ ​ဖြစ်​သ​လို​ ​သူ​မ​ရှိ​နေ​သော​ ​နေ့​ရက်​များ​သည်​ ၎င်း​အ​တွက်​ ​အ​ဓိ​ပ္ပါယ်​ ​ပြည့်​၀​စေ​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ထို့​အ​ပြင်​ ၎င်း​က​ ​ဟန်​နီ​ကို​ ​အ​ချစ်​စစ်​နှင့်​ ​ချစ်​သည်​ဟု​လည်း​ဆို​သည်​။​ ​ထို​မ​င်္ဂလာ​ပွဲ​ ​သ​တင်း​ကို​ ​ဒေ​သ​ဆိုင်​ရာ​ ​မီ​ဒီ​ယာ​များ​က​ ​ဖော်​ပြ​ခဲ့​ပြီး​နောက်​ ​တစ်​က​မ္ဘာ​လုံး​ ​အ​တိုင်း​အ​တာ​ထိ​ ​ပျံ့​နှံ့​သွား​ပြီး​ ​သ​တင်း​ဌာ​န​များ​စွာ​က​ ​ထပ်​ဆင့်​ဖော်​ပြ​ခဲ့​သည်​။​ ​

ဂျိုး​ဆက်​က​ ၎င်း​၏​ ​လုပ်​ရပ်​အ​ပေါ်​ ​ဝေ​ဖန်​မှု​များ​ ​ရှိ​နေ​လျင်​လည်း​ ​ဂ​ရု​စိုက်​မည်​ ​မ​ဟုတ်​ဟု​ဆို​သ​ည်​။​ ၎င်း​က​ ​မီ​ဒီ​ယာ​များ​တွင်​ ​ဖော်​ပြ​ရာ​မှ​ ​ရာ​ခိုင်​နှုန်း​အား​ဖြင့်​ ​ရ​ရှိ​လာ​သော​ ​အ​ကျိုး​အ​မြတ်​များ​ကို​ ​တိ​ရ​စ္ဆာန်​ ​စောင့်​ရှောက်​ရေး​ ​အ​သင်း​များ​သို့​ ​လှူ​ဒါန်း​သွား​မည်​ဟု​လည်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here