အိန္ဒိယအလှမယ် မယ်ကမ္ဘာမြေဆု ဆွတ်ခူး

alt

အိ​န္ဒိ​ယ​ ​ကိုယ်​စား​ပြု​​ ​အ​လှ​မယ်​သည်​ ​မယ်​က​မ္ဘာ​မြေ​ (Miss​ Earth)​​ ဆု​ကို​ ​ဆွတ်​ခူး​ရ​ရှိ​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​ဗီ​ယက်​နမ်​တွင်​​ ​ဒီ​ဇင်​ဘာ​ ​၄​ ​ရက်​နေ့​က​​ ​ပြု​လုပ်​ကျင်း​ပ​သည့်​​ ​အ​လှမယ်​ ​ပြိုင်​ပွဲ​တွင်​ နစ်​ကိုး​ဖာ​ရီ​ယာ​က​ ​အ​လှ​မယ်​ဘွဲ့​ကို​ ​ဆွတ်​ခူး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​

အ​မှတ်​ပေး​ဒိုင်​များ​က​ ​ဖာ​ရီ​ယာ​သည်​ ​သူ​မ​၏​ ​အ​လှ​အ​တွက်​သာ​မ​က​ ​နှစ်​လို​ဖွယ်​ကောင်း​မှု​နှင့်​ ဉာဏ်​ရည်​ထက်​မြက်​မှု​များ​ကြောင့်​ပါ​ ​ဆု​နှင့်​ထိုက်​တန်​ကြောင်း​ ​အ​မှတ်​ပေး​ခဲ့​ကြ​သည်​။​ ​အ​သက်​ ​၂၀​ ​အ​ရွယ်​ ​ဘွဲ့​ကြို​ကျောင်း​သူ​လေး​သည်​ ​အ​တွေး​အ​ခေါ်​နှင့်​ဆိုင်​သော​ ​မေး​ခွန်း​များ​ကို​လည်း​ ​ကျိုး​ကြောင်း​ဆီ​လျော်​စွာ​ ​ဖြေ​ဆို​သွား​ခဲ့​ပြီး​ ​ပ​ရိ​သတ်​၏​ ​နှစ်​ခြိုက်​အား​ပေး​မှု​ကို​ ​ရ​ရှိ​ခဲ့​သည်​။​

​ဖာ​ရီ​ယာ​သည်​ ​မယ်​က​မ္ဘာ​မြေ​ ​ဆု​အ​တွက်​ ​နာ​မည်​ကြီး​နေ​သည့်​ ​အီ​ကွေ​ဒေါ​မယ်​ ​ဂျင်​နီ​ဖာ​ပက်​ဇာ​မင်​နို​ကို​ ​အ​ကြိတ်​အ​နယ်​ ​ယှဥ်​ပြိုင်​ပြီး​ ​ကျော်​ဖြတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​တ​တိ​ယ​နေ​ရာ​တွင်​ ​ယိုး​ဒ​ယား​ ​အ​လှ​မယ်​က​ ​ရပ်​တည်​ခဲ့​ပြီး​ ​ပွာ​တို​ရီ​ကို​ ​အ​လှ​မယ်​က​ ​နံ​ပါတ်​ ​၄​ ​ချိတ်​ခဲ့​သည်​။​ ​

ဟို​ချီ​မင်း​စီး​တီး​တွင်​ ​ပြု​လုပ်​သည့်​ ​ပြိုင်​ပွဲ​သည်​ ​သ​ဘာဝန်း​​ကျင်​ ​မြတ်​နိုး​ချစ်​ခင်​မှု​ကို​ ​မြှင့်​တင်​ရန်​ ​ကျင်း​ပ​ခြင်း​ဖြစ်​ပြီး​ ​အ​လှ​မယ်​များ​ကို​ ​မြေ​၊​ ​လေ​၊​ ​ရေ​စ​သ​ဖြင့်​ ​သီး​ခြား​အ​လှ​မယ်​ဘွဲ့​များ​ပါ​ ​ပေး​အပ်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here