အနာဂတ်ကာလတွင် ဗြိတိန်၌ ဓာတ်ပုံအယ်ဘမ်များ ရှိတော့မည် မဟုတ်

alt

ဗြိ​တိန်​တွင်​​ ​ဓာတ်​ပုံ​အယ်​ဘမ်​များ​၏​​ ​အ​နာ​ဂတ်​သည်​ ​မ​လှ​ပ​တော့​ဟု​​ ​ဆို​ရ​ပေ​မည်​။​ ​စစ်​တမ်း​များ​အ​ရ​​ ​ဗြိ​တိ​သျှ​လူ​မျိုး​​ ​၁၀​ ဦး​တွင်​ ​၈​ ဦး​သည်​​ ​သ​မား​ရိုး​ကျ​ ​အယ်​ဘမ်​များ​ကို​​ ​အ​သုံး​မ​ပြု​တော့​ဟု​​ ​သိ​ရ​သည်​။​

​ယင်း​တို့​သည်​​ ​ဓာတ်​ပုံ​များ​ကို​ ​ဒီ​ဂျစ်​တယ်​ ​စ​နစ်​ဖြင့်​သာ​ ​သိမ်း​ဆည်း​ထား​တော့​သည်​။​ ​မူ​လ​က​ ​ဓာတ်​ပုံ​များ​ကို​ ​စ​နစ်​တ​ကျ​ ​သိမ်း​ဆည်း​ထား​ပြီး​ ​မိ​သား​စု​နှင့်​ ​မိတ်​ဆွေ​သူငယ်​ချင်း​များ​ကြား​ ​နွေး​ထွေး​မှု​ကို​ ​မှတ်​တမ်း​တင်​ထား​လေ့​ရှိ​သည့်​ ​ဗြိ​တိ​သျှ​တို့​သည်​ ​ယ​ခု​အ​ခါ​ ​ဒီ​ဂျစ်​တယ်​ ​နည်း​ပ​ညာ​ကို​ ​အ​လွန်​အ​ကျွံ​ ​မှီ​ခို​လာ​ခဲ့​သည်​။​ ​ဗြိ​တိန်​သား​ ​၁၀​ ဦး​လျင်​ ​၉​ ဦး​သည်​ ​ဒီ​ဂျစ်​တယ်​ ​ကင်​မ​ရာ​ကို​ ​ပိုင်​ဆိုင်​နေ​ပြီး​ ​၈​ ဦး​သည်​ Social​ Network​ ​ဝက်​ဆိုက်​များ​သို့​ ၎င်း​တို့​၏​ ​ဓာတ်​ပုံ​ကို​ ​လွှင့်​တင်​ကြ​သည်​။​ ​

ရိုက်​ထား​သည့်​ ​ဓာတ်​ပုံ​ကို​ Print​ ​ထုတ်​သူ​ ​အ​ရေ​အ​တွက်​မှာ​ ​၄၀​ ​ရာ​ခိုင်​နှုန်း​ ​အောက်​တွင်​သာ​ရှိ​ပြီး​ ​အ​များ​စု​က​ Laptop​​ များ​အ​တွင်း​ ​ဒီ​ဂျစ်​တယ်​ ​ပုံ​ရိပ်​များ​အ​ဖြစ်​ ​သိမ်း​ထား​ကြောင်း​ ​သိ​ရ​သည်​။​ PC​ World​​ မ​ဂ္ဂ​ဇင်း​က​ ​ကောက်​ခံ​သော​ ​စစ်​တမ်း​တွင်​ ​အ​မျိုး​သ​မီး​ ​၆၈​ ​ရာ​ခိုင်​နှုန်း​သည်​ ​ဓာတ်​ပုံ​များ​ကို​ ​ယုံ​ယုံ​ကြည်​ကြည်​ ​ဝေ​မျှ​လေ့​ရှိ​ပြီး​ ​အ​မျိုး​သား​များ​အ​နက်​ ​ယင်း​သို့​လုပ်​ဆောင်​မှု​ကို​ ​ယုံ​ကြည်​ချက်​အ​ပြည့်​ ​ရှိ​သူ​မှာ​ ​၃၈​ ​ရာ​ခိုင်​နှုန်း​သာ​ရှိ​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။​

​ဓာတ်​ပုံ​အ​မျိုး​အ​စား​များ​အ​နက်​ အ​ပျော်​ဆုံး​ ​အ​ပမ်း​ဖြေ​ ​ခ​ရီး​များ​အ​ကြောင်း​ ​၈၈​ ​ရာ​ခိုင်​နှုန်း​၊​ ​က​လေး​မွေး​ဖွား​မှု​အ​တွက်​ ​၅၁​ ​ရာ​ခိုင်​နှုန်း​နှင့်​ ​မိ​သား​စု​ ​တွေ့​ဆုံ​မှု​အ​တွက်​ ​၆၅​ ​ရာ​ခိုင်​နှုန်း​စီ​ ​ပျမ်း​မျှ​ဝေ​မျှ​လေ့ရှိ​ကြောင်း​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here