​၂၀၁၈​​ ​က​မ္ဘာ့​ဖ​လား​ပြိုင်​ပွဲ​ ​ကျင်း​ပ​ခွင့်​ ​ရု​ရှား​နိုင်ငံ​ရ​ရှိ

alt

က​မ္ဘာ့​ဖ​လား​​ ​ဘော​လုံး​ပြိုင်​ပွဲ​အား​​ ​၂၀၁၈​ ​ခု​နှစ်​တွင်​​ ​ကျင်း​ပ​ခွင့်​ကို​ ​ရု​ရှား​နိုင်ငံ​က​ ​ပိုင်​ဆိုင်​ခဲ့​ပြီ​ဖြစ်​သည်​။​ အ​င်္ဂလန်​ ​နိုင်ငံ​သည်​ ​အ​ဆို​ပါ​ပြိုင်​ပွဲ​ ​ကျင်း​ပ​ခွင့်​ရ​ရေး​ကို​ ​အ​သည်း​အ​သန်​ ​ကြိုး​ပမ်း​ခဲ့​သော်​လည်း​ ​ဒီ​ဇင်​ဘာ​ ​၂​ ​ရက်​ နေ့​ ​ဆုံး​ဖြတ်​ချက်​အ​ရ​ ​ရု​ရှား​က​ ​အ​သာ​ရ​ခဲ့​သည်​။​

​မဲ​အ​ဆုံး​အ​ဖြတ်​ဖြင့်​ ​ရွေး​ချယ်​မှု​တွင်​ ​ဘော​လုံး​သ​မား​ ​ဒေး​ဗစ်​ဘက်​ခမ်း​၊​ ​ဝန်​ကြီး​ချုပ်​ ​ဒေး​ဗစ်​ကင်​မ​ရွန်​နှင့်​ ​အိမ်​ရှေ့​မင်း​သား​ ​ဝီ​လျံ​တို့​ ​အား​ပေး​ထောက်​ခံ​ခဲ့​သော​ ​အ​င်္ဂလန်​သ​ည်​ ​ပ​ထ​မ​အ​ ဆင့်​ကို​ပင်​ ​မ​ကျော်​ဖြတ်​နိုင်​ခဲ့​ပေ​။​ ​မဲ​ပေး​မှု​ ​၂၂​ ​ခု​အ​နက်​ ​အ​င်္ဂလန်​သည်​ ​၂​ ​မဲ​သာ​ ​ရ​ရှိ​ခဲ့​သည်​။​ ​က​မ္ဘာ့​ဘော​လုံး​အ​ဖွဲ့​ချုပ်​ FIFA​ ​၏​ ​ကော်​မ​တီ​၀င​များ​က​ ​စု​ပေါင်း​မဲ​ပေး​မှု​တွင်​ ​ရု​ရှား​က​ ​အ​င်္ဂလန်​ကို​ ​ကျော်​ဖြတ်​သွား​ခြင်း​အား​ ​မီ​ဒီ​ယာ​များ​က​ ​ နောက်​ထပ်​စစ်​အေး​တိုက်​ပွဲ​ ​အ​သစ်​ဟု​ ​တင်​စား​ဖော်​ပြ​ခဲ့​သည်​။​ ဆွစ်​ဇာ​လန်​နိုင်ငံ​၊​ ​ဇူး​ရစ်​မြို့​ ​မဲ​ပေး​ရွေး​ချယ်​မှု​ ​အ​ခမ်း​အ​နား​တွင်​ ​အ​င်္ဂလန်​သည်​ ​၁၉၆၆​ ​ခု​နှစ်​နောက်​ပိုင်း​ ​က​မ္ဘာ့​ဖ​လား​ ​အိမ်​ရှင်​ဖြစ်​ခွင့်​ရ​ရေး​ ​မျှော်​လင့်​ချက်​ ​ကြီး​ကြီး​မား​မား​ ​ထား​ခဲ့​သော်​လည်း​ ​လွဲ​ချော်​ခဲ့​ရ​သည်​။​

ရု​ရှား​တွင်​မူ​ ​ယ​ခု​အောင်​မြင်​မှု​အ​တွက်​ ​အောင်​ပွဲ​ခံ​ခဲ့​ပြီး​ ​ဝန်​ကြီး​ချုပ်​ ​ဗ​လာ​ဒီ​မာ​ပူ​တင်​၊​ ​ရု​ရှား​တိုက်​စစ်​မှူး​ ​အင်​ဒ​ရီ​အက်​ရှာ​ဗင်​တို့​မှာ​ ​ချီး​ကျူး​ခံ​နေ​ရ​သည်​။​ FIFA​ ​က​ ​မဲ​ပေး​ရွေး​ချယ်​သော​ ​က​မ္ဘာ့​ဖ​လား​ ​အိမ်​ရှင်​ဖြစ်​ခွင့်​တွင်​ ၂၀၂၂​ ​ခု​နှစ်​အ​တွက်​ကို​မူ​ ​ကာ​တာ​က​ ​အ​ရွေး​ခံ​လိုက်​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here