​မင်း​သ​မီး​တစ်​ယောက်​ဖြစ်​ဖို့​​ ​မ​သေ​ချာ​ကြောင်း​​ ​နစ်​ကိုး​ရှာ​ဇင်​ဂျာ​ပြော​ကြား

alt

နစ်​ကိုး​ရှာ​ဇင်​ဂျာ​က​​ ​သူ​မ​သည်​ ​မင်း​သ​မီး​တစ်​ယောက်​​ ​ဖြစ်​နိုင်​မ​ဖြစ်​နိုင်​​ ​အ​သေ​အ​ချာ​ ​မ​ပြော​တတ်​ကြောင်း​​ ​ဝန်​ခံ​သွား​သည်​။​ ​ဗြိ​တိန်​​ ​ဖော်​မြူ​လာ​ဝမ်း​ ​ကား​မောင်း​သ​မား​​ ​လူး​ဝစ်​ဟယ်​မီ​တန်​နှင့်​​ ​ချစ်​သူ​ဖြစ်​နေ​သည့်​

Pussycat​ Dolls​ ​အ​ဆို​တော်​ ​ရှာ​ဇင်​ဂျာ​သည်​ ​နောက်​ဆုံး​ရိုက်​ကူး​မည့်​ Men​ In​ Black​ ​ဇာတ်​ကား​သစ်​တွင်​ ​မင်း​သား​ ​ဝီ​စ​မစ်​၊​ ​မင်း​သ​မီး​ ​ဂါ​မာ​အာ​တင်​တန်​တို့​နှင့်​အ​တူ​ ​ပါ​ဝင်​မည်​ဖြစ်​သည်​။​ ​

သို့​သော်​လည်း​ This​ Morning​နှင့်​ ​အင်​တာ​ ဗျူး​တွင်​ ​အ​ဆို​တော်​မ​လေး​က​ ​သူ​မ​သည်​ ​ယင်း​အ​တွက်​ ​စိတ်​လှုပ်​ရှား​မိ​ကြောင်း​၊​ ​သူ​မ​၏​ ​သ​ရုပ်​ဆောင်​ ​အ​ရည်​အ​သွေး​နှင့်​ ​ပတ်​သက်​ပြီး​ ​မိ​မိ​ကိုယ်​ကိုယ်​ ​အ​ပြည့်​အ​၀​ ​မ​ယုံ​ကြည်​နိုင်​သေး​ကြောင်း​ ​ဖွင့်​ဟ​ခဲ့​သည်​။​ ​ရိုက်​ကွင်း​ပေါ်​ ​ရောက်​နေ​ ခြင်း​နှင့်​ ​စ​တိတ်​စင်​ပေါ်​ ​ရောက်​နေ​ခြင်း​မှာ​ ​ကွဲ​ပြား​မည်​ထင်​ကြောင်း​၊​ ​သူ​မ​အ​နေ​နှင့်​ ​ဂီ​တ​သံ​များ​ကြား​နေ​သည့်​အ​ခါ​ ​အ​ရာ​ရာ​ ​သွက်​လက်​ပေါ့​ပါး​နေ​သော်​လည်း​ ​ရုပ်​ရှင်​ရိုက်​ရ​သည်​မှာ​မူ​ ​အ​တွေ့​အ​ကြံု​ ​အ​စိမ်း​သက်​သက်​ ​ဖြစ်​နေ​မည်​ထင်​ ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ထို့​အ​ပြင်​ ​သူ​မ​သည်​ Men​ In​ Black​ ​ဇာတ်​ကား​များ​၏​ ​ပ​ရိ​သတ်​ဖြစ်​ကြောင်း​၊​ ​ထို​ဇာတ်​ကား​တွင်​ ​ဗီ​လိန်​ဂြိုဟ်​သူ​ ​တစ်ဦး​အ​ဖြစ်​ ပါ​ဝင်​ရ​မည်​ဟု​ ​ယ​ခင်​က​ ​စိတ်​မ​ကူး​မိ​ကြောင်း​လည်း​ ​သူ​မ​က​ ​ဆက်​လက်​ပြော​ ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here