Facebook ၏ Profile Page တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်

alt

Facebook​​ ဝက်​ဆိုက်​သည်​​ Profile​ Page​​ တွင်​ ​ပြု​ပြင်​ပြောင်း​လဲ​မှု​များ​​ ​စ​တင်​လိုက်​ပြီ​ဖြစ်​သည်​။​​ ​အ​သုံး​ပြု​သူ​၏​ ​အ​ချက်​အ​လက်​များ​ကို​​ ​ပို​မို​ကျယ်​ပြန့်​စွာ​​ Display​ပြု​လုပ်​နိုင်​မည့်​​ Feature​​ ကို​ ​

ယ​ခု​အ​ခါ​ ​စ​တင်​မိတ်​ ဆက်​ပေး​လိုက်​ပြီး​ Profile​​ ကို​ Update​​ လုပ်​ရာ​တွင်​ ​ယ​ခင်​ထက်​ ​လွယ်​ကူ​မြန်​ဆန်​လာ​မည်​ဖြစ်​သည်​။​ ​ထို့​အ​ပြင်​ ​သက်​ဆိုင်​ရာ​ Profile​ ​တွင်​ ​အ​နှစ်​သက်​ဆုံး​ ​သူငယ်​ချင်း​များ​ကို​ ဦး​စား​ပေး​ ​ဖော်​ပြ​နိုင်​သည့်​ ​လုပ်​ဆောင်​မှု​မျိုး​ပါ​ ​ထည့်​သွင်း​ ပေး​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​အ​သုံး​ပြု​သူ​ ​တစ်ဦး​က​ ​နောက်​ဆုံး​ Update​ ​တင်​လိုက်​သော​ ​ဓာတ်​ပုံမှာ​လည်း​ ​ထင်​ထင်​ရှား​ရှား​ ​ရှိ​နေ​မည်​ဖြစ်​သည်​။​ ​

က​မ္ဘာ​ပေါ်​တွင်​ ​လူ​သုံး​အ​များ​ဆုံး​အ​ဖြစ်​ ရပ်​တည်​နေ​သည့်​ Social​ Networking​ ​ဝက်​ဆိုက်​ ကြီး​သည်​ ​ယ​ခင်​က​ Link​မှ​တ​ဆင့်​သာ​ ​နောက်​ဆုံး​ Update​ ​ဓာတ်​ပုံ​များ​ကို​ ​ကြည့်​ရှု​နိုင်​မည့်​ ​ပုံ​စံ​ဟောင်း​အား​ ​စွန့်​ပယ်​လိုက်​သည်​။​ ​မိတ်​ဆွေ​သူငယ်​ချင်း​များ​၊​ ​မိ​သား​စု​ဝင်​များ​ကို​ ​ကန့်​သတ်​ထား​သော​ ​ပ​မာ​ဏ​ဖြင့်​ Highlight​ ​လုပ်​နိုင်​ခွင့်​ ကို​လည်း​ စ​တင်​လိုက်​သည်​။​ ​ထို့​အ​ပြင်​ Profile​ Page​​ နှင့်​ ​ပတ်​သက်​ပြီး​ ​ဒီ​ဇိုင်း​ပိုင်း​ ​အ​ပြောင်း​အ​လဲ​ ​ပြု​လုပ်​ခဲ့​ရာ​ ​စိတ်​ဝင်​စား​စ​ရာ​ ​ပို​ကောင်း​ပြီး​ ​ဆွဲ​ဆောင်​မှု​လည်း​ ​ပို​မို​မြင့်​မား​လာ​မည်​ဟု​ Facebook​​ က​ ​ကြေ​ညာ​ခဲ့​သည်​။​

ယ​ခု​လက်​ရှိ​တွင်​ ​အ​ဆို​ပါ​ ​ဝန်​ဆောင်​မှု​ကို​ ​သုံး​စွဲ​သူ​ ​အ​ရေ​အ​တွက်​ ​အ​ကန့်​အ​သတ်​ဖြင့်​သာ​ ​ဆောင်​ရွက်​နိုင်​သေး​ပြီး​ ​လာ​မည့်​နှစ်​ ​အ​စော​ပိုင်း​တွင်​ ​တစ်​က​မ္ဘာ​လုံး​ ​သုံး​စွဲ​နိုင်​မည်​ဟု​လည်း​ Facebook​ ​က​ ​က​တိ​ပြု​ ​ပြော​ဆို​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here