​အ​သီး​အ​ရွက်မျိုး​စုံ​​ ​စား​ခြင်း​ဖြင့်​​ ​ကင်​ဆာ​ရော​ဂါ​ကို​​ ​ကာ​ကွယ်​နိုင်​ဆို​မှု​​ ​အ​ထောက်​အ​ထား​မ​တွေ့​ရ

alt

နေ့​စဥ်​ ​ဟင်း​သီး​ဟင်း​ရွက်​နှင့်​ ​သစ်​သီး​ဝ​လံ​မျိုး​စုံ​ ​စား​ခြင်း​ဖြင့်​ ​ကင်​ဆာ​ကို​ ​ကာ​ကွယ်​နိုင်​သည်​ဟူ​သော​ ​အ​ထောက်​အ​ထား​မျိုး​ ​မ​တွေ့​ရ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ယ​ခင်​လေ့​လာ​မှု​များ​က​ ​အ​မျိုး​ အ​စား​ ​မ​တူ​သော​ ​အ​သီး​အ​နှံ​ ​၅​ ​မျိုး​ထက်​မ​နည်း​ ​နေ့​စဥ်​စား​သုံး​ပါ​က​ ​ကင်​ဆာ​ဖြစ်​နိုင်​ခြေ​ ​လျော့​နည်း​သွား​မည်​ဟု​ ​ယုံ​ကြည်​ထား​သော်​လည်း​ ​အောက်​စ​ဖို့​ ​တ​က္က​သိုလ်​တွင်​ ​ပြု​လုပ်​သော​ ​သု​တေ​သ​န​ ​ရ​လဒ်​များ​က​ ​ရင်​သား​ကင်​ဆာ​၊​ ​ဆီး​ ကြိတ်​ကင်​ဆာ​၊​ အူ​မ​ကြီး​ကင်​ဆာ​၊​ ​အ​ဆုတ်​ကင်​ဆာ​နှင့်​ ​အ​ခြား​သော​ ​ကင်​ဆာ​ရော​ဂါ​များ​ကို​ ​ကာ​ကွယ်​ပေး​နိုင်​သော​ ​အာ​နိ​သင်​မျိုး​ ​မ​ရှိ​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​

ဦး​ဆောင်​သု​တေ​သီ​ ​ပ​ရော်​ဖက်​ဆာ​ ​တင်​ကီး​က​ ​က​မ္ဘာ​အ​နှံ့​မှ​ ​လူ​ပေါင်း​ ​တစ်​သိန်း​ကျော်​၏​ ​နေ​ထိုင်​စား​သောက်​မှု​ ​ပုံ​စံ​များ​ကို​ ​လေ့​လာ​ပြီး​နောက်​ ​ယ​ခု​တွေ့​ရှိ​ချက်​ကို​ ​ဗြိ​တိန်​ထုတ်​ ​ကင်​ဆာ​ဆေး​ပ​ညာ​ ​ဂျာ​နယ်​တွင်​ ​ထည့်​သွင်း​ရေး​သား​ခဲ့​သည်​။​ ​ပ​ရော်​ဖက်​ဆာ​ကြီး​က​ ​အ​ဆုတ်​ကင်​ဆာ​ကဲ့​သို့​သော​ ​ ရော​ဂါ​မျိုး​သည်​ ​ဆေး​လိပ်​များ​များ​သောက်​လျင်​ ​ဖြစ်​နိုင်​ကြောင်း​၊​ ​အ​လွန်​အ​ကျွံ​ ​ဆေး​လိပ်​သောက်​သူများ​တွင်​ ​အ​သီး​အ​ရွက်​ ​များ​များ​စား​သူ​ရော​၊​ ​မ​စား​သူ​ပါ​ ​အ​ဆုတ်​ကင်​ဆာ​ ​ဖြစ်​နိုင်​ခြေ​ ​မြင့်​မား​နေ​မည်​သာ​ဖြစ်​ကြောင်း​ ​ဖော်​ပြ​ထား​ သည်​။​ ​

ယ​ခင်​က​ ​သု​တေ​သ​န​ ​ရ​လဒ်​အ​တော်​များ​များ​က​ ​အ​သီး​အ​နှံ​များ​ ​စား​သုံး​ခြင်း​သည်​ ​ကင်​ဆာ​ကို​ ​ဟန့်​တား​နိုင်​စွမ်း​ ​ရှိ​စေ​မည်​ဟု​ ​အ​စဥ်​တ​စိုက်​ ​ဖော်​ပြ​ခဲ့​သော်​လည်း​ ​ပ​ရော်​ဖက်​ဆာ​ကီး​က​ ယင်း​အ​ချက်​ကို​ ​ငြင်း​ပယ်​ခဲ့​သည်​။​ ၎င်း​က​ ​အ​သီး​အ​နှံ​များ​ကြောင့်​ ​ကင်​ဆာ​ကို​ ​ကာ​ကွယ်​နိုင်​သည့်​ ​ကိုယ်​ခံ​စွမ်း​ရည်​ ​မ​တက်​လာ​နိုင်​သော်​လည်း​ ​ကျန်း​မာ​ရေး​အ​တွက်​မူ​ ​ကောင်း​မွန်​သော​ သက်​ရောက်​မှု​များ​ ​ရှိ​နိုင်​ကြောင်း​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here