ဘ​ရာ​ဇီး​မြို့​တော်​ရှိ​​ ​မူး​ယစ်​မှောင်​ခို​များ​အား​​ ​ဖမ်း​ဆီး​နှိမ်​နင်း

alt

ဘ​ရာ​ဇီး​နိုင်ငံ​၊​​ ​ရီ​ယို​ဒီ​ဂျ​နေ​ရိုး​မြို့​ရှိ​​ ​ဆင်​ခြေ​ဖုံး​ ​ရပ်​ကွက်​တစ်​ခု​အ​တွင်း​​ ​အ​ခိုင်​အ​မာ​ ​စု​ဖွဲ့​ထား​သော​​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​ကို​ ​စစ်​တပ်​နှင့်​ ​ရဲ​များ​က​ ​အောင်​မြင်​စွာ​ ​ဖမ်း​ဆီး​လိုက်​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​

​၂၀၁၆​ ​ အို​လံ​ပစ်​ ​အား​က​စား​ပွဲ​တော်​ ​ကျင်း​ပ​မည့်​ ​မြို့​တော်​၏​ ​လုံ​ခြံု​ရေး​ကို​ ​တိုး​မြှင့်​ရန်​ ​ရည်​ရွယ်​ချက်​ဖြင့်​ ဆင်​ခြေ​ဖုံး​ ​ဒေ​သ​များ​ရှိ​ ​မူး​ယစ်​ရာ​ဇာ​များ​ကို​ ​ရှာ​ဖွေ​ဖမ်း​ဆီး​သွား​မည်​ဟု​ ​ဘ​ရာ​ဇီး​ ​အ​စိုး​ရ​က​ ​ကြေ​ညာ​သည်​။​ ​ရီ​ယို​မြို့​ ​ပြည်​သူ့​လုံ​ခြံု​ရေး​ဌာ​န​ ​ ဒါ​ရိုက်​တာ​ ​ဟို​ဆေး​ဘီ​ထ​ရာမီ​သည်​ ​လူ့​အ​ခွင့်​အ​ရေး​အ​ဖွဲ့​များ​က​ ​ကိုင်​တွယ်​ပုံ​ ​ကြမ်း​တမ်း​သည်​ဟု​ ​ဝေ​ဖန်​မှု​များ​ ​ကြံု​နေ​ရ​သော်​လည်း​ ​နို​ဝင်​ဘာ​ ​၂၈​ ​ရက်​နေ့​ ​အင်​အား​သုံး​ ​စီး​နင်း​မှု​ကို​ ​ကျေ​နပ်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ရ​ဟတ်​ယာဥ်​၊​ ​သံ​ချပ်​ကာ​ယာဥ်​များ​ ​အ​သုံး​ပြု​ကာ​ ​အ​ဆို​ပါ​ ​ရပ်​ကွက်​အား​ ​ပိတ်​ဆို့​စီး​နင်း​ခဲ့​ပြီး​နောက်​ ​မူး​ယစ်​မှောင်​ခို​ ​ဂိုဏ်း​ခေါင်း​ဆောင်​ ​တစ်ဦး​အ​ပါ​အ​ဝင်​ ​လူ​ ​၄၀​ ​ကျော်​ကို​ ​ဖမ်း​ဆီး​ရ​မိ​ခဲ့​သည်​။​ ​ရို​ဆင်​ဟာ​ ​ဒေ​သ​သည်​ ​ရီ​ယို​မြို့​ပြင်​တွင်​ ​တည်​ရှိ​ပြီး​ ​လက်​ တင်​အ​မေ​ရိ​က​၌​ ​အ​ကျယ်​ပြန့်​ဆုံး​ ​လူ​ဆင်း​ရဲ​ရပ်​ကွက်​ကြီး​လည်း​ဖြစ်​သည်​။​ ​

ဘ​ရာ​ဇီး​ ​သ​မ္မ​တ​ ​လူ​လာ​ဒါ​ဆေး​ဗား​က​ ​ဆင်း​ရဲ​နွမ်း​ပါး​သည့်​ ​ရပ်​ကွက်​များ​အ​တွင်း​ ​အ​ခြေ​ချ​ ​နေ​ရာ​ယူ​ထား​သည့်​ ​မူး​ယစ်​မှောင်​ခို​ဂိုဏ်း​များ​ကို​ ​ဆက်​လက်​ရှာ​ဖွေ​ ​ ဖော်​ထုတ်​သွား​မည်​ဟု​ ​သ​တိ​ပေး​ထား​သည်​။​ ​ယ​ခု​စီး​နင်း​မှု​အ​တွင်း​ ​ကို​ကင်း​ ကီ​လို​ဂ​ရမ်​ ​၂၀၀​ ​ကျော်​နှင့်​ ​ဆေး​ခြောက်​တန်​ချိန်​ ​၃၀​ ​ကျော်​တို့​ကို​ ​သိမ်း​ဆည်း​ရ​မိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ဘ​ရာ​ဇီး​သည်​ ​၂၀၁၄​ ​က​မ္ဘာ့​ဖ​လား​ ​ဘော​လုံး​ပြိုင်​ပွဲ​ ကို​လည်း​ ​အိမ်​ရှင်​အ​ဖြစ်​ ​လက်​ခံ​ကျင်း​ပ​သွား​မည်​ဖြစ်​ရာ​ ​နိုင်ငံ​၏​ ​လုံ​ခြံု​ရေး​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​ဆင့်​မြှင့်​တင်​မှု​များ​ ​ပြု​လုပ်​ရန်​ ​ဇောက်​ချ​ဆောင်​ရွက်​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here