အထီးကျန်ဖြစ်ခဲ့ရမှုအတွက် ဖခင်ဖြစ်သူအား ဆော်ဒီ အမျိုးသမီး တရားစွဲဆို

alt

ဆော်​ဒီ​အာ​ရေ​ဗျ​​ ​နိုင်ငံ​မှ​ ​အ​မျိုး​သ​မီး​တစ်ဦး​က​ ​သူ​မ​ဘ​ဝ​ကို​ ​အ​ထီး​ကျန်​ ​ရပ်​တည်​စေ​ခဲ့​မှု​အ​တွက်​ ​ဖ​ခင်​ဖြစ်​သူ​အား​ ​တ​ရား​စွဲ​ဆို​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​သက်​ ​၄၂​ ​နှစ်​အ​ရွယ်​ရှိ​ ​ခွဲ​စိတ်​ကု​ ​ဆ​ရာ​ဝန်​က​ ​ဖ​ခင်​ဖြစ်​သူ​သည်​

​သူ​မ​အား​ ​လက်​ထပ်​ရန်​ ​ကမ်း​လှမ်း​လာ​မှု​များ​ကို​ ​ငြင်း​ပယ်​ခဲ့​သ​လို​ ​သူ​မ​ရ​ရှိ​သ​မျှ​ ​ဝင်​ငွေ​အား​လုံး​ကို​ ​ယင်း​၏​ ​ဘဏ်​စာ​ရင်း​အ​တွင်း​ ​ထည့်​သွင်း​ခဲ့​ကြောင်း​ ​တ​ရား​ရုံး​တွင်​ ဦး​တိုက်​လျှောက်​ထား​ခဲ့​သည်​။​ ​ယ​ခု​လုပ်​ရပ်​သည်​ ​မွတ်​ဆ​လင်​ ​ဘာ​သာ​ရေး​အ​ရ​ ​အ​မျိုး​သား​များ​၏​ ​အ​ခန်း​ကဏ္ဍ​ကို​ ​အ​မျိုး​သ​မီး​များ​နှင့်​ ​ခွဲ​ခြား​မြှင့်​တင်​ထား​သည့်​ ​လူ့​အ​ဖွဲ့​အ​စည်း​တွင်​ ​ကြီး​မား​သော​ ​စိန်​ခေါ်​မှု​ ​တစ်​ခု​လည်း​ ​ဖြစ်​လာ​ခဲ့​သည်​။​

​ဆော်​ဒီ​မှ​ ​အ​မျိုး​သ​မီး​ရေး​ရာ​ ​လှုပ်​ရှား​သူ​ ​ဝက်​ဂျီ​ဟာ​ ​အယ်​ဟာ​ဝယ်​ဒါး​က​ အ​မျိုး​သား​ ​အ​ဓိ​က​ဝါ​ဒ​သည်​ ​ခေတ်​သစ်​ကျေး​ကျွန်​စ​နစ်​ ​တစ်​မျိုး​ဟု​ ​စွပ်​စွဲ​ခဲ့​သည်​။​ ​ဆော်​ဒီ​အ​မျိုး​သ​မီး​ ​တစ်ဦး​သည်​ ​အုပ်​ထိန်း​သူ​ ​မ​ပါ​ဘဲ​ ​ဖုန်း​တစ်​လုံး​ပင်​ ​ဝယ်​ခွင့်​မ​ရှိ​ဟု​ ​အယ်​ဟာ​ဝယ်​ဒါး​က​ဆို​သည်​။​ ​ယ​ခု​ကဲ့​သို့​ ​ဆ​ရာ​ဝန်​ ​အ​မျိုး​သ​မီး​တစ်ဦး​က​ ​တ​ရား​စွဲ​ဆို​မှု​မျိုး​ကို​ Adhl​​ အ​မှု​များ​ဟု​ ​ခေါ်​ဆို​ပြီး​ ​အ​လား​တူ​ ​ဖြစ်​ရပ်​မျိုး​ ​ဆော်​ဒီ​တွင်​ ​ရှစ်​သိန်း​မျှ​ ​ရှိ​နိုင်​မည်​ဟု​ ​ခန့်​မှန်း​ထား​သည်​။​ ​မွတ်​ဆ​လင်​ ဥ​ပ​ဒေ​အ​ရ​ ​အ​မျိုး​သ​မီး​တစ်ဦး​၏​ ​ရ​ပိုင်​ခွင့်​ကို​ ​အုပ်​ထိန်း​သူ​ ​အ​မျိုး​သား​ (​ဖ​ခင်​၊​ ​ခင်​ပွန်း​လင်)​က​ ​ချုပ်​ကိုင်​ခွင့်​ ​ရ​ယူ​ထား​ခြင်း​ကို​ ​တိုး​တက်​သော​ ​ဆော်​ဒီ​အ​မျိုး​သ​မီး​များ​က​ ​ဆန့်​ကျင်​လာ​ခဲ့​သည်​။​ မွတ်​ဆ​လင်​၏​ ​မြင့်​မြတ်​သော​ ​ကို​ရန်​ကျမ်း​စာ​တွင်​ ​ဖ​ခင်​နှင့်​ ​မောင်​ဖွား​များ​သည်​ ​ယင်း​တို့​၏​ ​သ​မီး​နှင့်​ ​နှ​မ​တို့​ကို​ ​ထိမ်း​မြား​လက်​ထပ်​မှု​မှ​ ​တား​မြစ်​ခွင့်​မ​ရှိ​ဟု​ ​ပ​ညတ်​ထား​သော်​လည်း​ ​ဆော်​ဒီ​လူ့​အ​ဖွဲ့​အ​စည်း​တွင်​ ​အ​ဆို​ပါ​ ​အ​ရှုပ်​အ​ထွေး​များ​ ​တည်​ရှိ​နေ​ဆဲ​ဖြစ်​သည်​။​ ​

ဆော်​ဒီ​အ​မျိုး​သ​မီး​ ​တစ်ဦး​သည်​ ​ဖ​ခင်​ဖြစ်​သူ​က​ ​လက်​ထပ်​ရန်​ ​တား​မြစ်​မှု​ကို​ ​က​လ​န်​က​ဆန်​ ​လုပ်​မိ​သ​ဖြင့်​ ​ထောင်​ ​၆​ ​လ​ ​ကျ​ခဲ့​ဖူး​သည်​။​ ​သို့​သော်​လည်း​ ​မီ​ဒီ​ယာ​ ​အ​သိုင်း​အ​ဝိုင်း​က​ ​ပြင်း​ပြင်း​ထန်​ထန်​ ​ဖိ​အား​ပေး​မှု​ကြောင့်​ ​လ​ပိုင်း​အ​ကြာ​တွင်​ ​ပြန်​လွတ်​မြောက်​လာ​ကြောင်း​ ​အ​မယ်​ဆာ​လာ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​သူ​မ​သည်​ ​ယ​ခု​အ​ခါ​ ​အ​သက်​ ​၃၇​ ​နှစ်​ ​ရှိ​ပြီ​ဖြစ်​ပြီး​ ​တစ်​ကိုယ်​တည်း​ဘ​ဝ​ဖြင့်​ ​ရပ်​တည်​နေ​ရ​ဆဲ​ဖြစ်​သည်​။​ ​ဆော်​ဒီ​အ​စိုး​ရ​သည်​ နိုင်ငံ​အ​တွင်း​ ​အ​မျိုး​သ​မီး​များ​၏​ ​ရ​ပိုင်​ခွင့်​ကို​ ​မြှင့်​တင်​ပေး​မည်​ဟု​ ​က​တိ​ပြု​ထား​သော်​လည်း​ ​လက်​တွေ့​တွင်​မူ​ ​တိုး​တက်​မှု​အား​နည်း​ကြောင်း​ ​ဝေ​ဖန်​မှု​များ​နှင့်​ ​ရင်​ဆိုင်​နေ​ရသည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here