သိရီလင်္ကာရဲစခန်းအား​ ဗုံးခွဲတိုက်ခိုက်

alt

သီရီလင်္ကာ​နိုင်ငံ​ရှိ​​ ​ရဲ​စ​ခန်း​တစ်​ခု​ကို​​ ​ဗုံး​ခွဲ​တိုက်​ခိုက်​ခဲ့​ရာ​​ ​အ​သေ​ခံ​ဗုံး​သ​မား​ ​သေ​ဆုံး​ပြီး​​ ​လူ​ ​၁၆​ ဦး​ ​ဒဏ်​ရာ​ရ​သွား​ကြောင်း​​ ​သိ​ရ​သည်​။​ ​နိုင်ငံ​အ​လယ်​ပိုင်း​တွင်​​ ​ဖြစ်​ပွား​ခဲ့​သော​ ​ပေါက်​ကွဲ​မှု​အ​တွင်း​ ​ဒဏ်​ရာ​ရ​ခဲ့​သူ​များ​မှာ​ ​အ​ရပ်​သား​ ​၂​ ဦး​နှင့်​

​ရဲ​ဝန်​ထမ်း​ ​၁၄​ ဦး​တို့​ဖြစ်​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​ ပ​ရစ်​ရှ​နက်​ ​ဂျာ​ယာ​ကို​ဒီ​က​ ​ပြော​ကြား​သွား​သည်​။​

​ဒီ​ဇင်​ဘာ​ ​၁​ ​ရက်​နေ့​က​ ​နူ​ဝါ​ရာ​အီ​လီ​ယာ​မြို့​ရှိ​ ​ရဲ​စ​ခန်း​သို့​ ​အ​ဆို​ပါ​ ​ဗုံး​သ​မား​က​ ​ဝင်​ရောက်​လာ​ကာ​ ​မိ​မိ​ကိုယ်​ကိုယ်​ ​ဖောက်​ခွဲ​လိုက်​ခြင်း​ဖြစ်​သည်​။​ ​ဂျာ​ယာ​ကို​ဒီ​က​ ​ထို​ဗုံး​သ​မား​ကို​ ​တ​ရား​မ​ဝင်​ ​မူး​ယစ်​ဆေး​ဝါး​များ​ ​သယ်​ဆောင်​လာ​စဥ်​ ​ဘတ်စ်​ကား​တစ်​စင်း​ပေါ်​ ​ဖမ်း​မိ​ခဲ့​ခြင်း​ဖြစ်​ပြီး​ ​ရဲ​စ​ခန်း​သို့​ ​ခေါ်​ဆောင်​လာ​ပြီး​နောက်​ ​ယ​ခု​လို​ ​အ​သေ​ခံ​ ​ဖောက်​ခွဲ​သွား​ခြင်း​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ရဲ​စ​ခန်း​သို့​ရောက်​သည့်​အ​ခါ​ ​လက်​ပစ်​ဗုံး​ကို​ထုတ်​ပြီး​ ​ဖောက်​ခွဲ​မည်​ဟု​ ​ခြိမ်း​ခြောက်​ကာ​ ​ထွက်​ပြေး​ခဲ့​ကြောင်း​၊​ ​ဂိတ်​စောင့်​ရဲ​များ​က​ ​တား​ဆီး​ရန်​ ​ကြိုး​ပမ်း​ချိန်​တွင်​ ​ဖောက်​ခွဲ​လိုက်​ခြင်း​ဖြစ်​ကြောင်း​ ​ဂျာ​ယာ​ကို​ဒီ​က​ဆို​သည်​။​ ​ပေါက်​ကွဲ​မှု​အ​တွင်း​ ​ဒဏ်​ရာ​ရ​ရှိ​ခဲ့​သူ​များ​ကို​ ​အ​နီး​ဆုံး​ ​ဆေး​ရုံ​သို့​ ​တင်​ပို့​ထား​ပြီး​ ​အ​ချို့​မှာ​ ​အ​ခြေ​အ​နေ​ ​ဆိုး​ရွား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here