အီ​ရန်​နျူ​က​လီး​ယား​ပ​ညာ​ရှင်​​ ​စ​နစ်​တ​ကျ​​ ​လုပ်​ကြံ​သတ်​ဖြတ်​ခံ​ရ

alt

အီ​ရန်​နိုင်ငံ​မှ​​ ​နျူ​က​လီး​ယား​ ​ပ​ညာ​ရှင်​တစ်ဦး​မှာ​​ ​စ​နစ်​တ​ကျ​ ​လုပ်​ကြံ​မှု​တစ်​ခု​ကြောင့်​​ ​သေ​ဆုံး​သွား​ကြောင်း​​ ​သိ​ရ​သည်​။​ ​နို​ဝင်​ဘာ​​ ​၂၉​ ​ရက်​နေ့​က​ ​တ​ဟီ​ရန်​မြို့​တော်​ ​လမ်း​မတစ်​ခု​တွင်​ ​ရုံး​သို့​အ​သွား​ ​ဒေါက်​တာ​မက်​ဂျ်​ရှာ​ဟီ​ရာ​ရီ​မှာ​ ​ဗုံး​ခွဲ​သတ်​ဖြတ်​ခြင်း​ ​ခံ​ခဲ့​ရ​သည်​။

​ ၎င်း​သည်​ ​ကား​ကို​ ​ရုံး​သို့ဦး​တည်​ ​မောင်း​နှင်​နေ​စဥ်​ ​ဆိုင်​ကယ်​သ​မား​ ​တစ်ဦး​က​ ​ကား​အ​ပြင်​ဖက်​ ​မှန်​တံ​ခါး​တွင်​ ​ဗုံး​ကို​ကပ်​သွား​ပြီး​ ​အ​ပြင်း​မောင်း​ထွက်​သွား​ခဲ့​သည်​။​ ​ထို​နေ့​က​ ​အီ​ရန်​နျူ​က​လီး​ယား​ ​ပ​ညာ​ရှင်​ ​အ​တော်​များ​များ​မှာ​ ​မြို့​ထံ​တွင်​ ​အ​လား​တူ​ ​လုပ်​ကြံ​မှု​မျိုး​ ​ကြံု​ခဲ့​ရ​ပြီး​ ​ဒေါက်​တာ​ရှာ​ဟီ​ရာ​ရီ​မှာ​ ​ကံ​ဆိုး​သွား​ခြင်း​ဖြစ်​သည်​။​ ​ကား​ထဲ​တွင်​ ၎င်း​နှင့်​အ​တူ​ ​လိုက်​ပါ​လာ​သည့်​ ​ဇ​နီး​သည်​မှာ​မူ​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​သွား​သည်​။​ ​

အ​ခြား​သော​ ​လုပ်​ကြံ​မှု​ ​တ​စ်​ခု​အ​တွင်း​ ​နျူ​က​လီး​ယား​ ​ရူ​ပ​ေ​ဗ​ဒ​ ​ပ​ညာ​ရှင်​ ​ဒေါက်​တာ​ဖာ​ရီ​ဒွန်​ ​အာ​ဘက်​ဆီ​မှာ​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​သွား​ပြီး​ ​ဇ​နီး​ဖြစ်​သူ​လည်း​ ​ထိ​ခိုက်​မိ​ခဲ့​ကြောင်း​ ​သိ​ရသည်​။​ အီ​ရန်​နျူ​က​လီး​ယား​ဌာ​န​ ​အ​ကြီး​အ​ကဲ​ ​ဒေါက်​တာ​အ​လီ​ ​အက်​က​ဘာ​ ​ဆာ​လီ​ဟီ​က​ ​ပ​ညာ​ရှင်​များ​အား​ ​ပစ်​မှတ်​ထား​ ​လုပ်​ကြံ​မှု​ ​သ​တင်း​ကို​ ​အ​တည်​ပြု​ခဲ့​ပြီး​ ​အ​စိုး​ရ​ ​သ​တင်း​ဌာ​န​များ​က​မူ​ ​ယင်း​ဆောင်​ရွက်​ချက်​သည်​ ​အ​စ္စ​ရေး​တို့​ ​လက်​ချက်​ဖြစ်​ကြောင်း​ ​စွပ်​စွဲ​ခဲ့​သည်​။

​ ​ပြီး​ခဲ့​သည့်​ ​နှစ်​ပိုင်း​များ​အ​တွင်း​ ​အီ​ရန်​၏​ ​ထိပ်​သီး​နျူ​က​လီး​ယား​ ​ပ​ညာ​ရှင်​ ​အ​နည်း​ဆုံး​ ​၂​ ဦး​မျှ​ ​လုပ်​ကြံ​ခံ​ခဲ့​ရ​သည်​။​ ​အီ​ရန်​အ​စိုး​ရ​သည်​ ​ယ​ခု​ကဲ့​သို့​ ​လုပ်​ကြံ​မှု​များ​အ​တွင်း​ ​အ​မေ​ရိ​ကန်​နှင့်​ ​အ​နောက်​အုပ်​စု​က​ ​ကျော​ထောက်​နောက်​ခံ​ ​ပြု​လုပ်​မှု​များ​ ​ပါ​ဝင်​နေ​ကြောင်း​ ​စွပ်​စွဲ​ထား​သည်​။​ ​ဆေး​ရုံ​တွင်​ ​ဒေါက်​တာ​အာ​ဘက်​ဆီ​နှင့်​ ​သွား​ရောက်​တွေ့​ဆုံ​ခဲ့​သော​ IRNA​ ​သ​တင်း​ဌာ​န​က​ “​မီး​နှင့်​မ​က​စား​ပါ​နှင့်​။​ ​အီ​ရန်​၏​ ​သည်း​ခံ​မှု​သည်​ ​အ​တိုင်း​အ​တာ​ရှိ​သည်​။​ ​အ​ကယ်၍​ ​သည်း​ခံ​နိုင်​မှု​ ​ကုန်​ဆုံး​သွား​ပါ​က​ ​ရန်​သူ​များ​အ​တွက်​ ​အ​ဆိုး​ဆုံး​များ​ ​ဖြစ်​လာ​လိမ့်​မည်”​ဟု​ ​ပ​ညာ​ရှင်​၏​ ​အ​ဆို​ကို​ ​ကိုး​ကား​ပြီး​ ​ဖော်​ပြ​ခဲ့​သည်​။​

​အီ​ရန်​၏​ ​ဒု​တိ​ယ​ ​သ​မ္မ​တ​တစ်ဦး​လည်း​ဖြစ်​သည့်​ ​ဒေါက်​တာ​ဆာ​လီ​ဟီ​က​ ​ယင်း​ဖောက်​ခွဲ​လုပ်​ကြံ​မှု​များ​သည်​ ​အ​စ္စ​ရေး​၊​ ​အ​မေ​ရိ​ကန်​တို့​နှင့်​ ​မ​ဖြစ်​မ​နေ​ ​ဆက်​စပ်​နေ​လိမ့်​မည်​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​အီ​ရန်​သည်​ ​နျူ​က​လီး​ယား​ကို​ ​စွမ်း​အင်​ကဏ္ဍ​အ​တွက်​ ​အ​သုံး​ချ​ရန်​သာ​ ​ရည်​ရွယ်​ကြောင်း​ ​တွင်​တွင်​ပြော​ဆို​နေ​သည့်​တိုင်​ ​က​မ္ဘာ့​နိုင်ငံ​ ​အ​များ​စု​က​ ​ယင်း​လုပ်​ဆောင်​ချက်​သည်​ လက်​နက်​များ​ ​ထုတ်​လုပ်​ရေး​အ​တွက်​ ​အ​ဓိ​က​ ​ရည်​ရွယ်​ထား​ကြောင်း​ ​ယုံ​ကြည်​နေ​ကြ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here