ဗင်နီဇွဲလားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်​ အနည်းဆုံး ၂၃ ဦးသေဆုံး

alt

ဗင်​နီ​ဇွဲ​လား​​ ​နိုင်ငံ​တွင်​ ​သည်း​ထန်​စွာ​​ ​မိုး​ရွာ​သွန်း​မှု​များ​​ ​ဖြစ်​ပွား​ရာ​ ​အ​နည်း​ဆုံး​​ ​လူ​ ​၂၃​ ဦး​မျှ​ ​သေ​ဆုံး​သွား​ကြောင်း​​ ​သိ​ရ​သည်​။​ ​နိုင်ငံ​မြို​က​တော်​​ ​ကာ​ရာ​ကက်​တွင်​ ​ရွာ​သွန်း​သော​မိုး​ကြောင့်​ ​အိမ်​များ​ပြို​ကျ​ခဲ့​သ​လို​ ​ရေ​ကြီး​မှု​များ​လည်း​ ​ဖြစ်​ပေါ်​ခဲ့​သည်​။​

​နေ့​စဥ်​ရက်​ဆက်​ ​ရွာ​သွန်း​သော​မိုး​ကြောင့်​ ​နို​ဝင်​ဘာ​ ​၃၀​ ​ရက်​နေ့​က​ ​ဗင်​နီ​ဇွဲ​လား​ ​အစိုး​ရ​သည်​ ​ရာ​သီဥ​တု​ဆိုင်​ရာ​ ​အ​ရေး​ပေါ်​ ​ကြေ​ညာ​ချက်​ကို​ ​ထုတ်​ပြန်​ခဲ့​ရ​သည်​။​ ​ဗင်​နီ​ဇွဲ​လား​ ​ဒု​တိ​ယ​သ​မ္မ​တ​ ​အဲ​လက်​ဂျော်​အာ​က​ ​အ​ရေး​ပေါ်​ ​အ​ခြေ​အ​နေ​ ​ကြေ​ညာ​ချက်​ကို​ ​ရုပ်​မြင်​သံ​ကြား​မှ​ ​ထုတ်​ပြန်​ခဲ့​သည်​။​ ​မိုး​သည်း​ထန်​မှု​ကြောင့်​ ​လူ​ပေါင်း​ ​၅၆၀၀၀​ ​ကျော်​တို့​မှာ​ ​အိုး​အိမ်​နှင့်​ ​ပိုင်​ဆိုင်​မှု​များ​ ​ထိ​ခိုက်​ပျက်​စီး​မှု​ ​ကြံု​ခဲ့​ရ​သည်​။​

​ဒု​တိ​ယ​သ​မ္မ​တ​က​ ​လက်​ရှိ​အ​ခြေ​အ​နေ​အ​ရ​ ​တ​က္က​သိုလ်​၊​ ​ကောလိပ်​များ​၊​ ​ကျောင်း​များ​နှင့်​ ​ပု​ဂ္ဂ​လိ​က​ ​ပ​ညာ​ရေး​ဌာ​န​များ​ ​အား​လုံး​ကို​ပါ​ ​ပိတ်​ထား​ရန်​လည်း​ ​အ​မိန့်​ထုတ်​ခဲ့​သည်​။​ ​

ဗင်​နီ​ဇွဲ​လား​ ​စစ်​တပ်​သည်​ ​မိုး​သည်း​ထန်​ရာ​ ​ဒေ​သ​များ​သို့​ ​ရွက်​ဖျင်​တဲ​နှင့်​ ​ရိ​က္ခာ​များ​ ​ပေး​ပို့​ခဲ့​သ​လို​ ​ကယ်​ဆယ်​ရေး​ ​လုပ်ငန်း​များ​လည်း​ ကူ​ညီ​ဆောင်​ရွက်​ပေး​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here