ဂျပန်ငါးပြတိုက်၏ ထူးထူးခြားခြား ငါးရှဉ့် ခရစ္စမတ်သစ်ပင်

alt

ဂျ​ပန်​နိုင်ငံ​ရှိ​ ငါး​ပြ​တိုက်​တစ်​ခု​တွင်​​ ​သ​ဘာ​ဝ​ပတ်​ဝန်း​ကျင်​​ ​ထိန်း​သိမ်း​ရေး​ ​နည်း​လမ်း​တစ်​ခု​ကို​​ ​စိတ်​ကူး​ကြံ​ဆ​ကာ​ ​ခ​ရ​စ္စ​မတ်​​ ​သစ်​ပင်​တစ်​ခု​ကို​ ​ဖန်​တီး​ထား​ကြောင်း​​ ​သိ​ရ​သည်​။​ ​

ပင်​ကိုယ်​ဗီ​ဇ​အား​ဖြင့်​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ ​လျှပ်​စစ်​စွမ်း​အား​ကို​ ​သို​လှောင်​သိမ်း​ဆည်း​ထား​သော​ ​လျှပ်​စစ်ငါး​ရှှဥ့်​ ​တစ်​ကောင်​ကို​ ​အ​သုံး​ပြု​ကာ​ ​ခ​ရ​စ္စ​မတ်​ ​ထင်း​ရှူး​ပင်​ကို​ ​အ​လှ​ဆင်​ထား​ခြင်း​ဖြစ်​သည်​။​ ​ရေ​ထဲ​ရှိ​ ​အ​ရုပ်​ဆိုး​ဆိုး​ ငါး​ရှဥ့်​က​ ​လှုပ်​ရှား​လိုက်​တိုင်း​ ​ထွက်​ပေါ်​လာ​သော​ ​လျှပ်​စစ်​ဓာတ်​သည်​ အ​လျူ​မီ​နီ​ယမ်​ ဆက်​တန်း​နှစ်​ခု​မှ​တ​ဆင့်​ ​သစ်​ပင်​တွင်​ ​အ​လှ​ဆင်​ ​ချိတ်​ဆွဲ​ထား​သော​ ​မီး​ကြိုး​များ​ကို​ ​ထွန်း​လင်း​လာ​အောင်​ ​လုံ​လုံ​လောက်​လောက်​ ​စွမ်း​ဆောင်​ပေး​နိုင်​မည်​ဖြစ်​သည်​။​

 ငါး​ပြ​တိုက်​သို့​ ​လာ​ရောက်​လည်​ပတ်​သူ​ ​တစ်ဦး​ဖြစ်​သော​ ​ဆွမ်​လီ​ချီ​ဘာ​က​ ​သူ​မ​သည်​ ​ထို​စိတ်​ကူး​ကို​ ​အ​လွန်​သ​ဘော​ကျ​ကြောင်း​၊​ ​သို့​သော်​လည်း​ ​လျှပ်​စစ်ငါး​ရှဥ့်​များ​ကို​ ​အ​သုံး​ပြု​ပြီး​ ​အိမ်​သုံး​ပ​စ္စည်းများ​အ​တွက်​ ​စွမ်း​အင်​ရ​ရှိ​ရန်​ ​ကိ​စ္စ​သည်​ ​စိတ်​ကူး​သတ်​သတ်​သာ​ ​ဟုတ်​မ​ဟုတ်​ ​မေး​ခွန်း​ထုတ်ရန်​လို​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​ယ​ခု​လုပ်​ဆောင်​ချက်​သည်​ ​သ​ဘာ​၀ဝန်း​ကျင်​ ​ထိန်း​သိမ်း​ရေး​ ​နည်း​ပ​ညာ​ကောင်း​ ​တစ်​ခု​အ​ဖြစ်​ ​သူ​မ​က​ ​မှတ်​ချက်​ပြု​ခဲ့​သည်​။​ ​

တို​ကျို​မြို့​ ​တောင်​ပိုင်း​ရှိ​ ​ကာ​မာ​ကူ​ရာ​တွင်​ ​တည်​ရှိ​သော​ ငါး​ပြ​တိုက်​သည်​ ​လွန်​ခဲ့​သော​ ​၅​ ​နှစ်​က​တည်း​က​ ​လျှပ်​စစ်ငါး​ရှဥ့်​များ​ကို​ ​အ​သုံး​ပြု​ပြီး​ ​စွမ်း​အင်​အ​ဖြစ်​ ​ပြောင်း​လဲ​အ​သုံး​ချ​မှု​များ​ကို​ ​ပြ​သ​ခဲ့​သည်​။​ ​ယ​ခု​လည်း​ ​လျှပ်​စစ်ငါး​ရှဥ့်​ဖြင့်​ ​အ​လှ​ဆင်​ထား​သော​ ​ထင်း​ရှူး​ပင်​ကို​ ​ခ​ရ​စ္စ​မတ်​ ​ကာ​လ​အ​ထိ​ ​ထား​ရှိ​သွား​မည်​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here