အီရန်ဘောလုံးသမားဟောင်း၏ တိတ်တိတ်ပုန်းမယား လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရ

alt

အီ​ရန်​တ​ရား​ရုံး​တစ်​ခု​က​​ ​ဘော​လုံး​သ​မား​ဟောင်း​​ ​တစ်ဦး​၏​ ​တိတ်​တိတ်​ပုန်း​မ​ယား​ကို​​ ​လူ​သတ်​မှု​ဖြင့်​ ​ကြိုး​ဒဏ်​ချ​မှတ်​လိုက်​ကြောင်း​​ ​သိ​ရ​သည်​။​ ​အ​ဆို​ပါ​​ ​အ​မျိုး​သ​မီး​သည်​ ​သူ​မ​၏​ အ​ချစ်​ရေး​ပြိုင်​ဖက်​ကို​​ ​သတ်​ဖြတ်​မှု​ ဖြင့်​ ​တ​ရား​စွဲ​ဆို​ခြင်း​ ​ခံ​ထား​ရ​သည်​။​

​ရှန်​လာ​ဂျာ​ဟက်​ကို​ ​ဒီ​ဇင်​ဘာ​ ​၁​ ​ရက်​နေ့​ ​အာ​ရုံဦး​တွင်​ ​ကြိုး​ပေး​လိုက်​ပြီ​ဟု​ IRNA​သ​တင်း​ဌာ​န​က​ ​ကြေ​ညာ​သည်​။​ ​သူ​မ​သည်​ ​ချစ်​သူ​ဟောင်း​ ​ဘော​လုံး​သ​မား​ ​နက်​ဆာ​မို​ဟာ​မက်​ခန်​နီ​၏​ ​ဇ​နီး​အား​ ​ ဓား​ဖြင့်​ထိုး​သတ်​မှု​အ​တွက်​ ​ထောင်​ဒဏ်​ ​၈​ ​နှစ်​ ​ကျ​ခံ​ခဲ့​ရ​ပြီး​ဖြစ်​သည်​။​ ​လာ​လယ်​ဆာ​ဟာ​ခီ​ဇန်​အား​ ​သတ်​ဖြတ်​မှု​ဖြင့်​ ​ဂျာ​ဟက်​ဒီ​ကို​ ​၂၀၀၂​ ​ခု​နှစ်​က​ ​စွဲ​ချက်​တင်​ခဲ့​ပြီး​နောက်​ ​ထောင်​ဒဏ်​ရော​၊​ ​သေ​ဒဏ်​ပါ​ ​ချ​မှတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​

၂၀၀၉​ ​ ခု​နှစ်​က​ ​သူ​မ​အ​နေ​နှင့်​ ​အ​ယူ​ခံ​ ​တင်​သွင်း​ခဲ့​သော်​လည်း​ ​ပယ်​ချ​ခံ​ခဲ့​ရ​သည်​။​ ​အီ​ရန်​တွင်​ ​အ​မျိုး​သား​များ​သည်​ ​လက်​မ​ထပ်​ဘဲ​ ​အ​ပျော်​မ​ယား​ ​ယူ​ခွင့်​ကို​ ​တ​ရား​ဝင်​ ​ခွင့်​ပြု​ထား​သည်​။​ ​သို့​သော်​လည်း​ ​အ​ပျော်​မ​ယား​က​ ​တ​ရား​ဝင်​မ​ယား​အား​ ​ သတ်​ဖြတ်​မှု​အ​တွက်​ကို​မူ​ ​မွတ်​ဆ​လင်​ဘာ​သာ​ရေး​ ​စည်း​မျဥ်း​အ​ရ​ ​ယ​ခု​လို​ ​သေ​ဒဏ်​ထိ​ ​ပြင်း​ပြင်း​ထန်​ထန်​ ​အ​ပြစ်​ပေး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​အ​သက်​ ​၄၀​ ​အ​ရွယ်​ ​ဂျာ​ဟက်​ဒီ​သည်​ ​ကြိုး​ဒဏ်​ကို​ ​မ​ခံ​ယူ​မီ​ ​ငြင်​ငြင်​သာ​သာ​ပင်​ ​ဝတ်​ပြု​ဆု​တောင်း​ခဲ့​ သော်​လည်း​ ​ကြိုး​စင်​ပေါ်​ ​တက်​ချိန်​တွင်​မူ​ ​မျက်​ရည်​များ​ ​ကျ​ဆင်း​ကာ​ ​ရှိုက်​ကြီး​တငင်​ ငို​ကြွေး​ခဲ့​ကြောင်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။​ ​သေ​ဆုံး​သူ​ ​ဆာ​ဟာ​ခီ​ဇန်​၏​ ​သား​ဖြစ်​သူ​က​ ​သူ​မ​၏​ ​ခြေ​ထောက်​အောက်​မှ​ ​ထိုင်​ခုံ​ကို​ ​ကိုယ်​တိုင်​ဆွဲ​ ဖြုတ်​ကာ​ ​သေ​ဒဏ်​ကို​ ​စီ​ရင်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ယ​ခု​ကိ​စ္စ​အ​တွက်​ ​အီ​ရန်​တ​ရား​ရေး​ဌာ​န​ကို​ ​လူ့​အ​ခွင့်​အ​ရေး​ ​လှုပ်​ရှား​သူ​များ​က​ ​ပြင်း​ပြင်း​ထန်​ထန်​ ​ဝေ​ဖန်​ခဲ့​ကြ​သည်​။

​​ ​နိုင်ငံ​တ​ကာ​ ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ ​လှုပ်​ရှား​သူ​များ​အ​သင်း​ ​အ​ပါ​အ​ဝင်​ ​လူ့​အ​ခွင့်​အ​ရေး​ ​အ​ဖွဲ့​များ​သည်​ ​ဂျာ​ဟက်​ဒီ​၏​ ​ပြစ်​ဒဏ်​ကို​ ​ဆိုင်းငံ့​နိုင်​ရန်​ ​ကြိုး​ပမ်း​ခဲ့​သေး​​သော်​လည်း​ ​အ​ရာ​မ​ထင်​ခဲ့​ချေ​။​ အီ​ရန်​သည်​ ​မွတ်​ဆ​လင်​ ​ဘာ​သာ​ရေး​ ​ထုံး​တမ်း​အ​ရ​ ဥ​ပ​ဒေ​များ​ ​သတ်​မှတ်​ထား​ပြီး​ ​လူ​သတ်​မှု​၊​ ​မု​ဒိမ်း​မှု​၊​ ​ပြန်​ပေး​မှု​ နှင့်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​မှု​များ​တွင်​ ​သေ​ဒဏ်​ထိ​ ​အ​ပြစ်​ပေး​လေ့​ရှိ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here