ဥရောပအနောက်ပိုင်းတွင် ပြင်းထန်သည့် ဆောင်းရာသီနှင့် ကြုံတွေ့နေရ

alt

ဥ​ရော​ပ​တိုက်​​ ​အ​နောက်​ပိုင်း​တွင်​​ ​ပြင်း​ထန်​သော​ ​ဆောင်း​ရာ​သီ​နှင့်​​ ​ကြံု​တွေ့​လျက်​ရှိ​သည်​။​ ​အေး​ခဲ​သော​ ​ရာ​သီဥ​တု​နှင့်​ ​ထူ​ထပ်​စွာ​ ​ကျ​ဆင်း​နေ​သော​ ​နှင်း​များ​ကြောင့်​ ​နိုင်ငံ​အ​တော်များ​များ​တွင်​ ​အ​ပူ​ချိန်​ ​ဆိုး​ဆိုး​ ရွား​ရွား​ ​ကျ​ဆင်း​လျက်​ရှိ​သည်​။​

​ဗြိ​တိန်​နိုင်ငံ​၊​ ​ဒေ​သ​အ​တော်​များ​များ​တွင်​ ​နှင်း​များ​ ​ကျ​ဆင်း​နေ​သ​လို​ ​အေး​ခဲ​မှု​သည်​ ​နောက်​ထပ်​ ​သီ​တင်း​ပါတ်​ ​အ​တော်​များ​များ​ ​ဆက်​ရှိ​နေ​မည်​ဟု​ ​ခန့်​မှန်း​ထား​သည်​။​ ​ဗြိ​တိန်​ရှိ​ ​လမ်း​မ​များ​တွင်​ ​ရေ​ခဲ​ များ​ကြောင့်​ ​သွား​လာ​ရေး​ ​ခက်​ခဲ​နေ​သ​လို​ ​ည​ပိုင်း​တွင်​ ​နှင်း​အ​ထူ​သည်​ ​၆​ ​လက်​မ​ထိ​ ​မြင့်​တက်​အောင်​ ​ကျ​ဆင်း​ခဲ့​ကြေင်း​ ​သိ​ရ​သည်​။​ ​စ​ပိန်​နှင့်​ ​ပေါ်​တူ​ဂီ​တို့​တွင်​လည်း​ ​ရေ​ခဲ​သည်​အ​ထိ​အေး​သော​ ​ရာ​သီဥ​တု​နှင့်​ ​တွေ့​ကြံု​နေ​ရ​သည်​။​

​ပျမ်း​မျှ​အ​ပူ​ချိန်​သည်​ ​အ​ချို့​နေ​ရာ​များ​တွင်​ ​အ​နုတ်​ ​၁၀​ ​ဒီ​ဂ​ရီ​ ​ဆဲ​ဆီး​ရပ်​အ​ထိ​ ​ကျ​ဆင်း​သွား​သည်​။​ ​ပြင်း​ထန်​သော​ ​ရာ​သီဥ​တု​ကြောင့်​ ​လူ​အ​တော်​များ​များ​မှာ​ ​အိမ်​ထဲ​မှ​ ​အိမ်​ပြင်​သို့​ ​မ​ထွက်​ကြ​​ချေ​။​ ​ပေါ်​တူ​ဂီ​ ​မိုး​လေ​ဝ​သ​ဌာ​န​က​ ​မိုး​သည်း​ထန်​ပြီး​ ​ဆီး​နှင်း​ကျ​ဆင်း​မှု​များ​ ​ဆက်​လက်​ဖြစ်​ပေါ်​နိုင်​ကြောင်း​ ​ခန့်​မှန်း​ထား​သည်​။​

​ဂျာ​မ​နီ​တွင်​လည်း​ ​အ​လား​တူ​ ​ရာ​သီဥ​တု​မျိုး​ ကြံု​နေ​ရ​ပြီး​ ​ဖ​ရန့်​ဖတ်​တွင်​ ​ဒီ​ဇင်​ဘာ​ ​၁​ ​ရက်​နေ့​က​ ​၂​ ​ရက်​ဆက်​တိုက်​ ​လေ​ကြောင်း​ခ​ရီး​စဥ်​ ​ဖျက်​သိမ်း​မှု​အ​ဖြစ်​ ​ခ​ရီး​စဥ်​ ​၁၂၀​ ​ခန့်​ကို​ ​ပယ်​ဖျက်​လိုက်​ရ​သည်​။​ ရ​ထား​လမ်း​များ​တွင်​လည်း​ ​ရေ​ခဲ​ဖုံး​လွှမ်း​နေ၍​ ​သွား​ရေး​လာ​ရေး​ ​ခက်​ခဲ​လျက်​ရှိ​သည်​။​ ​ယ​ခု​နှစ်​တွင်​ ဥ​ရော​ပ​ ​အ​နောက်​ပိုင်း​ ​ဒေ​သ​အ​တွင်း​ ​ဆောင်းဥ​တု​ ​အ​ဝင်​စော​လာ​ပြီး​ ​လက်​တ​လော​တွင်​ ​လျော့​ကျ​သွား​မည့်​ ​အ​ရိပ်​အ​ယောင်​ ​မ​ရှိ​သေး​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here