ပါပူအာနယူးဂီနီတွင် ငလျင်လှုပ်ခတ်

alt

ပါ​ပူ​အာ​ ​န​ယူး​ဂီ​နီ​တွင်​ င​လျင်​ကြီး​တစ်​ခု​ ​လှုပ်​ခတ်​သွား​ကြောင်း​​ ​သိ​ရ​သည်​။​ ​အင်​ဒို​နီး​ရှား​ ​နိုင်ငံ​၏​ ​ေ​ဒ​သ​တစ်​ခု​ဖြစ်​သော​ ​ပါ​ပူ​အာ​ ​န​ယူး​ဂီ​နီ​တွင်​ ဒီ​ဇင်​ဘာ​ ​၂​ ​ရက်​နေ့​ ​နံ​နက်​ပိုင်း​က​ ​အင်​အား​ပြင်း​ထန်​သော​ ​လှုပ်​ခတ်​ မှု​ကို​ ခံ​စား​ခဲ့​ကြ​ရ​သည်​။​

​အ​မေ​ရိ​ကန်​ င​လျင်​နှင့်​ ​မီး​တောင်​တိုင်း​တာ​ရေး​ ​ဌာ​န​က​ ​အ​ဆို​ပါ​ င​လျင်​၏​ ​ပြင်း​အား​သည်​ ​အ​ဆင့်​ ​၆.​၉​ ​ရှိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ င​လျင်​သည်​ ​ပင်​လယ်​ကြမ်း​ပြင်​အောက်​ ​မိုင်​ ​၂၀​ ​ခန့်​ကို​ ​ဗ​ဟို​ပြု​ ​လှုပ်​ရှား​ သွား​ခြင်း​ဟု​ဆို​သည်​။​ ​အ​ဆို​ပါ​ င​လျင်​သည်​ ​မြို့​တော်​မို​ရက်စ်​ဘီ​တည်​ရှိ​ရာ​ ​အ​ရှေ့​မြောက်​ပိုင်း​နှင့်​ ​ကျွန်း​ဒေ​သ​ကြီး​ ​တစ်​ခု​ဖြစ်​သည့်​ ​န​ယူး​ဗြိ​တိန်​တို့​ကို​ ​သက်​ရောက်​မှု​ ​ရှိ​စေ​ခဲ့​သည်​။​

​ပါ​ပူ​အာ​ ​န​ယူး​ဂီ​နီ​သည်​ ​ရေ​အောက်​မီး​တောင်​များ​နှင့်​ င​လျင်​ကြော​များ​ ​ထူ​ထပ်​ယှက်​နွယ်​ ​တည်​ရှိ​နေ​သည့်​ ​ပ​စိ​ဖိတ်​ ​မီး​ကွင်း​ဒေ​သ​ခေါ်​ ​သ​မု​ဒ္ဒ​ရာ​အောက်​ခြေ​ ​မီး​တောင်​ရပ်​ဝန်း​တွင်း​ ​ကျ​ရော​က်​နေ​သည့်​ ​အင်​ဒို​နီး​ရှား​၊​ ​န​ယူး​ဇီ​လန်​တို့​နှင့်​ ​ဆက်​စပ်​တည်​ရှိ​နေ​သော​ ​နိုင်ငံ​လည်း​ဖြစ်​ကြောင်း​ ​သိ​ ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here