ဗီယက်နမ်အိမ်ရှင်မ အများစု ခင်ပွန်းသည်၏ အကြမ်းဖက်မှု ကြုံနေရ

alt

ဗီ​ယက်​နမ်​နိုင်ငံ​ရှိ​ ​အိမ်​ထောင်​ရှင်​မ​ ​အ​များ​စု​သည်​ ​စိတ်​ပိုင်း​၊​ ​ရုပ်​ပိုင်း​နှင့်​ ​လိင်​မှု​ဆိုင်​ရာ​ ​အ​ကြမ်း​ဖက်​မှု​များ​ ​ကြံု​နေ​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​ဗီ​ယက်​နမ်​ ​အ​စိုး​ရ​နှင့်​ ​ကု​လ​သ​မ​ဂ္ဂ​တို့​ ​ပူး​ပေါင်း​လေ့​လာ​ခဲ့​သည့်​ ​စစ်​တမ်း​က​ ​ ဗီ​ယက်နမ်​ ​အိမ်​ထောင်​ရှင်​မ​ ​၃​ ဦး​လျင်​ ​၁​ ဦး​မျှ​သည်​ ​

ခင်​ပွန်း​သည်​၏​ ​စိတ်​ပိုင်း​နှင့်​ ​ရုပ်​ပိုင်း​ဆိုင်​ရာ​ ​ဖိ​နှိပ်​မှု​များ​ ​ကြံု​ရ​သ​လို​ ​တ​ခါ​တ​ရံ​ ​လိင်​ဆိုင်​ရာ​ ​နှိပ်​စက်​မှု​များ​ ​ကြံု​ရ​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။​

​စိတ်​ပိုင်း​ဆိုင်​ရာ​ ​ဖိ​နှိပ်​မှု​ ​ခံ​ရ​သူ​ ​အ​ရေ​အ​ တွက်​မှာ​မူ​ ​၅၈​ ​ရာ​ခိုင်​နှုန်း​ထိ​ ​ရှိ​ခဲ့​သည်​။​ ​အ​သက်​ ​၁၈​ ​မှ​ ​၆၀​ ​ကြား​ ​အ​မျိုး​သ​မီး​ ​၄၈၃၈​ ဦး​ကို​ ​မေး​မြန်း​ခဲ့​သည့်​ ​သ​ဘော​ထား​ ​စစ်​တမ်း​အ​ရ​ ​၉​ ​ရာ​ခိုင်​နှုန်း​သည်​ ​လက်​ရှိ​တွင်​ ​ရုပ်​ပိုင်း​နှင့်​ ​လိင်​ပိုင်း​ဆိုင်​ရာ​ ​ဖိ​နှိပ်​ခံ​နေ​ရ​သည်​ဟု​ ​ဖြေ​ဆို​သွား​ ကြောင်း​ ဦး​ဆောင်​သု​တေ​သီ​ ​ဟန်​ရီ​ကာ​ ​ဂျန်​ဆန်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​ဗီ​ယက်​နမ်​ ​အ​မျိုး​သ​မီး​ ​အ​များ​စု​သည်​ အ​ကြမ်း​ဖက်​ ​နှိပ်​စက်​ခံ​နေ​ရ​မှု​ကို​ ​သ​မား​ရိုး​ကျ​ဟု​ ​သ​ဘော​ထား​နိုင်​ကြောင်း​လည်း​ ​ဂျန်​ဆန်​က​ဆို​သည်​။​

ဗီ​ယက်​နမ်​တွင်​ ​အိမ်​ထောင်ဦး​စီး​များ​က​ ​ဇ​နီး​များ​အား​ ​နှိပ်​စက်​မှု​သည်​ ​ကျယ်​ကျယ်​ပြန့်​ပြန့်​ ​ရှိ​နေ​သော်​လည်း​ ​အ​ဆို​ပါ​ ​အ​နေ​အ​ထား​သည်​ ​ပုန်း​လျှိုး​ကွယ်​လျှိုး​မျှ​သာ​ ​ဖြစ်​နေ​ကြောင်း​ ​ဂျန်​ဆန်​က​ဆို​သည်​။​ ဗီ​ယက်နမ်​ ​မိ​သား​စု​များ​တွင်​ ​ က​လေး​များ​သည်​လည်း​ ​ရိုက်​နှက်​နှိပ်​စက်​မှု​ ​ခံ​ရ​လေ့​ရှိ​ပြီး​ ​အ​သက်​ ​၁၅​ ​နှစ်​အောက်​အ​ရွယ်​ ​က​လေး​များ​ကို​ ​ဖ​ခင်​များ​က​ ​ကြမ်း​ကြမ်း​တမ်း​တမ်း​ ​ဆုံး​မ​လေ့​ရှိ​ကြောင်း​ ​အိမ်​ထောင်​ရှင်​မ​များ​က​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here