မိုဘိုင်းဖုန်း OS တွင် အမျိုးသမီးများက Apple ကို သဘောကျပြီး အမျိုးသားများက Google ကို နှစ်သက်

alt

ေ​ဈး​ကွက်​စစ်​တမ်း​အ​ရ​​ ​မို​ဘိုင်း​ဖုန်း​ ​ဝယ်​ယူ​ရာ​တွင်​​ ​အ​မျိုး​သ​မီး​များ​သည်​ Apple​​ ၏​ iOS​ ​ကို​ ​သ​ဘော​ကျ​ပြီး​​ ​အ​မျိုး​သား​များ​က​မူ​ Google​၏​ Android​ OS​ကို​ ​နှစ်​သက်​လေ့​ရှိ​ကြောင်း​​ ​သိ​ရ​သည်​။​

​အောက်​တို​ဘာ​လ​ အ​တွင်း​​ ​ေ​ဈး​ကွက်​အ​ခြေ​အ​နေ​ကို​ ​လေ့​လာ​ခဲ့​ရာ​ iOS​​ သုံး​ iPhone​​ ကို​ ​အ​မျိုး​သ​မီး​ ​၃၁​ ​ရာ​ခိုင်​နှုန်း​က​ ​ဝယ်​ယူ​ခဲ့​ကြောင်း​ Nielsen​ ​သု​တေ​သ​န​အ​ဖွဲ့​က​ဆို​သည်​။​ ​ယင်း​နောက်​တွင်​ ​အ​မျိုး​သ​မီး​များ​က​ Android​​ သုံး​ဖုန်း​ ​၂၂.​၈​ ရာ​ခိုင်​နှုန်း​ ​ ဝယ်​ယူ​ခဲ့​ကြောင်း​ ​တွေ့​ရ​သည်​။​ ​အ​မျိုး​သား​များ​က​မူ​ Android​ ​ဖုန်း​ ​၃၂.​၆​ ​ရာ​ခိုင်​နှုန်း​ ​ဝယ်​ယူ​ပြီး​ iOS​ ​သုံး​ iPhone​ ​ကို​ ​ဝယ်​ယူ​မှု​ ​၂၈.​၆​ ​ရာ​ခိုင်​နှုန်း​သာ​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​မေ​ရိ​ကန်​တွင်​ ​ကောက်​ခံ​သော​ ​စစ်​တမ်း​က​ ​ေ​ဈး​ကွက်​အ​ တွင်း​ ​ပေါ်​ပြူ​လာ​ ​အ​ဖြစ်​ဆုံး​မှာ​ iPhone​နှင့်​ Blackberry​ ​တို့​ ​ဖြစ်​ကြောင်း​လည်း​ ​ညွှန်​ပြ​နေ​သည်​။​ ​

ယင်း​တို့​သည်​ ​ေ​ဈး​ကွက်​အ​တွင်း​ ​အ​ရောင်း​ရ​ဆုံး​ ​နေ​ရာ​ကို​ ​၂၇​ ​ရာ​ခိုင်​နှုန်း​စီ​ဖြင့်​ ဦး​ဆောင်​နေ​သည်​။​ Android​​ ဖုန်း​များ​က​ ​၂၂​ ​ရာ​ခိုင်​ နှုန်း​ဖြင့်​ ​ကပ်​လို​က်​နေ​ပြီး​ Microsoft​​ ၏​ Windows​ Mobile​ OS​ ​သုံး​ ​ဖုန်း​များ​က​ ​ေ​ဈး​ကွက်​ဝေ​စု​ ​၁၄​ ​ရာ​ခိုင်​နှုန်း​ကို​ ​ချုပ်​ကိုင်​ထား​သည်​။​ Sybian​၊​ Linux​​ နှင့်​ Palm​​ တို့​၏​ ​ေ​ဈး​ကွက်​နေ​ရာ​ရ​မှု​မှာ​ ​၈​ ​ရာ​ခိုင်​နှုန်း​ ​အောက်​စီ​သာ​ ​ရှိ​နေ​ ကြောင်း​ ​သိ​ရ​သည်​။​ ​ထို့​အ​ပြင်​ ​စစ်​တမ်း​က​ ​အ​မေ​ရိ​ကန်​တွင်​ ​မို​ဘိုင်း​ဖုန်း​ ​သုံး​စွဲ​သူ​ ​၂၉.​၇​ ​ရာ​ခိုင်​နှုန်း​မှာ​ Function​ ​စုံ​သော​ ​ခေတ်​မီ​ ​စ​မတ်​ဖုန်း​အ​နည်း​ဆုံး​ ​တစ်​လုံး​စီ​ ​ပိုင်​ဆိုင်​နေ​ကြောင်း​ ​ဖော်​ထုတ်​နိုင်​ခဲ့​ရာ​ ​ယင်း​သည်​ ​ယ​ခင်​ကောက်​ခံ​ခဲ့​ သော​ ​အ​ချက်​အ​လက်​များ​နှင့် ​နှိုင်း​ယှဥ်​လျင်​ ​အ​မြင့်​ဆုံး​ဖြစ်​သည်​။​ ​ယ​ခု​လ​ ​အ​စော​ပိုင်း​က​ ​ကောက်​ခံ​ခဲ့​သည့်​ ​အ​ခြား​စစ်​တမ်း​ ​နှစ်​ခု​အ​ရ​လည်း​ ​အ​မေ​ရိ​ကန်​ ​မို​ဘိုင်း​ဖုန်း​ ​ေ​ဈး​ကွက်​တွင်​ Apple​ ​နှင့်​ Blackberry​ ​က​ ​လူ​ကြိုက်​အ​များ​ဆုံး​ဖြစ်​ ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here