ကစားသမားများ ဒဏ်ရာရစေမှုအတွက်​ NBA ဘက်စကက် ဘော အသင်းက ကုမ္ပဏီသုံးခုကို တရားစွဲဆို

alt

အ​မေ​ရိ​ကန်​ NBA​​ ​ဘက်​စကက်​ဘော​ ​ပြိုင်​ပွဲ​ဝင်​​ ​ဆက်​က​ရာ​မင်​တို​ကင်းစ်​​ ​အ​သင်း​သ​ည​ ​ကု​မ္ပ​ဏီ​သုံး​ခု​ကို​​ ​က​စား​သ​မား​များ​ ​ဒဏ်​ရာ​ရ​စေ​မှု​အ​တွက်​ ​တ​ရား​စွဲ​ဆို​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​

အ​သင်း​အ​တွက်​ ​ရှေ့​နေ​အ​ ဖြစ်​ ​ဆောင်​ရွက်​ပေး​နေ​သူ​ ​ရို​ဂျာ​ဒ​ရီ​ယာ​က​ ​လေ့​ကျင့်​ရေး​သုံး​ ​ဘော​လုံး​နှင့်​ ​ပတ်​သက်​ပြီး​ ​ယ​ခု​လို​ ​တ​ရား​စွဲ​ခြင်း​ဖြစ်​ကြောင်း​၊​ ​၂၀၀၉​ ​ခု​နှစ်​ ​အောက်​တို​ဘာ​လ​က​တည်း​က​ ​အ​သုံး​ပြု​လာ​သော​ Gymnic​ ​ဘော​လုံး​သည်​ ​ပေါက်​ကွဲ​မှု​ ​မ​ရှိ​ ကြောင်း​ ​အာ​မ​ခံ​ထား​သော်​လည်း​ ​လေ့​ကျင့်​နေ​ရင်း​ ​ပေါက်​ကွဲ​သ​ဖြင့်​ ​က​စား​သ​မား​များ​ ​ဒဏ်​ရာ​ရ​ခဲ့့​ကြောင်း​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ယ​ခု​အ​ခါ​ ​ကင်းစ်​အ​သင်း​သည်​ ​ဘော​လုံး​ထုတ်​လုပ်​သည့်​ ​အီ​တ​လီ​ကု​မ္ပ​ဏီ​ Ledraplastic​၊​ ​ဖြန့်​ဖြူး​ရောင်း​ချ​သော​ M-F​ Athletic​​ နှင့်​ Ball​ Dynamic​ International​ ​ကု​မ္ပ​ဏီ​ကြီး​ ​၃​ ​ခု​အား​ ​နစ်​နာ​ကြေး​ ​ဒေါ်​လာ​ ​၄​ ​သန်း​ရ​လို​ကြောင်း​ ​တ​ရား​စွဲ​ထား​သည်​။​ တ​ရား​ရုံး​က​ ​သ​မ္မာန်​စာ​ ​ပေး​ပို့​ထား​သော်​လည်း​ ​ဒီ​ဇင်​ဘာ​ ​၁​ ​ရက်​နေ့​ထိ​ ​ကု​မ္ပ​ဏီ​ကြီး​ ​၂​ ​ခု​က​ ​အ​ကြောင်း​ပြန်​လာ​ခြင်း​ ​မ​ရှိ​သေး​ဟု​ ​သိ​ရ​သည်​။​ ​

ဒ​ရီ​ယာ​က​ ​ကင်းစ်​အ​သင်း​သည်​ ​လေ့​ကျင့်​ရေး​ကွင်း​တွင်​ ​ဘော​လုံး​ပေါက်​က​ွဲ​မှု​ ​ဖြစ်​ခဲ့​ပြီး​နောက်​ပိုင်း​ ​ယင်း​ဘော​လုံး​များ​ကို​ ​ဆက်​လက်​အ​သုံး​ပြု​ခြင်း​ ​မ​ရှိ​ တော့​ဟု​ ​ပြော​ဆို​ထား​သည်​။​ ​ယ​ခု​ကိ​စ္စ​အ​တွက်​ ​ထုတ်​လု​ပ်​ရောင်း​ချ​သူ​များ​တွင်​ ​အ​ပြည့်​အ​ဝ​ ​တာ​ဝန်​ရှိ​ကြောင်း​၊​ ​အ​နီး​ကပ်​ရှိ​နေ​စဥ်​ ​ဘော​လုံး​ပေါက်​ကွဲ​မှု​သည်​ ​အ​လွန်​ဆိုး​ရွား​သော​ ​အ​ခြေ​အ​နေ​များ​ ​ဖြစ်​သွား​စေ​နိုင်​ကြောင်း​ ​ပြစ်​တင်​ ပြောဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here