ဆော်ဒီအိမ်ရှင် နှိပ်စက်မှုခံခဲ့ရသည့် အင်ဒိုအမျိုးသမီးကြောင့် ရွှေ့ပြောင်းလုပ်သားများ လုံခြုံရေးတောင်းဆိုမှုများမြင့်တက်

alt

ဆော်​ဒီ​အာ​ရေ​ဗျ​​ ​အိမ်​ရှင်​တစ်ဦး​၏​ ​ရက်​ရက်​စက်​စက်​ ​နှိပ်​စက်​ညှင်း​ပန်း​မှု​ကို​ ​တွေ့​ကြံု​လာ​ရ​သည့်​ ​အ​စေ​ခံ​ ​အ​မျိုး​သ​မီး​တစ်ဦး​ကြောင့်​ ​အင်​ဒို​နီး​ရှား​နိုင်ငံ​တွင်​ ​အ​စိုး​ရ​အား​ ​ရွှေ့​ပြောင်း​လုပ်​သား​များ​အ​တွက်​ ​လုံ​ခြံု​ရေး​ ​အာ​မ​ခံ​ချက်​ ​ရ​ရှိ​ရန်​ ​တောင်း​ဆို​မှု​များ​ ​မြင့်​တက်​လာ​ခဲ့​သည်​။​

​အ​သက်​ ​၂၃​ ​နှစ်​အ​ရွယ်​ ​ဆူ​မီ​ယာ​တီ​သည်​ ​အ​ရှေ့​အ​လယ်​ပိုင်း​ရှိ​ ​ရေ​နံ​အ​ထွက်​ ​ကြွယ်​၀​သော​ ​နိုင်ငံ​သို့​ ​အိမ်​ဖော်​အ​ဖြစ်​ ​သွား​ရောက်​လုပ်​ကိုင်​ကာ​ ​မိ​သား​စု​ကို​ ​ထောက်​ပံ့​နိုင်​ရန်​ ​ရည်​ရွယ်​မျှော်​လင့်​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​၄​ ​လ​အ​ကြာ​တွင်​ ​သူ​မ​သည်​ ​ဒဏ်​ရာ​ဒဏ်​ချက်​များ​နှင့်​ ​ပြန်​ရောက်​လာ​ပြီး​ ​ယ​ခု​အ​ခါ​ ​ဆေး​ရုံ​ပေါ်​ရှိ​ ကု​တင်​တစ်​လုံး​ပေါ်​တွင်​ ​လဲ​နေ​ရ​သည်​။​ ​ဆူ​မီ​ယာ​တီ​၏​ ​အ​ဖြစ်​သည်​ ​သ​မ္မ​တ​ ​ဆူ​ဆီ​လို​ဘမ်​ဘန်း​ ​ယူ​ဒါ​ဟွိုင်​နို​ ​အ​စိုး​ရ​အား​ ​ဖိ​အား​များ​လာ​စေ​ပြီး​ ​ဒေါ​သ​ထွက်​နေ​သော​ ​လူ​ထု​ကြီး​သည်​ ဆူ​မီ​ယာ​တီ၏​ ​ကိ​စ္စ​အ​တွက်​ ​အ​ရေး​ဆို​ပေး​ရန်​ ​တောင်း​ဆို​ခဲ့​ကြ​သည်​။​ ​

ယ​ခု​အ​ခါ​ ​ဆော်​ဒီ​ရဲ​တပ်​ဖွဲ့​က​ ​စစ်​ဆေး​မှု​ကို​ ​ခံ​ယူ​နေ​ရ​သည့်​ ​အ​လုပ်​ရှင်​သည်​ ​ဆူ​မီ​ယာ​တီ​အား​ နှုတ်​ခမ်း​များ​ကို​ ​ကပ်​ကြေး​ဖြင့်​ ​ညှပ်​ပစ်​ပြီး​ ​ကျော​တွင်​လည်း​ ​မီး​ပူ​ဖြင့်​ကပ်​ကာ​ ​လက်​ခ​လယ်​ကို​လည်း​ ​ဖြတ်​ပစ်​ခဲ့​ကြောင်း​၊​ ​ထို့​အ​ပြင်​ ​သူ​မ​အ​နေ​နှင့်​ ​လမ်း​လျှောက်​ရန်​ ​ခက်​ခဲ​လောက်သည်​အ​ထိ​ ​ခြေ​ထောက်​များ​ကို​ ​ရက်​ရက်​စက်​စက်​ ​ရိုက်​နှက်​ခဲ့​ကြောင်း​ ​စွပ်​စွဲ​ခံ​ထား​ရ​သည်​။​ အာရှ​နိုင်ငံ​ ​အ​တော်​များ​များ​မှ​ ​ရွှေ့​ပြောင်း​အ​လုပ်​သ​မား​များ​သည်​ ​ဆော်​ဒီ​ကဲ့​သို့​ ​အ​ရှေ့​အ​လယ်​ပိုင်း​မှ​ ​ကြွယ်​ဝ​သော​ ​နိုင်ငံ​များ​သို့​ ​သွား​ရောက်​အ​လုပ်​လုပ်​လေ့​ရှိ​သည်​။​ ​

အင်​ဒို​နီး​ရှား​နိုင်ငံ​သည်​ ​နှစ်​စဥ်​ ​နိုင်ငံ​သား​ ​၆.​၅​ ​သန်း​မျှ​ ​နိုင်ငံ​ခြား​သို့​ ​အ​လုပ်​သွား​လုပ်​နေ​သော​ ​နိုင်ငံ​လည်း​ဖြစ်​သည်​။​ ​အ​ရှေ့​အ​လယ်​ပိုင်း​ ​နိုင်ငံ​များ​သည်​ ​ပြည်​ပ​အ​လုပ်​သ​မား​များ​ကို​ ​နှိပ်​စက်​ညှင်း​ပန်း​မှု​ ​ပြု​လုပ်​သည့်​ ​အ​စဥ်​အ​လာ​များ​ ​ရှိ​ခဲ့​ပြီး​ ​သီ​ရိ​လ​င်္ကာ​မှ​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​သည်​ ​မ​ကြာ​သေး​မီ​က​ ​ကူ​ဝိတ်​ရှိ​ ​အိမ်​ရှင်​တစ်ဦး​က​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ ​သ​တ္တု​ချောင်း​ ​၁၄​ ​ချောင်း​ ​ရိုက်​သွင်း​မှု​ကို​ ​ခံ​ခဲ့​ရ​သေး​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here