ဘရာဇီးနိုင်ငံမြို့တော်တွင် မူးယစ်မှောင်ခိုဂိုဏ်းများအား​ စစ်ဆင်ရေးဆင်နွှဲ

alt

ဘရာ​ဇီး​နိုင်ငံ​​ ​ရဲ​တပ်​ဖွဲ့​နှင့်​ ​စစ်​တပ်​တို့​သည်​ ရီ​ယို​ဒီ​ဂျ​နေ​ရိုး​မြို့​မှ​ မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​​ ​ခြေ​ရှုပ်​ကြီး​စိုး​နေ​သည့်​​ ​ဆင်​ခြေ​ဖုံး​ ​ရပ်​ကွက်​များ​ကို​ ​ဝင်​ရောက်​ထိုး​ဖောက်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

နို​ဝင်​ဘာ​ ​၂၈​ ​ရက်​နေ့​က​ ​အ​စိုး​ရ​ ​လုံ​ခြံု​ရေး​ ​တပ်​ဖွဲ့​များ​သည်​ ​ရ​ဟတ်​ယာဥ်​များ​၊​ ​သံ​ချပ်​ကာ​ယာဥ်​များကို​ ​အ​ကာ​အ​ကွယ်​ယူ​ကာ​ ​ဖြည်း​ညင်း​စွာ​ ​ဝင်​ရောက်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​စုတ်​ပြတ်​ဟောင်း​နွမ်း​နေ​သော​ ​ရပ်​ကွက်​များ​အ​တွင်း​ ​နေ​ရာ​ယူ​တပ်​စွဲ​ထား​သည့်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​ဝင်​ ​ရာ​နှင့်​ချီ​ ​ရှိ​နေ​ပြီး​ ​အ​ပြင်း​အ​ထန်​ ​တိုက်​ပွဲ​များ​ ​ဖြစ်​လာ​ပါ​က​ ​မြေ​ပြင်​တပ်​ဖွဲ့​များ​ကို​ ​ကူ​ညီ​ရန်​ ​စစ်​ဖက်​နှင့်​ ​ရဲ​ဖက်​မှ​ ​ရ​ဟတ်​ယာဥ်​များ​က​ ​အ​နိမ့်​ပျံ​ ​စောင့်​ကြည့်​နေ​ခဲ့​ကြ​သည်​။

​ ​ရီ​ယို​မြို့​တွင်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​၏​ ​အ​ကြမ်း​ဖက်​ ​ရမ်း​ကား​မှု​များ​ကြောင့်​ ​ဘတ်စ်​ကား​နှင့်​ ​ကိုယ်​ပိုင်​ကား​ ​အ​စင်း​ ​၁၀၀​ ​ကျော်​ ​မီး​ရှို့​ခံ​ရ​ပြီး​ ​လူ​ပေါင်း​ ​၃၅​ ဦး​ထက်​မ​နည်း​ ​သေ​ဆုံး​ခဲ့​ရ​ပြီး​နောက်​ ​ယ​ခု​စစ်​ဆင်​ရေး​ကို​ ​စ​တင်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ရဲ​နှင့်​စစ်​သား​ ​ရာ​နှင့်​ချီ​ပြီး​ ​အ​ဆို​ပါ​ ​ရပ်​ကွက်​များ​အ​တွင်း​ ​စီး​နင​်း​ချဥ်း​ကပ်​ ​ရှင်း​လင်း​မှု​ ​ပြု​လုပ်​သွား​မည်​ဟု​ ​ရီ​ယို​ရဲ​တပ်​ဖွဲ့​က​ ​ကြေ​ညာ​သည်​။

​ ထွက်​ပေါက်​ ​၄၄​ ​ခု​ရှိ​သော​ ​ရပ်​ကွက်​များ​ကို​ ​ဝင်​ရောက်​မှု​အ​တွင်း​ ​အ​ပြန်​အ​လှန်​ ​ပစ်​ခတ်​မှု​အ​ချို့​ ​ရှိ​ခဲ့​ကြောင်း​လည်း​ ​သိ​ရ​သည်​။​ ​မူး​ယစ်​မှောင်​ခို​ ​ဂိုဏ်း​သား​များ​သည်​ ​ရပ်​ကွက်​များ​အ​တွင်း​ရှိ​ ​အိမ်​ပြူ​တင်း​ပေါက်​များ​မှ​ ​ချောင်း​မြောက်း​ပစ်​ခတ်​မှု​ ​ပြု​လုပ်​ခဲ့​ပြီး​ ​စစ်​သား​နှင့်​ရဲ​ ​၁၀၀၀​ ​ကျော်​တို့​သည်​ ​မူး​ယစ်​မှောင်​ခို​ဂိုဏ်း​ဝင်​ ​၆၀၀​ ​ကျော်​ကို​ ​ဝန်းရံ​ပိတ်​ဆို့​ထား​ဆဲ​ဟု​ ​ယုံ​ကြည်​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​ကြို​ကြား​ပစ်​ခတ်​သံ​များ​ ​ကြား​ရ​သော်​လည်း​ ​အ​ချိန်​အ​တော်​များ​များ​တွင်​ ​တိတ်​ဆိတ်​နေ​ကြောင်း​ ​အ​နီး​အ​နား​ ​ဒေ​သ​ခံ​များ​က​ဆို​သည်​။​ ​ရီ​ယို​မြို့​တော်​ဝန်​ ​ဆာ​ဂျီ​ယို​ကာ​ဘ​ရယ်​က​ ​လူဦး​ရေ​ ​၆​ ​သန်း​ရှိ​သော​ ​မြို့​တော်​၏​ ​လုံ​ခြံု​ရေး​အ​တွက်​ ​မူး​ယစ်​မှောင်​ခို​ဂိုဏ်း​များ​ကို​ ​ဖြို​ခွင်း​သွား​ရန်​ ​ဇောက်​ချ​လုပ်​ကိုင်​သွား​မည်​ဟု​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here