ဆွဲဆောင်အားကောင်းသည့် အမျိုးသမီးများ အလုပ်ရရန် ခက်ခဲဟုဆို

alt

​စစ်​တမ်း​တစ်​ခု​အ​ရ​​ ​ဆွဲ​ဆောင်​အား​ကောင်း​သော​​ ​မိန်း​က​လေး​များ​သည်​​ ​အ​လုပ်​ရ​ရန်​ ​ခက်​ခဲ​လေ့​ရှိ​ကြောင်း​ ​ဖော်​ထုတ်​လိုက်​သည်​။​ ​ယင်း​တွေ့​ရှိ​ချက်​သည်​ ​သ​မား​ရိုး​ကျ​ ​ယုံ​ကြည်​ထား​သည့်​ ​မိန်း​မ​ချော​များ​ ​အ​လုပ်​အ​ကိုင်​ ​အ​ခွင့်​အ​လမ်း​ ​ပို​များ​ကြောင်း​ ​ယုံ​ကြည်​ချက်​နှင့်​ ​ဖြောင့်​ဖြောင့်​ကြီး​ ​ဆန့်​ကျင်​နေ​သည်​။

​ အ​မေ​ရိ​ကန်နိုင်ငံ​တွင်​ ​အ​လုပ်​လျှောက်​ထား​သူ​ ​အ​မျိုး​သား​၊​ အ​မျိုး​သ​မီး​ ​၅၃၁၂​ ဦး​၏​ ​CV​ ​များ​ကို​ ​ဝန်​ထမ်း​လို​အပ်​နေ​သော​ ​ကု​မ္ပ​ဏီ​လုပ်ငန်း​ ​၂၆၅၆​ ​ခု​သို့​ ​ပေး​ပို့​ခဲ့​သည်​။​ CV​​ များ​ကို​ အ​တွဲ​ဖြင့်​ ​ပေး​ပို့​ခဲ့​ခြင်း​ဖြစ်​ပြီး​ ​ဓာတ်​ပုံ​မပါ​သော​ CV​ ​တစ်​စုံ​နှင့်​ ​ချော​မော​လှ​ပ​သော​၊​ ​သို့​မ​ဟုတ်​ ​ရုပ်​ရည်​မ​ပြေ​ပြစ်​သော​ ​အ​မျိုး​သား​၊​ အ​မျိုး​သ​မီး​ ​တစ်ဦး​စီ​၏​ CV​ ​များ​နှင့်​ ​တွဲ​ပို့​ခဲ့​ခြင်း​ဖြစ်​သည်​။​

အ​လုပ်​နေ​ရာ​များ​မှ​ ​အ​ကြောင်း​ပြန်​လာ​မှု​များ​ကို​ ​လေ့​လာ​ခဲ့​ရာ​ ​ဆွဲ​ဆောင်​မှု​ရှိ​ပြီး​ ​ခန့်​ညား​သော​ ​အ​မျိုး​သား​များ​ကို​ ​အ​လုပ်​ခန့်​လို​မှု​သည်​ ​ဓာတ်​ပုံ​မ​ပါ​သူ​၊​ ​သို့​မ​ဟုတ်​ ​ရွက်​ကြမ်း​ရည်​ကြို​ ​ရုပ်​ရည်​မျိုး​ရှိ​သူ​ ​အ​မျိုး​သား​များ​ထက်​ ​သိ​သိ​သာ​သာ​ ​မြင့်​မား​နေ​သည်​ကို​ ​တွေ့​ရ​သည်​။​ ​သို့​သော်​လည်း​ ​အ​မျိုး​သ​မီး​တွင်​မူ​ ​ယင်း​ကဲ့​သို့​ ​ရုပ်​ချော​သူ​များ​က​ ​အ​လေး​သာ​မှု​ ​မ​ရှိ​ကြောင်း​ ​အံ့ဩ​လောက်​ဖွယ်​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​ ​ဓာတ်​ပုံ​မ​ပါ​သော​ ​အ​မျိုး​သ​မီး​ CV​ ​များ​ကို​ ​ရွေး​ချယ်​မှု​သည်​ ​ရုပ်​ရည်​လှ​ပ​သူ​နှင့်​ ​မ​လှ​ပ​သူ​များ​ထက်​ ​အ​တ​န်ငယ်​ ​သာ​လွန်​နေ​သည်​ကို​ ​တွေ့​ရှိ​ရ​သည်​။​

​ယင်း​သို့​ဖြစ်​ရ​ခြင်း​မှာ​ ​အ​လုပ်​နေ​ရာ​များ​တွင်​ CV​ ​ရွေး​ချယ်​သော​ ​အ​မျိုး​သ​မီး​များ​၏​ ​မ​သိ​စိတ်​က​ ​မ​နာ​လို​ ​ဝန်​တို​တတ်​မှု​နှင့်​ ​ဆက်​စပ်​နေ​ခြင်း​ကြောင့်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​လေ့​လာ​သူ​များ​က​ဆို​သည်​။​ ​ယ​ခင်​က​ ​ပြု​လုပ်​ခဲ့​သော​ ​စစ်​တမ်း​အ​ရ​မူ​ ​ရုပ်​ရည်​လှ​ပ​သော​ ​အ​မျိုး​သ​မီး​များ​သည်​ ​လုပ်​ခ​လ​စာ​ ​ပို​မို​ရ​ရှိ​တ​တ်​ကြောင်း​ ​တွေ့​ရှိ​ခဲ့​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here