အီရန်နျူကလီးယား ဓာတ်ပေါင်းဖိုများ နည်းပညာပိုင်း အခက်အခဲကြောင့် ရပ်နားထားခြင်း​ ဟုဆို

alt

အီ​ရန်နိုင်ငံ​မှ​​ ​နျူ​က​လီး​ယား​ ​ဓာတ်​ပေါင်း​ဖို​ ​လည်​ပတ်​မှု​များ​ ​ဆိုင်းငံ့​ထား​ရ​ခြင်း​သည်​ နည်း​ပ​ညာ​ပိုင်း​ဆိုင်​ရာ​ ​အ​ခက်​အ​ခဲ​ကြောင့်​ ဖြစ်​နိုင်​ကြောင်း​ ​လေ့​လာ​သူ​များ​က​ ​သုံး​သပ်​ပြော​ဆို​ထား​သည်​။​

​နိုင်ငံ​တ​ကာ​ ​အက်​တမ်​စွမ်း​အင်​ ​အေ​ဂျင်​စီ​​ (IAEA)​ က​ ​နာ​မည်​ပျက်​စာ​ရင်း​ဝင်​ ​နိုင်ငံ​မှ​ ​နျူ​က​လီး​ယား​ ​ပိုင်​ဆိုင်​ရေး​ ​လုပ်ငန်း​စဥ်​များ​သည်​ နည်း​ပ​ညာ​ပိုင်း​ဆိုင်​ရာ​ ​အား​နည်း​မှု​များ​ ​ရှိ​နေ​သည်​ဟု​ ​ယုံ​ကြည်​ရ​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​ ​နျူ​က​လီး​ယား​ ​စွမ်း​အင်​ဓာတ်​ပေါင်း​ဖို​များ​အ​တွက်​ ​လောင်​စာနည်း​ပ​ညာ​ကဲ့​သို့​ ​အ​ခြေ​အ​နေ​များ​သည်​ ​အီ​ရန်​အ​တွက်​​ ​ကြီး​မား​သော​ ​အ​ခက်​အ​ခဲ​ ​ဖြစ်​လာ​နိုင်​ကြောင်း​ ​သု​တေ​သီ​များ​က​ဆို​သည်​။​ ​

အီ​ရန်​၏​ ​နျူ​က​လီး​ယား​ဗုံး​များ​ ​ထုတ်​လုပ်​ရန်​ ​စု​ဆောင်း​ထား​သော​ ​ယူ​ရေ​နီ​ယံ​ယူ​နစ်​သည်​ ​၈၈၅၆​ ​မှ​ ​သုံး​လအ​တွင်း​ ​၈၄၂၆​ ​ကီ​လို​ဂ​ရမ်သို့​ ​ကျ​ဆင်း​သွား​ကြောင်း​ IAES​ ​က​ ​ပြော​ကြား​သွား​သည်​။​ ဥ​ရော​ပ​ ​ယူ​နီ​ယံ​နှင့်​ ​အ​မေ​ရိ​ကန်​ ​ပြည်​ထောင်​စု​တို့​က​ ​အီ​ရန်​သည်​ ​နျူ​က​လီး​ယား​ ​စွမ်း​အင်​ကို​ ​ဗုံး​များ​ထုတ်​လုပ်​ရန်​ ​အ​သုံး​ချ​နေ​ကြောင်း​ ​စွပ်​စွဲ​ထား​သော်​လည်း​ အီ​ရန်​က​မူ​ ​စွမ်း​အင်​ကဏ္ဍ​အ​တွက်​ဟု​ ​အ​ကြောင်း​ပြ​ထား​သည်​။​ ​သို့​သော်​လည်း​ ​က​မ္ဘာ​ပေါ်​တွင်​ ​ရေ​နံ​နှင့်​ ​သ​ဘာ​ဝ​ဓာတ်​ငွေ့​ ​ဒု​တိ​ယ​အ​များ​ဆုံး​ ​ထွက်​ရှိ​သည့်​ ​နိုင်ငံ​သည်​ ​နျူ​က​လီး​ယား​ကို​ ​စွမ်း​အင်​အ​တွက်​ ​သုံး​စွဲ​မည်​ဆို​သော​ ​ကိ​စ္စ​အား​ ​အ​မေ​ရိ​ကန်​က​ ​သံ​သ​ယ​ရှိ​နေ​သည်​။​ ​

အီရန်​သည်​ ​ယူ​ရေ​နီ​ယမ်​ ​စု​ဆောင်း​မှု​ကို​ ​ဆက်​လက်​ပြု​လုပ်​နေ​ဆဲ​ဖြစ်​သော်​လည်း​ ​လောင်​စာ​နည်း​ပ​ညာ​နှင့်​ ​ပတ်​သက်၍​ ​အ​ခက်​အ​ခဲ​များ​ ​ကြံု​နေ​ရ​ခြင်း​ ​ဖြစ်​နိုင်​ကြောင်း​ IAEA​​ က​ဆို​သည်​။​ ​အီ​ရန်​က​ ​စ​တင်​လည်​ပတ်​နေ​သော​ ​နျူ​က​လီး​ယား​ ​ဓာတ်​ပေါင်း​ဖို​သည်​ ​ယ​ခု​လ​ ​အ​စော​ပိုင်း​က​စ​ပြီး​ ​လုပ်ငန်း​များ​ ​ဆိုင်းငံ့​ထား​ရ​ကြောင်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here