Gay တစ်ဦးဖြစ်သည်ဟု စွပ်စွဲမှုများအား ဂျွန်ထရာဗိုတာ ငြင်းဆို

alt

ဂျွန်​ထ​ရာ​ဗို​တာ​က​ ၎င်း​အား​ Gay​​ တစ်ဦး​ဖြစ်​သည်​ဟု​​ ​စွပ်​စွဲ​ပြော​ဆို​နေ​မှု​များ​အား​​ ငြင်း​ပယ်​သွား​သည်​။​ ​စာ​ရေး​ဆ​ရာ​ ​ရော​ဘတ်​ရက်​ဒေါ့ဖ်​က​ ​နာ​မည်​ကျော်​ ​ဟော​လီး​ဝုဒ်​ ​မင်း​သား​သည်​ Gay ​တစ်ဦး​ဟု​ ​ပြော​ဆို​ထား​မှု​ကို​ ​ထ​ရာ​ဗို​တာ​က​ ​ပယ်​ချ​ခဲ့​သည်​။​

Saturday​ Night​ Fever​​ စ​တား​ ​မင်း​သား​က​ ​ယင်း​စွပ်​စွဲ​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​စာ​ ​၅​ ​မျက်​နှာ​ပါ​သော​ ​တ​ရား​ဝင်​ ​ကြေ​ညာ​ချက်​တစ်​စောင်​ ​ထုတ်​ပြန်​ကာ​ ​တုန့်​ပြန်​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​စာ​ရေး​ဆ​ရာ​ကို​လည်း​ ​ထိ​ခိုက်​နစ်​နာ​အောင်​ ​စွပ်​စွဲ​စော်​ကား​မှု​ဖြင့်​ ​တ​ရားဥ​ပ​ဒေ​အ​ရ​ ​အ​ရေး​ဆို​သွား​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ​ခြိမ်း​ခြောက်​ခဲ့​သည်​။​ ​

ထ​ရာ​ဗို​တာ​၏​ ​ရှေ့​နေ​များ​က​ ​လွန်​ခဲ့​သော​ ​၁၅​ ​နှ​စ်​က​ ​ရက်​ဒေါ့ဖ်​ရေး​သား​ထား​သည့်​စာ​ Online​ ​ပေါ်​ ​ရောက်​ရှိ​လာ​ပြီး​နောက်​ ​ထ​ရာ​ဗို​တာ​မှာ​ Gay​​ တစ်ဦး​ဖြစ်​ကြောင်း​ ​ကော​လ​ဟာ​လ​များ​ ​ထွက်​ပေါ်​ခဲ့​ပြီး​ ​ယင်း​အ​တွက်​ ​ရက်​ဒေါ့ဖ်​အ​နေ​နှင့်​ ​တာ​ဝန်​ယူ​ရ​မည်​ဟု​ ​ပြော​ကြား​ထား​သည်​။​

Gawker​​ ဝက်​ဆိုက်​တွင်​ ​ရေး​သား​ထား​သော​ ​စာ​အ​ရ​ ​ရက်​ဒေါ့ဖ်​သည်​ ​ထ​ရာ​ဗို​တာ​ ​လိင်​တူ​ဆက်​ဆံ​မှု​ ​အ​တော်​များ​များ​ကို​ ​မျက်​မြင်​တွေ့​ရှိ​ဖူး​သည်​ဟု​ ​ထည့်​သွင်း​ဖော်​ပြ​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here