Wifi စနစ်သည် သစ်ပင်များကို ထိခိုက်စေကြောင်း သုတေသီများ ပြောကြား

alt

ကြိုး​မဲ့​ကွန်​ရက်​စ​နစ်​ Wi-Fi​​ သည်​ ​သစ်​ပင်​များ​ကို​​ ​ထိ​ခိုက်​ပျက်​စီး​စေ​သည်​ဟု​​ ​ယုံ​ကြည်​ရ​ကြောင်း​ ​သု​တေ​သီ​များ​က​ဆို​သည်​။​ Wi-Fi​​ ကွန်​ရက်​မှ​ ​ထွက်​ပေါ်​လာ​သော​​ ​ဖြာ​ထွက်​စွမ်း​အင်​များသည်​​ ​က​မ္ဘာ​ကြီး​အ​တွက်​ ​နောက်​ဆုံး​ပေါ်​​ ​ရန်​သူ​လည်း​ ​ဖြစ်​လာ​ကြောင့်​ ​

ဟော်​လန်​နိုင်ငံ​တွင်​ ​ပြု​လုပ်​သည့်​ ​သု​တေ​သ​န​ ​ရ​လဒ်​များ​က​ ​ညွှန်​ပြ​လျက်​ရှိ​သည်​။​ ​အ​ဆို​ပါ​ ​ဖြာ​ထွက်​မှု​များ​သည်​ ​အ​ရွက်​များ​ကို​ ​ညှိုး​ခြောက်​စေ​သ​လို​ ​သစ်​ပင်​များ​၏​ ​ရှင်​သန်​ကြီး​ထွား​မှု​ကို​လည်း​ ​ဖျက်​လို​ဖျက်​စီး​ ​ပြု​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​

​ဟော်​လန်​အ​နောက်​ပိုင်း​ ​အယ်​ဖန်​အန်း​ဒန်​ရင်း​မြို့​တွင်​ ​လွန်​ခဲ့​သော​ ​၅​ ​နှစ်​အ​တွင်း​ ​သ​ဘာ​ဝ​အ​တိုင်း​မ​ဟုတ်​ဘဲ​ ​ညှိုး​ခြောက်​သေ​ဆုံး​သွား​သော​ ​အ​ပင်​များ​ကို​ ​ပ​ညာ​ရှင်​များ​က​ ​သု​တေ​သ​န​ ​ပြု​လုပ်​ခဲ့​သည်​။​ ​သစ်​ပင်​မျိုး​ကွ​ဲ​ ​၂၀​ ​မျှ​ကို​ ​လေ့​လာ​ခဲ့​မှု​အ​ရ​ Wi-Fi​ ​ဖြာ​ထွက်​မှု​ ​၂၄၁၂​ ​မှ​ ​၂၄၇၂​ MHz​ ​ထိ​ ​ရှိ​နေ​ပြီး​ ​ပါ​ဝါ​ ​၁၀၀​ MW​ ​ဖြစ်​နေ​သော​ ​အ​ခြေ​အ​နေ​တွင်​ ​လက်​မ​ ​၂၀​ ​အ​တွင်း​ ​အပင်​များ​အ​တွက်​ ​ထိ​ခိုက်​နိုင်​ကြောင်း​ ​ပ​ညာ​ရှင်​များ​က​ ​တွေ့​ရှိ​ခဲ့​သည်​။​ နယ်​သာ​လန်​နိုင်ငံ​ ​မြို့​ပြ​ဒေ​သ​များ​ရှိ​ ​သစ်​ပင်​အား​လုံး​၏​ ​၇၀​ ​ရာ​ခိုင်​နှုန်း​သည်​ Wi-Fi​​ ကွန်​ရက်​၏​ ​ခြိမ်း​ခြောက်​မှု​နှင့်​ ​တွေ့​ကြံု​နေ​ရ​ကြောင်း​လည်း​ ​သိ​ရ​သည်​။​

အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​တင်​ပယ်​တ​က္က​သိုလ်​မှ​ ​ဖြာ​ထွက်​စွမ်း​အင်​နှင့်​ ​ဆေး​ဝါး​ရူ​ပ​ဗေ​ဒ​ ​ဌာ​န​မှ​ ​ဒေါက်​တာ​မာ​ဗင်​ဇစ်​စကင်း​က​မူ​ ​သိ​ပ္ပံ​ပ​ညာ​အ​ရ​ Wi-Fi​​ ၏​ ​ဖြာ​ထွက်​မှု​သည်​ ​သစ်​ပင်​များ​ကို​ ​ထိ​ခိုက်​စေ​သည့်​ ​အ​ထောက်​အ​ထား​မျိုး​ ​မ​တွေ့​ရ​သေး​ကြောင်း​ ​ဝေ​ဖန်​ပြော​ကြား​ခဲ့​သည်​။​ ​ယ​ခု​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​တွေ့​ရှိ​မှု​ ​အ​သေး​စိတ်​ကို​ ​ဟော်​လန်​တွင်​ ​လာ​မည့်​ဖေ​ဖော်​ဝါ​ရီ​လ​အ​တွင်း​ ​ပြု​လုပ်​မည့်​ ​ဖြာ​ထွက်​စွမ်း​အင်​ ​သိ​ပ္ပံ​စည်း​ဝေး​ပွဲ​တွင်​ ​ထည့်​သွင်း​ဆွေး​နွေး​သွား​မည်​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here