ဥရောပတိုက်တွင် ပထမဆုံးခြေချသော အမေရိကန်များ၏ အစမှာ ဗိုက်ကင်းများကြောင့်ဖြစ်နိုင်ဟုဆို

alt

ဥ​ရော​ပ​တိုက်​တွင်​​ ​ပ​ထ​မ​ဆုံး​ ​ခြေ​ချ​သော​​ ​အ​မေ​ရိ​က​ ​မျိုး​ရင်း​လူ​သား​များ​၏​​ ​အ​စ​သည်​ ​ဗိုက်​ကင်း​များ​ကြောင့်​​ ​ဖြစ်​နိုင်​ကြောင်း​ ​ပ​ညာ​ရှင်​များ​က​​ ​ပြော​ကြား​ခဲ့​သည်​။​ ​လွန်​ခဲ့​သော​ နှစ်​ပေါင်း​ ​၁၀၀၀​ ​ကျော်​က​ ​အိုက်​စ​လန်​ကျွန်း​တွင်​ ​အ​ခြေ​ချ​သော​ ​ဗိုက်​ကင်း​များ​သည်​

​အ​မေ​ရိ​က​ ​အ​မျိုး​သ​မီး​တစ်ဦး​ကို​ ​ဖမ်း​ဆီး​လာ​ခဲ့​ရာ​မှ​ ​အ​မေ​ရိ​က​တို့​ ဥ​ရော​ပ​တွင်​ ​စ​တင်​ရော​က်​ရှိ​လာ​သည်​ဟူ​သော​ ​အ​ထောက်​အ​ထား​ကို​ ​ပ​ညာ​ရှင်​များ​ ​တွေ့​ရှိ​လာ​ခဲ့​သည်​။​ ​

အိုက်​စ​လန်​နိုင်ငံ​သား​ ​၈၀​ ​တို့​၏​ ​ဗီ​ဇ​မျိုး​ရင်း​များ​ကို​ ​လေ့​လာ​ခဲ့​ပြီး​နောက်​ ​အ​မေ​ရိ​က​သွေး​နှော​သည်​ကို​ ​ဖော်​ထုတ်​နိုင်​ခဲ့​ရာ​ ​ပင်​လယ်​ပျော်​ ​ဗိုက်​ကင်း​တို့​ ​အ​မေ​ရိ​က​နွယ်​ဖွား​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​ကို​ ​အ​တင်း​ဖမ်း​ဆီး​လာ​သည်​ဆို​သော​ ​အ​ယူ​အ​ဆ​ကို​ ​ပို​မို​ခိုင်​မာ​လာ​စေ​ခဲ့​သည်​။​ ​ယင်း​သည်​ ​၅​ ​ရာ​စု​က​ ​ခ​ရစ်​စ​တို​ဖာ​ ​ကို​လံ​ဘတ်​ ​အ​မေ​ရိ​က​တိုက်​ကို​ ​ရှာ​မ​တွေ့​စဥ်​က​တည်း​က​ ဥ​ရော​ပ​တိုက်​တွင်​ ​အ​မေ​ရိ​က​ဖွား​ ​အ​မျိုး​သ​မီး​ ​ကျွန်​လူ​တန်း​စား​များ​ ​ရှိ​ခဲ့​ခြင်း​၏​ ​အ​ဖြေ​လည်း​ ​ဖြစ်​လာ​နိုင်​သည်​။​

DNA​ ​စစ်​ဆေး​မှု​အ​ရ​ C1a​​ အ​မျိုး​အ​စား​ ​တွေ့​ရှိ​ချက်​သည်​ ဥ​ရော​ပ​တွင်​ ​ပ​ထ​မ​ဆုံး​ ​ခြေ​ချ​ခဲ့​သော​ ​အ​မေ​ရိ​က​ဖွား​မှာ​ ​အ​မျိုး​သ​မီး​တစ်ဦး​ ​ဖြစ်​ရ​မည်​ဟု​ ​အ​ခိုင်​အ​မာ​ ​ကောက်​ချက်​စွဲ​နိုင်​ကြောင်း​ ​အ​မေ​ရိ​ကန်​ထုတ်​ Physical​ Anthropology​ ​ဆေး​ပ​ညာ​ ​ဂျာ​နယ်​က​ ​ဖော်​ပြ​ခဲ့​သည်​။​ ယ​ခု​တွေ့​ရှိ​မှု​ကြောင့်​ ဥ​ရော​ပ​ ​မြောက်​ပိုင်း​ရှိ​ ​အိုက်​စ​လန်​နိုင်ငံ​သည်​ ​အ​မေ​ရိ​က​ ​မျိုး​ရင်း​များ​ ဥ​ရော​ပ​တွင်​ ​စ​တင်​ခြေ​ချ​မှု​ကို​ ​ခြေ​ရာ​ခံ​ ​ရှာ​ဖွေ​နေ​သည့်​ ​ပ​ညာ​ရှင်​များ​အ​တွက်​ ​မျိုး​ဗီ​ဇ​ ​လေ့​လာ​ရေး​ ​ရင်း​မြစ်​တစ်​ခု​သ​ဖွယ်​ ​ဖြစ်​လာ​ကြောင်း​လည်း​ ​အ​ဆို​ပါ​ ​ဂျာ​နယ်​တွင်​ ​ရေး​သား​ထား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here