ကို​ရီး​ယား​နှစ်​နိုင်ငံ​​ ​ပေါင်း​စည်း​ရေး​​ ​တ​ရုတ်​နိုင်ငံ​က​​ ​မူ​အား​ဖြင့်​​ ​လျှို့​ဝှက်​သ​ဘော​တူ​ထား​ဟု​ဆို

alt

အ​မေ​ရိ​ကန်​​ ​ထောက်​လှမ်း​ရေး​ ​အ​စီ​ရင်​ခံ​စာ​​ ​တစ်​စောင်​က​ ​တ​ရုတ်​ခေါင်း​ဆောင်​များသည်​​ ​ကို​ရီး​ယား​နှစ်​နိုင်ငံ​​ ​ပေါင်း​စည်း​ရေး​ကို​​ ​မူ​အား​ဖြင့်​ ​လျှို့​ဝှက်​သ​ဘော​တူ​ထား​ကြောင်း​​ ​ဖော်​ပြ​ခဲ့​သည်​။​

​ကွန်​မြူ​နစ်​​ ​အာ​ဏာ​ရှင်​ ​အ​စိုး​ရ​​ ​အုပ်​ချုပ်​သော​ ​မြောက်​ကို​ရီး​ယား​သည်​ ​တ​ရုတ်​၏​ ​စစ်​မ​ဟာ​မိတ်​ ​နိုင်ငံ​တစ်​ခု​ ​ဖြစ်​သော်​လည်း​ ​နှစ်​နိုင်ငံ​ ​ပေါင်း​စည်း​မှု​သည်​ ​မြောက်​ကို​ရီး​ယား​ကို​ ​ပြို​ကွဲ​သွား​စေ​မည်​ဟု​ ​မ​ယုံ​ကြည်​သ​ဖြင့်​ ​ယ​ခု​လို​ ​ထောက်​ခံ​နေ​ခြင်း​ဖြစ်​ကြောင်း​ Wikileaks​ ​ဝက်​ဆိုက်​က​ ​ဖော်​ပြ​ခဲ့​သည်​။​ Wikileaks​​ သည်​ ​အ​မေ​ရိ​ကန်​၏​ ​စစ်​ရေး​နှင့်​ ​ထောက်​လှမ်း​ရေး​ ​အ​စီ​ရင်​ခံ​စာ​များ​ကို​ ​ခြေ​ရာ​ခံ​ ​ဖော်​ထုတ်​ကာ​ ​လွှင့်​တင်​နေ​သော​ ​ဝက်​ဆိုက်​ဖြစ်​သည်​။​ ​

နို​ဝင်​ဘာ​ ​လ​ကုန်​ပိုင်း​တွင်​ ​နောက်​ဆုံး​ထုတ်​ပြန်​ခဲ့​သော​ ​အ​စီ​ရင်​ခံ​စာ​တွင်​ ​ကာ​ဇက်​စ​တန်​နိုင်ငံ​ဆိုင်​ရာ​ ​တ​ရုတ်​သံ​အ​မတ်​ ​ချန်​ဂူ​ပင်​က​ ​အ​မေ​ရိ​ကန်​ ​သံ​အ​မတ်​ ​ရစ်​ချတ်​ဟော့​လန်း​နှင့်​ ​တွေ့​ဆုံ​စဥ်​ ​တ​ရုတ်​နိုင်ငံ​သည်​ ​ကို​ရီး​ယား​ကျွန်း​ဆွယ်​ ​ငြိမ်း​ချ​မ်း​စွာ​ ​ပေါင်း​စည်း​မှု​ကို​ ​များ​စွာ​မျှော်​လင့်​ကြောင်း​၊​ ​သို့​သော်​လည်း​ ​လော​လော​ဆယ်​တွင်​ ​ရပ်​တည်​ချက်​ ​မ​တူ​ညီ​သော​ ​ကို​ရီး​ယား​နှစ်​နိုင်ငံ​ ​သီး​ခြား​စီ​ ​ဖြစ်​နေဦး​မည်​ဟု​ထင်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​ဟု​ WikiLeaks​​ က​ ​အ​တိ​အ​လင်း​ ​ရေး​သား​ထား​သည်​။​ ယင်း​မှတ်​ချက်​သည်​ ​၂၀၀၉​ ​ခု​နှစ်​၊​ ​ဇွန်​လ​က​ ​ကာ​ဇက်​စ​တန်​နိုင်ငံ​၊​ ​အက်​စ​တာ​နာ​တွင်​ ​ကျင်း​ပ​ပြု​လုပ်​သည့်​ ​သုံး​နာ​ရီ​ကြာ​ ​သံ​တ​မန်​ ​ည​စာ​စား​ပွဲ​တွင်​ ​ပြော​ဆို​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သ​ည်​။​ ​

အ​ဆို​ပါ​ ​မှတ်​ချက်​ကို​ ​အ​မေ​ရိ​ကန်​ ​ထောက်​လှမ်း​ရေး​က​ ​အ​သေး​စိတ်​ ​မှတ်​တမ်း​တင်​ထား​သည်​ဟု​ဆို​သည်​။​ လက်​ရှိ​တွင်​မူ​ ​တောင်​နှင့်​မြောက်​ ​ကို​ရီး​ယား​ ​နှစ်​နိုင်ငံ​တို့​သည်​ ​မြောက်​ကို​ရီး​ယား​က​ ​လက်​နက်​ကြီး​များ​နှင့်​ ​ကျူး​ကျော်​ပစ်​ခတ်​မှု​ကြောင့်​ ​အ​ဆိုး​ရွား​ဆုံး​ ​အ​နေ​အ​ထားနှင့်​ ကြံု​နေ​ရ​သည်​။​ ​ပြီး​ခဲ့သည့်​ ​သီ​တင်း​ပါတ်​ ​အ​စော​ပိုင်း​က​ ​မြောက်​ကို​ရီး​ယား​ ​စစ်​တပ်​သည်​ ​နယ်​စပ်​အ​နီး​ရှိ​ ​တောင်​ကို​ရီး​ယား​ပိုင်​ ​ကျွန်း​တစ်​ခု​ကို​ ​လက်​နက်​ကြီး​များ​ဖြင့်​ ​ပစ်​ခ​တ်​ခဲ့​ရာ​ အ​ရပ်​သား​ ​၂​ ဦး​နှင့်​ ​တောင်​ကို​ရီး​ယား​ ​မရိန်း​စစ်​သည်​ ​၂​ ဦး​တို့​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here