တရုတ်နိုင်ငံမှ Super Girl သီချင်းဆိုပြိုင်ပွဲဝင် အမျိုးသမီး ပလတ်စတစ်ဆာဂျရီလုပ်ပြီးနောက် သေဆုံး

alt

တရုတ်​နိုင်ငံ​ရှိ​​ ​နာ​မည်​အ​ကျော်​ကြား​ဆုံး​​ ​သီ​ချင်း​ဆို​ပြိုင်​ပွဲ​ဖြစ်​သည့်​ Super​ Girl​​ မှ​ ​ထင်​ရှား​သော​​ ​ပြိုင်​ပွဲ​ဝင်​ ​အ​မျိုး​သ​မီး​​ ​တစ်ဦး​သည်​ ​ပ​လပ်​စ​တစ်​ ​ဆာ​ဂျ​ရီ​ ​ခွဲ​စိတ်​ကု​သ​မှု​ ​ခံ​ယူ​ပြီး​နောက် ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​ ​

ဝမ်​ဘင်း​သည်​ ​တ​ရုတ်​နိုင်ငံ​တွင်​ ​လက်​တ​လော​ ​ရေ​ပန်း​စား​နေ​သည့်​ ​မျက်​နှာ​အ​လှ​ပြင်​ ​ခွဲ​စိတ်​မှု​ ​ခံ​ယူ​ရာ​မှ​ သေ​ဆုံးခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ဝူ​ဟန်​မြို့​ရှိ​ ​ဆေး​ရုံ​တစ်​ခု​က​ ​ကြေ​ညာ​ခဲ့​သည်​။​ ​ဝမ်​နှင့်​ ​မိ​ခင်​ဖြစ်​သူ​တို့​သည်​ ​အ​ဆို​ပါ​ ​ဆေး​ရုံ​တွင်​ ​မေး​ရိုး​များ​ကျဥ်း​အောင်​ ​ခွဲ​စိတ်​ကု​သ​မှု​ ​ခံ​ယူ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဝမ်​၏​ ​မိ​ခင်​မှာ​မူ​ ​ခွဲ​စိတ်​မှု​ ​ရ​လဒ်​ပိုင်း​ ​ကောင်း​မွန်​လာ​ပြီ​ဟု​ ​ဆို​သော်​လည်း​ ​အ​သေး​စိတ်​ကို​မူ​ ​မသိ​ရ​သေး​ချေ​။​ ​

ဝမ်​သည်​ ​ခွဲ​စိတ်​မှု​ ​အ​ဆင့်​ဆင့်​တွင်​ ​ကျေ​နပ်​လောက်​စ​ရာ​ ​ဖြစ်​ခဲ့​သော်​လည်း​ ​နို​ဝင်​ဘာ​ ​၁၅​ ​ရက်​နေ့​က​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ ​သွေး​ယို​ကာ​ ​အ​ဆုတ်​ထဲ​ ​သွေး​ရောက်​ပြီး​ ​သေ​ဆုံး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယင်း​သို့​ဖြစ်​ရ​ခြင်း​မှာ​ ​ခွဲ​စိတ်​မှု​အ​တွင်း​ ​သွေး​ကြော​များ​ ​မှား​ယွင်း​ဖြတ်​တောက်​မိ၍​ ​ဖြစ်​နိုင်​သည်​ဟု​ ​စွပ်​စွဲ​ချက်​များ​ ​ထွက်​ပေါ်​နေ​ပြီး​ ​ဝမ်​ကို​ ​ခွဲ​စိတ်​ပေး​ခဲ့​သူ​ ​ဒေါက်​တာ​ဝမ်​လီ​မင်း​မှာ​ ​ယ​ခု​အ​ခါ​ ထိန်း​သိမ်း​ခံ​ထား​ရ​သည်​။​ ​ဆ​ရာ​ဝန်​က​မူ​ ​ခွဲ​စိတ်​မှု​တွင်​ ​အ​မှား​အ​ယွင်း​မ​ရှိ​ကြောင်း​ ​ငြင်း​ဆို​ထား​သည်​။​ ​ခွဲ​စိတ်​မှု​အ​ပြီး​ ​၂​နာ​ရီ​တွင်​ ​ဝမ်​၏​ ​သွေး​ခုန်​နှုန်း​၊​ ​အ​သက်​ရှူ​မှု​ ​စ​သည်​တို့​ ​ပုံ​မှန်​မ​ဟုတ်​ဘဲ​ ​ဖြစ်​လာ​ကြောင်း​ ​သိ​ရ​သည်​။​ ရဲ​တပ်​ဖွဲ့​က​ ​အ​သက်​ ​၂၄​ ​နှစ်​အ​ရွယ်​ ​အ​ဆို​တော်​ ​သေ​ဆုံး​မှု​အ​တွက်​ စုံ​စမ်း​မှု​များ​ ​ပြု​လုပ်​လျက်​ရှိ​သည်​။​ ​

ဝမ်​သည်​ ​၂၀၀၅​ ​ခု​နှစ်​က​ Super​ Girl​ ​တွင်​ ​ပါ​ဝင်​ယှဥ်​ပြိုင်​ခဲ့​ပြီး​နောက်​ ​ဗိုလ်​စွဲ​ခဲ့​သူ​ ​လီ​ယူ​ချန်း​အ​တွက်​ ​အ​ကြီး​မား​ဆုံး​ ​ပြိုင်​ဖက်​ဖြစ်​ခဲ့​သ​လို​ ​ပ​ရိ​သတ်​ ​အား​ပေး​မှု​ကို​လည်း​ ​ရ​ရှိ​ခဲ့​သည်​။​ ​သူ​မ​သည်​ ​ဗိုလ်​လု​ပွဲ​တွင်​ ​အ​ရေး​နိမ့်​ခဲ့​သော်​လည်း​ ​အ​လှ​အ​ပ​နှင့်​ ​အ​ရည်​အ​ချင်း​တို့​ကြောင့်​ ​ပ​ရိ​သတ်​ ​အ​ခိုင်​အ​မာ​ ရ​ရှိ​လာ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here