ဇင်ဘာဘွေ​ သမ္မတ​ ရောဘတ်မူဘာဂီအား တရားစွဲရန် ဝန်ကြီးချုပ်​ မော်ဂန်​ ဆာဗန်နာဂီ တောင်းဆို

alt

အ​တိုက်​အ​ခံ​မှ​​ ​ဝန်​ကြီး​ချုပ်​ရာ​ထူး​​ ​ရ​ရှိ​ထား​သူ​ ​မော်​ဂန်​ဆာ​ဗန်​နာ​ဂီ​က​​ ​ဇင်​ဘာ​ဘွေ​ ​အာ​ဏာ​ရှင်​​ ​သ​မ္မ​တ​ ​ရော​ဘတ်​မူ​ဂါ​ဘီ​အား​​ ​တ​ရား​စွဲ​ရန်​ ​တောင်း​ဆို​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​

အောက်​တို​ဘာ​လ​အ​တွင်း​ ​မူ​ဂါ​ဘီ​သည်​ ​ဒေ​သ​ဆိုင်​ရာ​ ​ခေါင်း​ဆောင်​များ​ကို​ ​ပြောင်း​လဲ​ခန့်​အပ်​မှု​တွင်​ ​မိ​မိ​၏​ ​သ​ဘော​ဆ​န္ဒ​ ​မ​ပါ​သ​ဖြင့်​ ​ယင်း​အ​တွက်​ ​တ​ရား​စွဲ​ဆို​နိုင်​ရန်​ ​အ​ထက်​လွှတ်​တော်​သို့​ ​တောင်း​ဆို​လိုက်​သည်​။​ ​ဆာ​ဗန်​နာ​ဂီ​သည်​ ​နိုင်ငံ​တ​ကာ​ ​ဖိ​အား​များ​ကြောင့်​ ​မူ​ဂါ​ဘီ​နှင့်​ ​အာ​ဏာ​ခွဲ​ဝေ​ ​အုပ်​ချုပ်​ရန်​ ​သ​ဘော​တူ​ညီ​မှု​ ​ရ​ရှိ​ထား​သည်​။​ ​

မူ​ဂါ​ဘီ​က​​ ၎င်း​သည်​ ​ဒေ​သ​ဆိုင်​ရာ​ ​အုပ်​ချုပ်​ရေး​မှူး​များ​ကို​ ​ပြောင်း​လဲ​ခန့်​အပ်​ခွင့်​ရှိ​ကြောင်း​ ​တုန့်​ပြန်​ထား​သည်​။​ ​ဝန်​ကြီး​ချုပ်​နှင့်​ ​သ​မ္မ​တ​တို့​သည်​ ​၂၁​ ​လ​ကြာ​အောင်​ ​အ​စိုး​ရ​အ​တွင်း​ ​အ​တူ​ဆောင်​ရွက်​ခဲ့​သော်​လည်း​ ​အ​တိုက်​အ​ခံ​အ​ဖြစ်​ ​ဆက်​လက်​တည်​ရှိ​နေ​ဆဲ​ဖြစ်​သည်​။​ ​တောင်​အာ​ဖ​ရိ​က​ ​သ​မ္မ​တ​ ​ဂျက်​ကော့​ဇူး​မား​က​ ​ဇင်​ဘာ​ဘွေ​ ​ခေါင်း​ဆောင်​နှစ်ဦး​အား​ ​ညင်​သာ​ပျော့​ပြောင်း​စွာ​ ​ညှိ​နှိုင်း​ဆောင်​ရွက်​ရန်​ ​တိုက်​တွန်း​ခဲ့​သည်​။​ ​လေ့​လာ​သူ​များ​က​ ​ဝန်​ကြီး​ချုပ်​နှင့်​ ​သ​မ္မ​တ​ကြား​ ​တင်း​မာ​မှု​သည်​ ​နောက်​လာ​မည့်​ ​ရွေး​ကောက်​ပွဲ​တွင်​ ​အ​ကွဲ​အ​ပြဲ​များ​ ​ပြန်​လည်​ပေါ်​ပေါက်​လာ​စေ​နိုင်​ကြောင်း​ ​သုံး​သပ်​ထား​သည်​။​

​မူဂါ​ဘီ​၏​ ​ဇာ​နူး​ပါ​တီ​မှ​ ​ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​ ​ရူ​ဂါ​ရီ​ဂွမ်​ဘို​က​ ​သ​မ္မ​တ​ ​မူဂါ​ဘီ​သည်​ ​နိုင်ငံ​၏​ ​အာ​ဏာ​ရ​ပါ​တီ​ကို​ ဦး​ဆောင်​နေ​သူ​ဖြစ်​ပြီး​ ​နိုင်ငံ​အ​တွက်​ ​အ​ကျိုး​ရှိ​မည်​ဆို​ပါ​က​ ​ရာ​ထူး​နေ​ရာ​များ​ကို​ ​ပြောင်း​လဲ​ရန်​ ​အ​ခွင့်​အာ​ဏာ​ ​အ​ပြည့်​အ​ဝ​ရှိ​ကြောင်း​ ​ပြော​ဆို​လိုက်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here