​အာ​ဏာ​ရ​​ ​ဒီ​မို​က​ရက်​ပါ​တီ​အား ​ရွေး​ကောက်​ပွဲ​ စည်း​မျဥ်း​ဖောက်​ဖျက်​မှု​​ ​တ​ရားစွဲ​ဆို​မှု ​ထိုင်း​တ​ရား​ရုံး​ ပယ်​ချ

alt

ထိုင်း​တ​ရား​ရုံး​​ ​တစ်​ခု​က​ ​လက်​ရှိ​အာ​ဏာ​ရ​​ ​ဒီ​မို​က​ရက်​ပါ​တီ​၏​​ ​ရွေး​ကောက်​ပွဲ​ဆိုင်​ရာ​​ ​စည်း​မျဥ်း​ဖောက်​ဖျက်​မှု​အ​တွက်​​ ​တ​ရား​စွဲ​ဆို​ထား​မှု​​ ​တစ်​ခု​ကို​ ​ငြင်း​ဆန်​ပယ်​ချ​လိုက်​သည်​။

​ ​စွဲ​ချက်​နှစ်​ခု​အ​နက်​ ​တစ်​ခု​အ​ဖြစ်​ ​ရွေး​ကောက်​ပွဲ​ ​စည်း​ရုံး​မှု​ ​ရံ​ပုံ​ငွေ​များ​ကို​ ​အ​လွဲ​သုံး​စား​ ​လုပ်​ခဲ့​သည်​ဆို​သော​ ​ဖော်​ပြ​ချက်​များသ​ည်​ ​အ​ခြေ​အ​မြစ်​ ​မ​ရှိ​ကြောင်း​ ​တ​ရား​ရုံး​က​ ​ကြေ​ညာ​သည်​။​ ​ယင်း​သည်​ ​၂၀၀၇​ ​ခု​နှစ်​နောက်​ပိုင်း​ ​နိုင်ငံ​၏​ ​ခေါင်း​ဆောင်​ပိုင်း​ကို​ ​ရာ​ထူး​မှ​ ​ထုတ်​ပယ်​ရန်​ ​တ​တိ​ယ​အ​ကြိ​မ်​မြောက်​ ​ကြိုး​ပမ်း​မှု​ ​ဖြစ်​ခဲ့​သော်​လည်း​ ​ဝန်​ကြီး​ချုပ်​ ​အ​ဘီ​ဆစ်​ ​ဗီ​ဂျာ​ဂျီ​ဗာ​မှာ​ ​ဆက်​လက်​ရပ်​တည်​နိုင်​ခဲ့​သည်​။​

​ဖွဲ့​စည်း​ပုံဥ​ပ​ဒေ​ ​တ​ရား​ရုံး​မှ​ ​တ​ရား​သူ​ကြီး​ အူ​ဒုံ​ဆက်​ ​နီ​တီ​မွန်​ထ​ရီ​က​ ​ရွေး​ကောက်​ပွဲ​ ​ကော်​မ​တီ​က​ ​ပါ​တီင်္ကို​ ​ဖျက်​သိမ်း​ရန်​ ​စု​ရုံး​တောင်း​ဆို​မှု​သည်​ ​တ​ရားဥ​ပ​ဒေ​အ​ရ​ ​အ​ကြံုး​မ​ဝင်​ကြောင်း​၊​ ၎င်း​တို့​သည်​ ​စွဲ​ချက်​အ​တွက်​ ​၁၅​ ​ရက်​အ​တွင်း​ ​တင်​သွင်း​ရန်​ ​ပြ​ဌာန်း​ထား​သော်​လည်း​ ​အ​လျင်​မီ​အောင်​ ​မ​ပြု​လုပ်​နိုင်​ခဲ့​သ​ဖြင့်​ ​ပ​လပ်​လိုက်​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​

​ဒီ​မို​ကရက်​ ​ပါ​တီ​သည်​ ​နိုင်ငံ​၏​ ​တ​တိ​ယ​အကြီး​ဆုံး​ ​ဘိ​လပ်​မြေ​ ​ကု​မ္ပ​ဏီ​ TPI​ Polene​ Pci​​ ထံ​မှ​ ​ဘတ်​ငွေ​ ​၂၅၈​ ​သန်း​ ​ရ​ယူ​ထား​ကြောင်း​ ​စွဲ​ချက်​နှင့်​လည်း​ ​ရင်​ဆိုင်​နေ​ရ​သည်​။​ ​အ​ဘီ​ဆစ်​၏​ ​အ​စိုး​ရ​သည်​ ​လက်​ရှိ​အ​ချိန်​ထိ​ ​တိုင်း​ပြည်​စည်း​လုံး​ရေး​ ​လုပ်​ဆောင်​ချက်​များ​တွင်​ ​ရုန်း​ကန်​နေ​ရ​ဆဲ​ဖြစ်​ပြီး​ ​အာ​ဏာ​သိမ်း​ခံ​ ​ဝန်​ကြီး​ချုပ်​ဟောင်း​ ​သက်​ဆင်​ရှီ​နာ​ဝပ်​ကို​ ​ထောက်​ခံ​သူ​များ​က​ ​လာ​မည့်​နှစ်​ ​ရွေး​ကောက်​ပွဲ​တွင်​ အ​ဘီ​ဆစ်​အား​ ​ဖြုတ်​ချ​နိုင်​မည်​ဟု​ ​ယုံ​ကြည်​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here