အမေရိကန်တွင် စက်ရုပ်လက်တံဖြင့် ခံတွင်းကင်ဆာ ခွဲစိတ်ကုသမှု အောင်မြင်လျက်ရှိ

alt

အ​မေ​ရိ​ကန်​တွင်​​ ​စက်​ရုပ်​လက်​တံ​ဖြင့်​​ ​ခံ​တွင်း​ကင်​ဆာ​ ​ခွဲ​စိတ်​ကု​သ​မှု​သည်​​ ​အောင်​မြင်​မှု​များ​​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ဒက်​ထ​ရွိုက်​ရှိ​ ​ဟင်​န​ရီ​ဖို့​ ​ဆေး​ရုံ​နှင့်​ ​မစ်​ချီ​ဂန်​တ​က္က​သိုလ်​တို့​တွင်​ ​စမ်း​သပ်​မှု​များ​ ​ပြု​လုပ်​ခဲ့​ပြီး​နောက်​ ​

သ​မား​ရိုး​ကျ​ ​နည်း​လမ်း​များ​ထက်​ ​စက်​ရုပ်​လက်​တံ​ ​သုံး​စွဲ​ခြင်း​က​ ​ပို​မို​ထိ​ရောက်​အောင်​မြင်​ကြောင်း​ ​တွေ့​ရှိ​လာခဲ့​သည်​။​ ​

အ​ထူး​သ​ဖြင့်​ ​ခံ​တွင်း​ကင်​ဆာ​ ​ဝေ​ဒ​နာ​ရှင်​များ​ကို​ ​ခွဲ​စိတ်​ပြီး​နောက်​ ၎င်း​တို့​အ​နေ​နှင့်​ ​အ​စာ​မ​စား​နိုင်​ခြင်း​၊​ ​စ​ကား​မ​ပြော​နိုင်​ခြင်း​စ​သည့်​ ​အ​ခြေ​အ​နေ​များ​ကို​ ​စက်​ရုပ်​လက်​တံ​ ​နည်း​ပ​ညာ​က​ ​လျော့​နည်း​သွား​စေ​ကြောင်း​ ​သိ​ရ​သည်​။​ ​ခံ​တွင်း​ကင်​ဆာ​နှင့်​ ​ဆက်​စပ်​နေ​သည့်​ ဦး​ခေါင်း​၊​ ​လည်​ပင်း​စ​သည်​တို့​အ​တွင်း​မှ​ ​အ​ကြိတ်​များ​ကို​ ​စက်​ရုပ်​လက်​တံ​ဖြင့်​ ​ရှာ​ဖွေ​ခွဲ​စိတ်​ခြင်း​ဖြစ်​သည်​။​ ​

သ​မား​ရိုး​ကျ​ ​ခွဲ​စိတ်​မှု​နှင့်​ ​လေ​ဆာနည်း​ပ​ညာ​တို့​သည်​ ​သွေး​အ​မြောက်​အ​မြား​ ​ဆုံး​ရှံုး​စေ​သ​လို​ ​အ​ကြိတ်​အ​နီး​ရှိ​ ​တစ်​သျှူး​များ​ကို​လည်း​ ​ပျက်​စီး​စေ​သည်​။​ ​သို့​သော်​လည်း​ ​ရှည်​လျား​သေး​သွယ်​သည့်​ ​စက်​ရုပ်​လက်​တံ​ ​အ​သုံး​ပြု​ ​ခွဲ​စိတ်​မှု​မှာ​မူ​ ​ကျေ​နပ်​ဖွယ်​ ​ရ​လဒ်​များ​ ​ဖြစ်​ပေါ်​စေ​ကြောင်း​ ​ဟင်​န​ရီ​ဖို့​ ​ဆေး​ရုံ​မှ​ ​ဒေါက်​တာ​ ​တာ​မာ​ဂ​ရေ​ဟမ်​က​ဆို​သည်​။​ ​

ကင်​ဆာ​ကြိတ်​ကို​ 3D​ ​မြင်​ကွင်း​နှင့်​ ​တွေ့​မြင်​နိုင်​ပြီး​ ​မိ​မိ​တို့​ ​လုပ်​ဆောင်​နေ​သ​မျှ​ကို​ ​သေ​သပ်​စွာ​ ​ဆောင်​ရွက်​နိုင်​ကြောင်း​ ​ဒေါက်​တာ​ဂ​ရေ​ဟမ်​က​ ​ပြော​ကြား​ခဲ့​သည်​။​ မစ်​ရှီ​ဂန်​တ​က္က​သိုလ်​ ​သု​တေ​သီ​အ​ဖွဲ့​က​လည်း​ ၎င်း​တို့​သည်​ ​စက်​လက်​တံ​နှင့်​ ​လေ​ဆာ​ရောင်​ခြည်​ ​ကု​ထုံး​ကြား​ ​အ​ကျိုး​အ​ပြစ်​ ​ကွာ​ခြား​မှု​ကို​ ​ဆက်​လက်​လေ့​လာ​နေ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here