မွမ်ဘိုင်းအကြမ်းဖက်မှု ၂ နှစ်ပြည့်အခမ်းအနား ကျင်းပ

alt

အိ​န္ဒိ​ယ​နိုင်ငံ​၊​ ​မွမ်​ဘိုင်း​မြို့​တွင်​ ​ဖြစ်​ပွား​ခဲ့​သည့်​ ​က​မ္ဘာ​ကျော်​ ​အ​ကြမ်း​ဖက်​မှု​ကြီး​ ​၂​ ​နှစ်​ပြည့်​ ​အ​ခမ်း​အ​နား​ကို​ ​ကျင်း​ပ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ပါ​က​စ္စ​တန်​ ​အ​ကြမ်း​ဖက်​ ​သ​မား​များ​၏​ ​မွမ်​ဘိုင်း​မြို့​တော်​အ​တွင်း​

​ဝင်​ရောက်​စီး​နင်း​ ​တိုက်​ခိုက်​မှု​ကြောင့်​ ​လူ​ ​၁၆၆​ ဦး​ ​သေ​ဆုံး​ခဲ့​သော​ ​နှစ်​ပတ်​လည်​ ​အ​ခမ်း​အ​နား​သို့​ ​မ​ဟာ​ရက်​ရှ်​ထ​ရာ​နှင့်​ ပ​ရီ​ဗာ​ရစ်​ချာ​ဗန်း​ ​ပြည်​နယ်​အုပ်​ချုပ်​ရေး​မှူး​များ​ ​တက်​ရောက်​ခဲ့​သည်​။​ ​နို​ဝင်​ဘာ​ ​၂၆​ ​ရက်​နေ့​ ​အ​ခမ်း​အ​နား​တွင်​ ​မ​ရိန်း​တပ်​ဖွဲ့​များ​က​လည်း​ ​အ​ကြမ်း​ဖက်​မှု​ ​ဆန့်​ကျင်​ရေး​ ​ချီ​တက်​မှု​ ​တစ်​ခု​ကို​ ​ပြု​လုပ်​ခဲ့​ကြ​သေး​သည်​။​ ​၂၀၀၈​ ​ခု​နှစ်​၊​ ​နို​ဝင်​ဘာ​ ​၂၆​ ​ရက်​နေ့​မှ​ ​၂၉​ ​ရက်​နေ့​ထိ​ ​မွမ်​ဘိုင်း​တွင်​ ​အ​ကြမ်း​ဖက်​သ​မား​များ​က​ ​လက်​နက်ငယ်​များ​ဖြင့်​ ​ဆေး​ရုံ​၊​ ဘူ​တာ​၊​ ​ဂျူး​ဘု​ရား​ကျောင်း​ ​စ​သည်​တို့​ကို​ ​၇၂​ ​နာ​ရီ​ကြာ​ ​စီး​နင်း​ခဲ့​မှု​ကြောင့်​ ​အိ​န္ဒိ​ယ​၏​ ​စီး​ပွား​ရေး​ ​မြို့​တော်​ကြီး​တွင်​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ထိ​ခိုက်​ပျက်​စီး​ခဲ့​ပြီး​ ​နိုင်ငံ​ခြား​သား​များ​ ​အ​ပါ​အ​ဝင်​ ​လူ​ပေါင်း​ ​၁၆၆​ ဦး​ ​သေ​ဆုံး​ခဲ့​သည်​။​ ​

လက်​ရှ်​ကာ​အီး​ ​တိုင်​ဘာ​အ​ဖွဲ့​အ​မည်​ရှိ​ ​အ​ကြမ်း​ဖက်​ ​အ​ဖွဲ့​အ​စည်း​မှ​ ​လက်​နက်​ကိုင်​ ​၁၀​ ဦး​တို့​သည်​ ​မွမ်​ဘိုင်း​ကို​ ​အ​သေ​ခံ​ ​စီး​နင်း​ခဲ့​ကြ​ခြင်း​ဖြစ်​သည်​။​ ​နှစ်​ပတ်​လည်​ ​အ​ခမ်း​အ​နား​တွင်​ ​အိ​န္ဒိ​ယ​အ​နေ​နှင့်​ ​အ​ကြမ်း​ဖက်​မှု​ကြီး​နောက်​ပိုင်း​ ​လုံ​ခြံု​ရေး​ဆိုင်​ရာ​ ​မြှင့်​တင်​ဆောင်​ရွက်​မှု​များ​ကို​ ​ပြ​သ​သွား​သ​ည်​။​ ​အ​မေ​ရိ​ကန်​ ​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​သည်​ ​၂၀၀၈​ ​ခု​နှစ်​ ​အ​ကြမ်း​ဖက်​မှု​ကြီး​အ​တွင်း​ ​သေ​ဆုံး​ခဲ့​သူ​များ​၏​ ​ကျန်​ရစ်​သူ​ ​မိ​သား​စု​များ​ထံ​သို့​ ​ယ​ခု​သီ​တင်း​ပါတ်​ ​အ​စော​ပိုင်း​က​ ​သွား​ရောက်​အား​ပေး​ခဲ့​သေး​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here