​လိင်​ဆိုင်​ရာ​စွပ်​စွဲ​မှု​များ​ကြံု​တွေ့​နေ​ရ​သည့်​ ​ဒေး​ဗစ်​ဘက်​ခမ်း

alt

က​မ္ဘာ​ကျော်​​ ​ဘော​လုံး​သ​မား​ ​ဒေး​ဗစ်​ဘက်​ခမ်း​သည်​ ၎င်း​၏​ ​ပု​ဂ္ဂိုလ်​ရေး​ဘ​ဝ​ကို​​ ​ခြိမ်း​ခြောက်​လာ​သည့်​​ ​လိင်​ဆိုင်​ရာ​ ​စွပ်​စွဲ​မှု​များ​နှင့်​​ ​ထပ်​မံ​တွေ့​ကြံု​နေ​ရ​ကြောင်း​​ ​သိ​ရ​သည်​။​ ​

ယ​ခု​သီ​တင်း​ပါတ်​ထုတ်​ ​ဂျာ​မန်​ Touch​ Weekly​ ​မ​ဂ္ဂ​ဇင်း​က​ ​လော့စ်​အိန်​ဂျ​လိစ်​မြို့​ရှိ​ ​ဂ​လက်​ဆီ​အ​သင်း​တွင်​ ​က​စား​နေ​သော​ ​အ​င်္ဂလန်​ ​လက်​ရွေး​စင်​ဟောင်း​သည်​ ​အ​ရောင်း​ဝန်​ထမ်း​ ​အ​မျိုး​သ​မီး​တစ်ဦး​နှင့်​ ​ငြိ​စွန်း​ခဲ့​ကြောင်း​ ​စွပ်​စွဲ​ဖော်​ပြ​ခဲ့​သည်​။​ ​

ဘက်​ခမ်း​သည်​ ​အ​မျိုး​သ​မီး​များ​နှင့်​ ​ဇာတ်​ရှုပ်​ကြောင်း​ ​စွပ်​စွဲ​မှု​များ​ ​မ​ကြာ​ခ​ဏ​ ​ကြံု​ရ​လေ့​ရှိ​ပြီး​ ​ယ​ခု​အ​ခါ​ ​မ​ဂ္ဂ​ဇင်း​ကို​ ​နစ်​နာ​ကြေး​ ​ဒေါ်​လာ​ ​၁၆​ ​သန်း​ ​ရ​လို​ကြောင်း​ ​တ​ရား​စွဲ​ထား​သည်​။​

Touch​ Weekly​​ က​ ​ဘက်​ခမ်း​သည်​ ​အ​သက်​ ​၂၆​ ​နှစ်​အ​ရွယ်​ ​ဘော့​စ​နီး​ယား​သူ​ ​အင်​ရာ​နီ​စီ​နှင့်​ ​ဇာတ်​လမ်း​ဖြစ်​ခဲ့​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​ဘက်​ခမ်း​၏​ ​ရှေ့​နေ​များ​က​ ​ယင်း​စွပ်​စွဲ​ချက်​သည်​ ​အ​ခြေ​အ​မြစ်​ ​မ​ခိုင်​လုံ​သ​လို​ ​သက်​သေ​အ​ထောက်​အ​ထား​လည်း​ ​မ​ရှိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​ဘက်​ခမ်း​အ​နေ​နှင့်​ ဥ​ပ​ဒေ​ကြောင်း​အ​ရ​ ​အ​ပြည့်​အ​ဝ​ ​တုန့်​ပြန်​အ​ရေး​ယူ​သွား​ရန်​ စီ​စဥ်​ထား​ကြောင်း​ ၎င်း​၏​ ​ရှေ့​နေ​အ​ဖွဲ့​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here