Android OS အကြောင်း ကျယ်ပြန့်စွာ ဖော်ပြထားသည့် မဂ္ဂဇင်းအား Apple အွန်လိုင်း​ စတိုးမှ ပယ်ဖျက်

alt

Apple​​ ကု​မ္ပ​ဏီ​က​ ၎င်း​ပိုင်​ Online​ Application​ ​စ​တိုး​တွင်​ ​လွှင့်​တင်​ထား​သော​ ​မ​ဂ္ဂ​ဇင်း​ Application​ ​တစ်​ခု​ကို​ Android​ OS​​ အ​ကြောင်း​ ​ကျယ်​ကျယ်​ပြန့်​ပြန့်​ ​ဖော်​ပြ​ထား​မှု​ကြောင့်​ ​ပယ်​ဖျက်​လိုက်​ကြောင်း​ ​သိ​ရသည်​။​

Media​ Watch​​ က​ Apple​​ သည်​ ၎င်း​တို့​၏​ iOS​​ နှင့်​ ​အ​ပြိုင်​သ​ဖွ​ယ်​ ​ဖြစ်​နေ​သော​ Google​၏​ OS​အ​ကြောင်း​ ​ဖော်​ပြ​ထား​ခြင်း​အ​တွက်​ Androidworld​ Reader​​ ကို​ ​ပယ်​ဖျက်​ခဲ့​ကြောင်း​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။​ ​

ယင်း​လုပ်​ရပ်​သည်​ ​က​လေး​ဆန်​ပြီး​ ​ရယ်​စ​ရာ​ကောင်း​ကြောင်း​၊​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​ယင်း​မ​ဂ္ဂ​ဇင်း​ Application​​ ကို​ Apple​ Online​ ​စ​တိုး​မှ​တ​ဆင့်​ ​အ​မြောက်​အ​မြား​ ​ရောင်း​ချ​ပြီး​ဖြစ်​ကြောင်း​ Application​ ​ကို​ ​ဖန်​တီး​ခဲ့​သူ​ ​မတ်​ဒစ်​ဆ​န်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​အ​ခြား​သော​ ​ကြော်​ငြာ​ Application​ ​များ​မှာ​မူ​ Apple​​ အ​တွက်​ ​အ​နှောင့်​အ​ယှက်​ ​ဖြစ်​ဟန်​မ​တူ​ဟု​လည်း​ ​ဒစ်​ဆန်​က​ဆို​သည်​။​ Apple​ကု​မ္ပ​ဏီ​က​ ၎င်း​တို့​၏​ Application​ ​စ​တိုး​တွင်​ Application​ ​ပေါင်း​ ​သုံး​သိန်း​ကျေ်ာ​ ​ရှိ​နေ​ပြီ​ဟု​ ​အ​တည်​ပြု​ ​ကြေ​ညာ​ခဲ့​သည်​။​

​၂၀၀၈​ ​က​တည်း​က​ ​စ​တင်​လည်​ပတ်​ခဲ့​သော​ Online​​ စ​တိုး​မှ​ Download​ ​ပြု​လုပ်​မှု​ပေါင်း​မှာ​ ​၇​ ​ဘီ​လျံ​ကျော်​သွား​ပြီ​ဟု​ ​သိ​ရ​သည်​။​ iPhone​ ​နှင့်​ iPad​ ​ကဲ့​သို့​ Apple​ ​၏​ ​နာ​မည်​ကျော်​ ​ထုတ်​ကုန်​များ​တွင်​ ​အ​သုံး​ပြု​ထား​သည့်​ iOS​​ သည်​ ​ေ​ဈး​ကွက်​တွင်​ ​ကျယ်​ပြန့်​အောင်​မြင်​လာ​သော်​လည်း​ Google​ ​၏​ Android​​ က​ ​အ​ရှိန်​အ​ဟုန်​နှင့်​ ​တိုး​တက်​လာ​ခြင်း​ကြောင့်​ ​ယင်း​တို့​သည်​ ​ပြိုင်​ဖက်​အ​သွင်​ ​ဆောင်​လာ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here