ကိုရီးယားကျွန်းဆွယ်​ တင်းမာနေမှုတွင်​ တောင်ကိုရီးယား ဖက်မှ အမေရိကန် ရပ်တည်မည်ဟုကြေညာ

alt

အ​မေ​ရိ​ကန်​သ​မ္မ​တ​​ ​ဘာ​ရတ်​အို​ဘား​မား​က​ ​ကို​ရီး​ယား​ကျွန်း​ဆွယ်​တွင်​ ​စစ်​ငွေ့​သန်း​လာ​သော​ ​အ​ခြေ​အ​နေ​အ​တွက်​ ​အ​မေ​ရိ​ကန်​၏​ ​သ​ဘော​ထား​ကို​ ​ပြော​ကြား​ခဲ့​ရာ​ ​မ​ဟာ​မိတ်​ ​တောင်​ကို​ရီး​ယားဖက်​မှ​ ​အ​ပြည့်​အ​ဝ​ ​ရပ်​တည်​သွား​မည်​ဟု​ ​ကြေ​ညာ​သွား​သည်​။​ ​

နို​ဝင်​ဘာ​ ​၂၃​ ​ရက်​နေ့​က​ ​မြောက်​ကို​ရီး​ယား​ဖက်​မှ​ ​လက်​နက်​ကြီး​ ​ကျည်​ဆံ​များ​ ​တောင်​ကို​ရီး​ယား​ ​ကျွန်းတစ်​ခု​ပေါ်​ ​ကျ​ရောက်​ပေါက်​ကွဲ​ခဲ့​ပြီး​နောက်​ ​အို​ဘား​မား​က​ ​မ​ဟာ​မိတ်​နိုင်ငံ​နှင့်​ ​ရင်​ဘောင်​တန်း​ ​ရပ်​တည်​သွား​မည်​ဖြစ်​ကြောင်း​ ​ပြော​ဆို​ခဲ့​သည်​။​ ​တောင်​ကို​ရီး​ယား​သည်​ ​ကို​ရီး​ယား​ကျွန်း​ဆွယ်​ ​စစ်​ပွဲပြီး​က​တည်း​က​ ​မိ​မိ​တို့​၏​ ​မ​ဟာ​မိတ်​အ​ဖြစ်​ ​ခိုင်​မာ​စွာ​ ​ရပ်​တည်​ခဲ့​ကြောင်း​၊​ ​ထို့​ကြောင့်​လည်း​ ​တောင်​ကို​ရီး​ယား​ကို​ ​ကာ​ကွယ်​ရန်​ ​အ​မေ​ရိ​ကန်​အ​နေ​နှင့်​ ​ပြည့်​ပြည့်​ဝ​ဝ​ ​အား​ပေး​ကူ​ညီ​သွား​မည်​ဖြစ်​ကြောင်း​ ​အို​ဘား​မား​က​ဆို​သည်​။​ ​

သို့​သော်​လည်း​ ​တောင်​ကို​ရီး​ယား​တွင်​ ​တပ်​စွဲ​ထား​သည့်​ ​အ​မေ​ရိ​ကန်​စစ်​သည်​ ​၂၉၀၀၀​ ​အား​ ​စစ်​ရေး​တပ်​လှန့်​မှု​များ​ ​ပြု​လုပ်​ရန်​ ​အ​စီ​အ​စဥ်​ ​ရှိ​မ​ရှိ​နှင့်​ ​ပတ်​သက်​ပြီး​မူ​ ​သ​မ္မ​တ​က​ ​ဖြေ​ကြား​မ​သွား​ချေ​။​ ABC​​ သ​တင်း​ဌာ​န​နှင့်​ ​အင်​တာ​ဗျူး​တွင်​ ​အို​ဘား​မား​က​ ​တောင်​ကို​ရီး​ယား​ ​သ​မ္မ​တ​ ​လီ​မြောင်​ဘတ်​နှင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​ ​နှစ်​နိုင်ငံ​ ​မ​ဟာ​မိတ်​အ​ဖြစ်​ ​ရပ်တည်​မှု​ကို​ ​ခိုင်​မြဲ​စွာ​ ​သက်​သေ​ပြ​မည်​ဟု​ ​က​တိ​ပြု​ထား​ကြောင်း​ ​ပြော​ဆို​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​မြောက်​ကို​ရီး​ယား​အ​နေ​နှင့်​ ၎င်း​တို့​၏​ ကျူး​ကျော်​ရန်​စ​မှု​ကို​ ​ရပ်​တန့်​ရ​မည်​ဟု​လည်း​ ​အို​ဘား​မား​က​ဆို​သည်​။​ ​မြောက်​ကို​ရီး​ယား​သည်​ ​ယင်း​တို့​၏​ ​အ​နီး​ကပ်​ ​မ​ဟာ​မိတ်​ဖြစ်​သော​ ​တ​ရုတ်​ထံ​မှ​လည်း​ ဖိ​အား​များ​နှင့်​ ​ရင်​ဆိုင်​နေ​ရ​ကြောင်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။​ ​

တောင်​နှင့်​မြောက်​ ​ကို​ရီး​ယား​ ​နှစ်​နိုင်ငံ​ ​ဆက်​ဆံ​ရေး​သည်​ ​နှစ်​နိုင်ငံ​ ​ရေ​ပိုင်​နက်​အ​နီး​ ​တောင်​ကို​ရီး​ယား​ပိုင်​ ​စစ်​သ​င်္ဘော​ Cheonan​​ မှာ​ ​မြောက်​ကို​ရီး​ယား​ ​တော်​ပီ​ဒို​ဟု​ ​ယူ​ဆ​ရ​သည့်​အ​ရာ​ ​ထိ​မှန်​နစ်​မြုပ်​မှု​ ​နောက်​ပိုင်း​က​တည်း​က​ ​အ​ဆိုး​ဖက်​သို့​ ဦး​တည်​လာ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here