အမေရိကန်သမ္မတ အိုဘားမား ဘက်စကက်ဘော ကစားစဉ် ဒဏ်ရာရရှိ

alt

ဘက်​စ​ကက်​ဘော​​ ​က​စား​ရင်း​ ​အ​မေ​ရိ​ကန်​သ​မ္မ​တ​​ ​ဘာ​ရတ်​အို​ဘား​မား​တစ်​ယောက်​​ ​ဒဏ်​ရာ​ရ​ရှိ​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​အို​ဘား​မား​သည်​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ အ​ပျော်​တမ်း​ ​ဘက်​စ​ကက်​ဘော​ ​က​စားစဥ်​ ​ပြိုင်​ဖက်​တစ်ဦး​၏​ ​တံ​တောင်​ဆစ်​နှင့်​ ​

မ​တော်​တ​ဆ​ ​တိုက်​မိ​ရာ​မှ​ ​နှုတ်​ခမ်း​ကွဲ​ပြီး​ ​၁၂​ ​ချက်​ ​ချုပ်​လိုက်​ရ​ကြောင်း​ ​အိမ်​ဖြူ​တော်​က​ ​ကြေ​ညာ​သည်​။​ ​သ​မ္မ​တ​မှာ​ ​က​စား​ပွဲ​တွင်​ ​ထိ​ခိုက်​ခဲ့​ပြီး​နောက်​ ​နှုတ်​ခမ်း​ကို​ ​ရေ​ခဲ​အိတ်​ကပ်​ပြီး​ ​ဆေး​ရုံ​သို့​ ​သွား​ရောက်​ခဲ့​ရ​ကြောင်း​ ​သိ​ရ​သည်​။​

​နို​ဝင်​ဘာ​ ​၂၆​ ​ရက်​နေ့​က​ ​ထိ​ခိုက်​ဒဏ်​ရာ​ရ​မှု​အ​တွက်​ ​စိုး​ရိမ်​စ​ရာ​ ​မ​ရှိ​ခဲ့​သော်​လည်း​ ​ဝါ​ရှင်​တန်​ရှိ​ ​ဆေး​ရုံ​တစ်​ခု​က​ ​သ​မ္မ​တ​၏​ ​ဒဏ်​ရာ​ကို​ ​ချုပ်​ပေး​ခဲ့​ရ​ကြောင်း​ ​အိမ်​ဖြူ​တော်​မှ​ ​တာ​ဝန်​ရှိ​သူ​တစ်ဦး​က​ ​ပြော​ကြား​သွား​သည်​။​ ​အပ်​အ​သေး​ဖြင့်​ ​ချုပ်​သည့်​အ​တွက်​ ​အ​ချက်​ရေ​ပို​များ​ကြောင်း​၊​ ​သို့​သော်​လည်း​ ​အ​မာ​ရွတ်​ ​ထင်​ကျန်​ရာ​တွင်​ ​မ​ပြော​ပ​လောက်​အောင်​ ​ဖြစ်​သွား​စေ​နိုင်​ကြောင်း​ ​အိမ်​ဖြူ​တော်​ ​ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​ရော​ဘတ်ဂစ်​က​ ​ကြေ​ညာ​သွား​သည်​။​

အို​ဘား​မား​သည်​ ​ပု​ဂ္ဂိုလ်​ရေး​အ​ကူ​ဝန်​ထမ်း​ ​ရက်​ဂီ​လက်ဗ်​ ​အ​ပါ​အ​ဝင်​ ​အိမ်​ဖြူ​တော်​ ​ဝန်​ထမ်း​အ​ချို့​နှင့်​ ​ကျေး​ဇူး​တော်​နေ့​ ​ရုံး​ပိတ်​ရက်​တွင်​ ​ဘက်​စ​ကက်​ဘော​ ​က​စား​ခဲ့​ခြင်း​ဖြစ်​သ​ည်​။​ အို​ဘား​မား​သည်​ ​အား​က​စား​ ​ဝါ​သ​နာ​ပါ​သူ​ ​တစ်ဦး​ဖြစ်​ပြီး​ ​အား​လပ်​သည့်​အ​ခါ​တွင်​လည်း​ ​ဂေါက်​ရိုက်​လေ့​ရှိ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here