နာမည်ကျော် မူးယစ်ရာဇာတစ်ဦးအား မက္ကစီကိုရဲတပ်ဖွဲ့ ထပ်မံဖမ်းဆီး

alt

မ​က္က​စီ​ကို​နိုင်ငံ​​ ​ပြည်​ထောင်​စု​ ​ရဲ​တပ်​ဖွဲ့​သည်​​ ​နို​ဝင်​ဘာ​ ​၂၄​ ​ရက်​နေ့​က​​ ​နောက်​ထပ်​နာ​မည်​ကျော်​​ ​မူး​ယစ်​ရာ​ဇာ​ ​တစ်ဦး​အား​​ ​ဖမ်း​ဆီး​လိုက်​နိုင်​ကြောင်း​​ ​သိ​ရ​သည်​။​ ​မူး​ယစ်​ဆေး​ဝါး​​ ​မှောင်​ခို​ဂိုဏ်း​ခေါင်း​ဆောင်​​ ​ကား​လို့​ ​မွန်​တီ​မေ​ယာ​ ​ဂွန်​ဇာ​လက်​သည်​

​အယ်​ကာ​ရို​ဟူ​သော​ ​အ​မည်​ဖြင့်​ ​ကျော်​ကြား​ပြီး​ ​အ​မေ​ရိ​ကန်​သို့​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​တင်​သွင်း​နေ​သည့်​ ​ဂိုဏ်း​ခေါင်း​ဆောင်​ ​တစ်ဦး​လည်း​ဖြစ်​သည်​။​ ၎င်း​သည်​ ဩ​ဂုတ်​လ​က​ ​အ​ဖမ်း​ခံ​ရ​သည့်​ ​အီ​ဒင်​ဗဲ​ဒက်​ ​ဗီ​လာ​ရီး​ယဲလ်​ ​အ​မည်​ရှိ​ ​မ​က္က​စီ​ကန်​-​အ​မေ​ရိ​ကန်​ ​က​ပြား​ ​မူး​ယစ်​မှောင်​ခို​သ​မား​ ​တစ်ဦး​နှင့်​ ​လက်​တွဲ​ဆောင်​ရွက်​နေ​ကြောင်း​ ​ဖော်​ထုတ်​နိုင်​ပြီး​နောက်​ပိုင်း​ ​မ​က္က​စီ​ကို​ ​ရဲ​တပ်​ဖွဲ့​က​ ​ခြေ​ရာ​ခံ​ ​ရှာ​ဖွေ​ခဲ့​သည်​။​

​မွန်​တီ​မေ​ယာ​ကို​ ​ပ​စိ​ဖိတ်​ကမ်း​ခြေ​ရှိ​ ​ဂွာ​ရာ​ရို​ပြည်​နယ်​တွင်​ ​ဖမ်း​မိ​ခဲ့​ခြင်း​ဟု​ ​ပြည်​ထောင်​စု​ရဲ​တပ်​ဖွဲ့​၊​ ​မူး​ယစ်​ဆေး​ဝါး​ ​တိုက်​ဖျက်​ရေး​ဌာ​န​မှ​ ​ရဲ​အ​ရာ​ရှိ​ ​ရေ​မွန်​ပက်​ကွီ​နို​က​ ​ပြော​ကြား​သွား​သည်​။​ ​မွန်​တီ​မေ​ယာ​သည်​ ​နာ​မည်​ကြီး​ ​မ​က္က​စီ​ကို​ ​မူး​ယစ်​မှောင်​ခို​ဂိုဏ်း​ ဘယ်​ထ​ရန်​လီ​ဗာ​သို့​ ​၂၀၀၃​ ​ခု​နှစ်​က​ စ​တင်​ဝင်​ရောက်​ခဲ့​ခြင်း​ဖြစ်​သည်​။​

မွန်​တီ​မေ​ယာ​အား​ ​ဖမ်း​မိ​ခြင်း​သည်​ ​နိုင်ငံ​အ​တွင်း​ ​သောင်း​ကျန်း​လှုပ်​ရှား​နေ​သော​ ​မူးယစ်​မှောင်​ခို​ ​လုပ်ငန်း​များ​ကို​ ​အ​ထိ​နာ​စေ​ပြီး​ မ​က္က​စီ​ကို​ ​ရဲ​တပ်​ဖွဲ့​၏​ ​မူး​ယစ်​ဆေး​ဝါး​ ​ဆန့်​ကျင်​တိုက်​ဖျက်​ရေး​ လုပ်​ဆောင်​ချက်​များ​တွင်​ ​ထင်​သာ​မြင်​သာ​သော​ ​အောင်​မြင်​မှု​တစ်​ခု​ ​ဖြစ်​လာ​စေ​ကြောင်း​ ​ပက်​ကွီ​နို​က​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ဆို​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here