ဟေတီကာလဝမ်းရောဂါ လူပေါင်း နှစ်သန်းအထိ ကူးစက်နိုင်

alt

ကျန်း​မာ​ရေး​ဆိုင်​ရာ ​ထိပ်​တန်း​တာ​ဝန်​ရှိ​သူ​​ ​တစ်ဦး​က​ ​နိုင်ငံ​အ​တွင်း​​ ​လျင်​မြန်​စွာ​ ​ကူး​စက်​ပျံ့​နှံ့​နေ​သည့်​ ​ကာ​လ​ဝမ်း​ရော​ဂါ​သည်​ ​လူ​ပေါင်း​ ​နှစ်​သန်း​ထိ​ ​ကူး​စက်​လာ​နိုင်​ကြောင်း​ ​ဝန်​ခံ​ပြော​ကြား​လိုက်​သည်​။​ ​

ယင်း​ရော​ဂါ​ကို​ ​ထိ​ရောက်​စွာ​ ​မ​ဟန့်​တား​နိုင်​ပါ​က​ ​လာ​မည့်​ ​၃​ ​နှစ်​အ​တွင်း​ ​အ​ဆို​ပါ​ ​အ​ရေ​အ​တွက်​ထိ​ ​ရော​ဂါ​ကူး​စက်​ ​ခံ​ရ​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​ပန်​အ​မေ​ရိ​က​ ​ကျန်း​မာ​ရေး​အ​ဖွဲ့​ကြီး​မှ​ လက်​ထောက်​ဒါ​ရိုက်​တာ​ ​ဂ​ျွန်​ကင်​အန်း​ဒရက်​က​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်​။​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​ခိုင်​မာ​သော​ ​လုပ်​ဆောင်​ချက်​မျိုး​ဖြင့်​ ​ဟေ​တီ​ကို​ ​ထောက်​ပံ့​ပေး​သွား​ရန်​ ​လို​အပ်​ကြောင်း​၊​ ​မ​ဟုတ်​ပါ​က​ ​လာ​မည့်​ ​၁၂​ ​လ​တာ​ ​ကာ​လ​အ​တွင်း​ ​ရော​ဂါ​ကူး​စက်​ခံ​ရ​သူ​ ​လေး​သိန်း​ကျော်​ထိ​ ​ရှိ​လာ​နိုင်​ကြောင်း​ ​အန်း​ဒ​ရက်က​ ​သ​တိ​ပေး​ခဲ့​သည်​။​ ​

ဟေ​တီ​ကျန်း​မာ​ရေး​ ​ဝန်​ကြီး​ဌာ​န​ ​လက်​ရှိ​တွင်​ ​ဆေး​ရုံ​သို့​ ​ရောက်​ရှိ​နေ​သူ​များ​ရော​၊​ ​ပြင်​ပ​တွင်​ ​ရှိ​နေ​သူ​များ​ပါ​ ​စု​စု​ပေါင်း​ ​ရော​ဂါ​ကူး​စက်​ခံ​ရ​သူ​ ​၅၆၉၀၁​ ဦး​ထိ​ ​ရှိ​နေ​ကြောင်း​ ​ကြေ​ညာ​ထား​သည်​။​ ​ဟေ​တီ​၏​ ​ဒေ​သ​ကြီး​ ​၁၀​ ​ခု​အ​နက်​ ​၈​ ​ခု​တွင်​ ​ယင်း​ရော​ဂါ​၏​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ခြိမ်း​ခြောက်​မှု​နှင့်​ ​တွေ့​ကြံု​နေ​ရ​သည်​။​ ​အန်း​ဒရက်စ်​က​ ​ဆ​ရာ​ဝန်​၊​ ​သူ​နာ​ပြု​ကဲ့​သို့​ ​ကျန်း​မာ​ရေး​ ​ဝန်​ထမ်း​များ​ ​အ​လုံ​အ​လောက်​ ​မ​ရှိ​ခြင်း​၊​ ​ရော​ဂါ​ကူး​စက်​မှု​ကို​ ​ဟန့်​တား​နိုင်​မည့်​ ​ဆေး​ဝါး​နှင့်​ ​ကိ​ရိ​ယာ​ ​ပ​စ္စည်း​များ​ ​မ​ပြည့်​စုံ​ခြင်း​တို့​သည်​ ​ဟေ​တီ​ကာ​လ​ဝမ်း​ရော​ဂါ​ကို​ ​ထိန်း​ချုပ်​ရန်​ ​အ​ခက်​အ​ခဲ​တစ်​ခု​ဟု​ ​ဝန်​ခံ​ခဲ့​သည်​။​ ​

ဟေ​တီ​မှ​ ​ကာ​လ​ဝမ်း​ရော​ဂါ​သည်​ ​အိမ်​နီး​ချင်း​ ​ဒို​မီ​နီ​ကန်​နိုင်ငံ​နှင့်​ ​အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​ဖ​လော်​ရီ​ဒါ​တို့​သို့​ ​ရောက်​ရှိ​ခဲ့​သော်​လည်း​ ​ထိန်း​ချုပ်​နိုင်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here