အဖော်အချွတ်မင်းသမီးတစ်ဦးအား ရိုက်နှက်ခဲ့သည့်ဆိုမှု မင်းသား ချားလီရှင်းငြင်းဆို

alt

ဟော​လီး​ဝုဒ်မင်း​သား​​ ​ချာ​လီ​ရှင်း​က​ ​အ​ဖော်​အ​ချွတ်​​ ​ရုပ်​ရှင်​စ​တား​ ​မင်း​သ​မီး​တစ်ဦး​အား​​ ​ရိုက်​နှက်​ခဲ့​ကြောင်း​​ ​စွပ်​စွဲ​ချက်​နှင့်​​ ​ပတ်​သက်​ပြီး​ ​ငြင်း​ဆန်​ပယ်​ချ​သွား​သည်​။​​ ​

ခ​ရစ်​စ​တီး​နား​ဝက်​ရှ်​အား​​ ​မိ​မိ​က​ ​အ​ကြမ်း​ဖက်​ခဲ့​သည်​ဆို​သော​ ​သ​တင်း​သည်​ ​လုံး​ဝ​မှား​ယွင်း​ကြောင်း​ Two​ And​ A​ Half​ ​မင်း​သား​က​ဆို​သည်​။​ ဝက်​ရှ်​သည်​ ​သူ​မ​ပါ​ဝင်​သော​ ​ဇာတ်​ကား​များ​တွင်​ ​ကာ​ပ​ရီ​အန်​ဒါ​ဆင်​ဆို​သော​ ​အ​မည်​ကို​ ​အ​သုံး​ပြု​လေ့​ရှိ​သည်​။​ ​ဝက်​ရှ်​က​ ​ချာ​လီ​သည်​ ​အောက်​တို​ဘာ​ ​၂၆​ ​ရက်​နေ့​ည​က​ ​န​ယူး​ယောက်​မြို့​ရှိ​ ​ပ​လာ​ဇာ​ဟို​တယ်​တွင်​ ​သူ​မ​အား​ ​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​ခဲ့​ကြောင်း​ ​စွပ်​စွဲ​ထား​သည်​။​ ​သို့​သော်​လည်း​ ​ဝက်​ရှ်​က​ ​ရဲ​များ​ကို​ ​တိုင်​ကြား​ခဲ့​သည်​ဆို​သော​ ​စ​ကား​နှင့်​ ​ပတ်​သက်​ပြီး​မူ​ ​သူ​မ​၏​ ​ရှေ့​နေ​က​ ​ငြင်း​ဆန်​ထား​သည်​။​ ​

ချာ​လီ​သည်​ ​ဝက်​ရှ်​၏​ ​လည်​ပင်း​ကို​ညှစ်​ကာ​ ​ခြိမ်း​ခြောက်​ခဲ့​ကြောင်း​၊​ ​သို့​သော်​လည်း​ ​ဝက်​ရှ်​အ​နေ​နှင့်​ ​ရဲ​များ​ကို​ ​တိုင်​ကြား​ခဲ့​ခြင်း​ ​မ​ရှိ​ကြောင်း​ ​ဝက်​ရှ်​၏​ ​ရှေ့​နေ​က​ဆို​သည်​။​ ​ဝက်​ရှ်​သည်​ TV​​ အင်​တာ​ဗျူး​ ​တစ်​ခု​တွင်​ ​ချာ​လီ​နှင့်​ ​က​တောက်​က​ဆ​ ​ဖြစ်​ခဲ့​မှု​အ​ကြောင်း​ ​ပြန်​လည်​ပြော​ကြား​ခဲ့​သေး​သည်​။​ ​ချာ​လီ​သည်​ ​မီး​အိမ်​တစ်​လုံး​ကို​ ​ရိုက်​ခွဲ​ကာ​ ​သူ​မ​ထံ​သို့​ ပစ်​ပေါက်​ခဲ့​ကြောင်း​ ​ပြော​ဆို​ခဲ့​သော်​လည်း​ ​သူ​မ​အ​နေ​နှင့်​ ​ပု​ဂ္ဂိုလ်​ရေး​ ​ဖြေ​ရှင်း​ရန်​သာ​ ​ဆ​န္ဒ​ရှိ​ခဲ့​ပြီး​ ​ရာ​ဇ​ဝတ်​မှု​နှင့်​ ​စွဲ​ချက်​တင်​ရန်​ ​စိတ်​ကူး​မ​ရှိ​ခဲ့​ကြောင်း​ ​ဆက်​လက်​ပြော​ကြား​သွား​သည်​။​

သ​တင်း​တစ်​ခု​က​မူ​ ​ဝက်​ရှ်​သည်​ ဥ​ပ​ဒေ​ ​အ​ကျိုး​ဆောင်​ ​လုပ်ငန်း​အ​ချို့​နှင့်​ ​ဆက်​သွယ်​ခဲ့​သေး​သော်​လည်း​ ​သူ​မ​သည်​ ​နာ​မည်​ကြီး​လို​သ​ဖြင့်​ ​အ​ဆန်း​ထွင်​ခြင်း​ဟု​ ​ယူ​ဆ​သော​ကြောင့်​ ​အ​ကျိုး​ဆောင်​အ​ဖွဲ့​များ​က​ ​ငြင်း​ဆန်​ခဲ့​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here