Apple ၏ ပထမဆုံး ကွန်ပျူတာအား လေလံတင်​ ရောင်းချ

alt

Apple​ ​ကု​မ္ပ​ဏီ​၏​ ​ပ​ထ​မ​ဆုံး​ ​ကွန်​ပျူ​တာ​ဖြစ်​သော​ Apple-1​ ​ကို​ ​ဒေါ်​လာ​ ​၂၁၃၆၀၀​ ​ဖြင့်​ ​လေ​လံ​တင်​ ​ရောင်း​ချ​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​က​မ္ဘာ​ပေါ်​တွင်​ ​အောင်​မြင်​မှု​ ​အ​ကြီး​မား​ဆုံး​ ​နည်း​ပ​ညာ​ ​ကု​မ္ပ​ဏီ​ကြီး​ ​တစ်​ခု​၏​ ​သ​မိုင်း​ဝင်​ ​အ​ထိမ်း​အ​မှတ်​ ​ပ​စ္စည်း​လေး​တစ်​ခု​ဟု​ ​သတ်​မှတ်​နိုင်​သော

​ ​ယင်း​ကွန်​ပျူ​တာ​ ​အ​ဟောင်း​လေး​ကို​ ​နို​ဝင်​ဘာ​ ​၂၃​ ​ရက်​နေ့​ ​လေ​လံ​ပွဲ​တွင်​ ​ရောင်း​ချ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​

၁၉၇၆​ ​ခု​နှစ်​က​ Apple​​ သည်​ RAM​ 8kb​ ​ပါ​ဝင်​သော​ ​အ​ဆို​ပါ​ ​ကွန်​ပျူ​တာ​လေး​အား​ ​၆၆၆​ ​ဒေါ်​လာ​ဖြင့်​ ​ရောင်း​ချ​ခဲ့​သည်​။​ ​ကွန်​ပျူ​တာ​လေး​တွင်​ ကက်​ဆက်​နှင့်​ Board​ Connector​ ​တစ်​ခု​တို့​လည်း​ ​ပါ​ဝင်​သည်​။​ ​သ​မိုင်း​ကို​ ​စ​တင်​ခဲ့​သော​ ​ပ​စ္စည်း​လေး​ကို​ ​လန်​ဒန်​မြို့​တွင်​ ​လေ​လံ​တင်​ခဲ့​ရာ​ ​ယ​ခု​လို​ ​ဒေါ်​လာ​ ​နှစ်​သိန်း​ကျော်​ထိ​ ​ေ​ဈး​ပေး​ဝယ်​ယူ​သွား​ခြင်း​ဖြစ်​သည်​။​ ​ဝယ်​ယူ​သွား​သူ​မှာ​ ​အီ​တ​လီ​မှ​ ​လုပ်ငန်း​ရှင်​နှင့်​ ​ဝါ​သ​နာ​အ​ရ​ ​ရှေး​ဟောင်း​ပ​စ္စည်း​များ​ ​ရှာ​ဖွေ​စု​ဆောင်း​နေ​သူ​ ​တစ်ဦး​ဖြစ်​ကြောင်း​ ​လေ​လံ​ဌာ​န​က​ AP ​သ​တင်း​ဌာ​န​သို့​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ယင်း​လေ​လံ​ပွဲ​သို့​ Apple​ ​ကို​ ​ပူး​ပေါင်း​ထူ​ထောင်​သူ​ ​စ​တိ​ဝေါ့ဇ်​ ​ဝေါ့ဇ်​နီ​ယက်​လည်း​ ​တက်​ရောက်​ခဲ့​သည်​။​ Apple​​ သည်​ Apple-1​​ ကွန်​ပျူ​တာ​ကို​ ​အ​လုံး​ပေါင်း​ ​၂၀၀​ ​ဝန်း​ကျင်​သာ​ ​ထုတ်​လုပ်​နိုင်​ခဲ့​ပြီး​ ​လက်​ရှိ​တွင်​ ​အ​လုံး​ရေ​ ​၅၀​ ​အောက်​သာ​ ​ကျန်​တော့​မည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​သိ​ရ​သည်​။​ Apple-1​​ သည်​ ​အ​သစ်​ထုတ်​ ​ကုန်​စည်​တစ်​ခု​အ​ဖြစ်​ ​သက်​တမ်း​သိပ်​မ​ခံ​ခဲ့​ချေ​။​ ၎င်း​အား​ ​စ​တင်​ရောင်း​ချ​ပြီး​ ​၉​ ​လ​အ​ကြာ​တွင်​ Apple ​သည်​ Apple-2 ​ကွန်​ပျူ​တာ​ကို​ ​ရောင်း​ချ​ခဲ့​ပြီး​ ​ယင်း​သည်​ ​အ​နာ​ဂတ်​ကာ​လ​ ​ကွန်​ပျူ​တာ​များ​အ​တွက်​ ​ရှေ့​ဆောင်​လမ်း​ပြ​အ​ဖြစ်​ ​ပ​လပ်​စ​တစ်​ Casing​​ နှင့်​ Keyboard​ ​တို့​ ပါ​ဝင်​လာ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here