ဟေတီတွင် ကာလဝမ်းရောဂါဖြစ်ပါးနေသူ ငါးသောင်းနီးပါး ရှိလာပြီဟု ကုလသမဂ္ဂကြေညာ

alt

ကု​လ​သ​မ​ဂ္ဂ​က​ ​ဟေ​တီ​တွင်​ ​ကာ​လ​ဝမ်း​ရော​ဂါ​ ​ဖြစ်​ပွား​နေ​သူ​ ​အ​ရေ​အ​တွက်​သည်​ ငါး​သောင်း​နီး​ပါး​ ​ရှိ​လာ​ပြီ​ဟု​ ​ယုံ​ကြည်​ရ​ကြောင်း​ ​ကြေ​ညာ​လိုက်​သည်​။​ ​ကု​လ​သ​မ​ဂ္ဂ​၏​ ​အ​ဆို​အ​ရ​ ​အ​သေ​အ​ပျောက်​ ​စာ​ရင်း​မှာလည်း

​ ​နို​ဝင်​ဘာ​ ​၂၄​ ​ရက်​နေ့​တွင်​ ​၁၂၀၀​ ​ကျော်​သွား​ပြီ​ဖြစ်​ပြီး​ ​ရော​ဂါ​ကူး​စက်​မှု​သည်​ ​ယ​ခင်​ခန့်​မှန်း​သည်​ထက်​ ​ဆိုး​ရွား​မြန်​ဆန်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​ထို့​အပြင်​ ​စာ​ရင်း​ကောက်​ခံ​ရန်​ ​ခက်​ခဲ​သော​ ​ဒေ​သ​များ​တွင်​လည်း​ ​အ​သေ​အ​ ပျောက်​များ​ ​ရှိ​နေ​သ​ဖြင့်​ ​အ​မှန်​တ​ကယ်​ ​သေ​ဆုံး​သူ​ ဦး​ရေ​သည်​ ​၂၀၀၀​ ​ကျော်​သွား​ပြီ​ဟု​ ​ခန့်​မှန်း​ရ​ကြောင်း​ ​ကု​လ​သမ​ဂ္ဂ​က​ ​ထုတ်​ပြန်​ကြေ​ညာ​ခဲ့​သည်​။​ ​ကြောက်​စ​ရာ​ကောင်း​သော​ ​ကူး​စက်​ရော​ဂါ​ကြီး​နှင့်​ ​ပတ်​သက်​ပြီး​ ​ပန်​-​အ​မေ​ရိ​ကန်​ ​ကျန်း​မာ​ရေး​အ​ဖွဲ့​ကြီး​ (PAHO)​ ​က​လည်း​ အ​ချိန်​မီ​ ​မ​တား​ဆီး​နိုင်​လျင်​ ​လာ​မည့်​ ​၃​ ​လ​အ​တွင်း​ ​ရော​ဂါ​ကူး​စက်​ခံ​ရ​သူ​ ​နှစ်​သိန်း​ထိ​ ​ရှိ​လာ​မည်​ဟု​ ​သ​တိ​ပေး​ထား​သည်​။

​ ​ဟေ​တီ​တွင်​ ​ဆေး​ဝါး​နှင့်​ ​ကျန်း​မာ​ရေး​ဝန်​ထမ်း​ ​မ​လုံ​လောက်​မှု​ သည်​လည်း​ ​ကြီး​မား​သော​ ​အ​ခက်​အ​ခဲ​အ​ဖြစ်​ ​တည်​ရှိ​နေ​ဆဲ​ဖြစ်​သည်​။​ ​ဟေ​တီ​အ​ထွေ​ထွေ​ ​ရွေး​ကောက်​ပွဲ​ကို​ ​ယ​ခု​သီ​တင်း​ပါတ်​ကုန်​တွင်​ ​ကျင်း​ပ​ရန်​ ​စီ​စဥ်​ထား​မှု​ကို​လည်း​ ​ကာ​လ​ဝမ်း​ရော​ဂါ​ ​ပျံ့​နှံ့​နေ​သည့်​တိုင်​ ​ဆက်​လက်​ပြု​လုပ်​သွား​ မည်​ဟု​ ​သိ​ရ​သည်​။​ ​လေ့​လာ​သူ​များ​က​ ​ဟေ​တီ​တစ်​နိုင်ငံ​လုံး​တွင်​ ​ရော​ဂါ​ပျံ့​နှံ့​နေ​မှု​ကို​ အ​တိ​အ​ကျ​ ​စာ​ရင်း​ပြု​စု​နိုင်​ရန်​ ​တစ်​နှစ်​မျှ​ ​အ​ချိန်​ယူ​ရ​နိုင်​ကြောင်း​ ​ခန့်​မှန်း​ထား​သည်​။​ ​

ဟေ​တီ​သည်​ ​ဇန်​န​ဝါ​ရီ​လ​အ​တွင်း​က​ ​ခံ​စား​ခဲ့​ရ​သည့်​ င​လျင်​ ကြီး​၏​ဒဏ်​၊​ ​မ​ကြာ​သေး​မီ​က​ ​ရင်​ဆိုင်​ကြံု​တွေ့​ခဲ့​ရ​သည့်​ ​ဟာ​ရီ​ကိန်း​မုန်​တိုင်း​၏​ ​ဒဏ်​များ​ကြောင့်​ ​အ​ကြပ်​အ​တည်း​များ​ ​ကြံု​နေ​ရစဥ်​ ​ကာ​လ​ဝမ်း​ရော​ဂါ​ ​ကူး​စက်​မှု​သည်​ ​အ​ဆိုး​ရွား​ဆုံး​ ​အ​ခြေ​အ​နေ​သို့​ ​ရောက်​ရှိ​စေ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here