Facebook သုံးစွဲသူများ Malware ခြိမ်းခြောက်မှု ရင်ဆိုင် နေရကြောင်း BitDefender ဝေဖန်

alt

လုံ​ခြံု​ရေး​ဆိုင်​ရာ​ Software​ ​များ​ ​ထုတ်​လုပ်​ရောင်း​ချ​သည့်​ BitDefender​ ​ကု​မ္ပ​ဏီ​က​ Facebook​ ​ဝက်​ဆိုက်​ ​သုံး​စွဲ​သူ​များ​သည်​ Malware​​ များ​၏​ ​ခြိမ်း​ခြောက်​မှု​နှင့်​ ​အ​စဥ်​သ​ဖြင့်​ ​ရင်​ဆိုင်​နေ​ရ​ကြောင်း​ ​ဝေ​ဖန်​ပြော​ ကြား​လိုက်​သည်​။​ ​

အ​ဆို​ပါ​ ​ရို​မေး​နီး​ယား​ ​ကု​မ္ပ​ဏီ​သည်​ Safego​ ​အ​မည်​ရှိ​ Application​ ​တစ်​ခု​ကို​ Beta​ ​အ​ဆင့်​ ​ထုတ်​ဝေ​ပြီး​ Facebook​တွင်​ ​စမ်း​သပ်​ထောက်​လှမ်း​ခဲ့​ရာ​ Facebook​ရှိ​ News​ Feed​ ​များ​၏​ ​၂၀​ ​ရာ​ခိုင်​နှုန်း​သည်​ ​ထောင်​ ချောက်​ဆင်​ Malware​ ​များ​ ​ခို​အောင်း​နေ​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​ SafeGo​ ​သည်​ Facebook​ ​ရှိ​ User​ ​များ​၏​ Link​ ​များ​၊​ Comment​ ​များ​၊​ ​အ​ခြား​သော​ ​အ​ချက်​အ​လက်​များ​နှင့်​ Post​ ​များ​တွင်​ malware​ ​များ​ ​ခို​အောင်း​နေ​ ခြင်း​ ​ရှိ​မ​ရှိ​ကို​ Scan​​ ဖတ်​ ​စစ်​ဆေး​ပေး​နိုင်​သည်​။​

BitDefender​​ က​ Malware​ ​များ​ကြောင့်​ Facebook​ ​ရှိ​ Third​ Party​ Application​​ များ​၏​ ​၆၀​ ​ရာ​ခိုင်​နှုန်း​သည်​ ​လုံ​ခြံု​ရေး​ဆိုင်​ရာ​ ​ခြိမ်း​ခြောက်​မှု​များ​ ​ကြံု​နေ​ရ​ကြောင်း​လည်း​ ​ပြော​ကြား​ ခဲ့​သည်​။​ Facebook​​ သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​အ​အောင်​မြင်​ဆုံး​ Social​ Networking​ ​ဝက်​ဆိုက်​အ​ဖြစ်​ ​ရပ်​တည်​နေ​သည့်​တိုင်​ Koobface​​ ကဲ့​သို့​ ​အ​ဖျက်​ဗိုင်းရပ်စ်​များ​၏​ ​စိန်​ခေါ်​တိုက်​ခိုက်​မှု​ကို​ ​ခံ​ခဲ့​ရ​သည်​။​

Facebook​ ​သည်​ ​ယ​ခု​လ​အ​တွင်း​ Message​​ ဆိုင်​ရာ​ ​လုံ​ခြံု​မှု​ ​အ​ဆင့်​ကို​ ​ပြောင်း​လဲ​တိုး​မြှင့်​မှု​များ​ ​ပြု​လုပ်​ကြောင်း​ ​ကြေ​ညာ​ခဲ့​သော်​လည်း​ BitDefender​​ က​မူ​ Malware​​ အ​န္တ​ရာယ်​မှာ​ ​ကြီး​မား​နေ​ဆဲ​ဟု​ ​ထောက်​ပြ​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here