ပိုင်နက်အတွင်းမှ ကျွန်းများကို ကာကွယ်သွားမည်ဟု တောင်ကိုရီးယား ကြေညာ

alt

တောင်​ကို​ရီး​ယား​ ​နိုင်ငံ​၏​ ​မိ​မိ​၏​ ​ပိုင်​နက်​ကျွန်း​များ​ကို​ ​ကာ​ကွယ်​သွား​မည်​ဟု​ ​ကြေ​ညာ​လိုက်​သည်​။​ ​နို​ဝင်​ဘာ​ ​၂၃​ ​ရက်​နေ့​က​ ​မြောက်​ကို​ရီး​ယား​ ​လက်​နက်​ကြီး​ ​ကျည်​ဆံ​များ​ ​ကျ​ရောက်​ပေါက်​ကွဲ​ပြီး​နောက်​ ​

တောင်​ကို​ရီး​ယား​သည်​ ​မြောက်ပိုင်း​ကွန်​မြူ​နစ်​ ​နိုင်ငံ​နှင့်​ ​နယ်​နိ​မိတ်​အ​နီး​ ​ကျွန်း​များ​ကို​ ​လုံ​ခြံု​ရေး​ ​တိုး​မြှင့်​ထား​လိုက်​သည်​။​ ​ထို့​အ​ပြင်​ ​သ​မ္မ​တ​ ​ဟူ​ကျင်​တောင်​သည်​လည်း​ ​အ​မေ​ရိ​ကန်​ ​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​နှင့်​ ​ဖုန်း​ဆက်​ဆွေး​ နွေး​ခဲ့​ပြီး​ ​အ​မေ​ရိ​ကန်​က​ ​မ​ဟာ​မိတ်​ ​တောင်​ကို​ရီး​ယား​နှင့်​ ​ရင်​ဘောင်​တန်း​ ​ရပ်​တည်​မည်​ဟု​ က​တိ​ပြု​ထား​သည်​။​ ​မြောက်​ကို​ရီး​ယား​သည်​ ​တောင်​ကို​ရီး​ယား​ပိုင်​ ​ကျွန်း​တစ်​ခု​သို့​ ​လက်​နက်​ကြီး​ ​ကျည်​ဆံ​ ​အ​လုံး​ ​၅၀​ ​ခန့်​ ​ပစ်​လွှတ်​ခဲ့​ရာ​ ​ တိုက်​တာ​များ​ ​ပြို​ကျ​ပြီး​ ​လူ​ ​၂​ ဦး​ထက်​မ​နည်း​ ​သေ​ဆုံး​ကြောင်း​ ​တောင်​ကို​ရီး​ယား​ ​သ​တင်း​ဌာ​န​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။​

​မြောက်​ကို​ရီး​ယား​က​ ​ယ​ခု​ပစ်​ခတ်​မှု​သည်​ ​တောင်​ကို​ရီး​ယား​နှင့်​ ​အ​မေ​ရိ​ကန်​တို့​သည်​ ​မြောက်​ကို​ရီး​ယား​ ​ရေ​ပိုင်​ နက်​အ​နီး​ ​ပူး​ပေါင်း​စစ်​ရေး​လေ့​ကျင့်​မှု​ကို​ ​ဆန့်​ကျင်​သည့်​ ​အ​နေ​နှင့်​ ​တုန့်​ပြန်​ခြင်း​ဖြစ်​ကြောင်း​ ​ကြေ​ညာ​ခဲ့​သ​လို​ ​ယင်း​လုပ်​ရပ်​သည်​ ကို​ရီး​ယား ​နှစ်​နိုင်ငံ​ကြား​ ​ဆက်​ဆံ​ရေး​ကို​ ​ထိ​ခိုက်​စေ​လိမ့်​မည်​ဟု​ ​ကြံုး​ဝါး​သ​တိ​ပေး​လိုက်​သည်​။​ ​ မြောက်​ကို​ရီး​ယား​၏​ စစ်​ရေး​မ​ဟာ​မိတ်​ ​တ​ရုတ်​နိုင်ငံ​က​လည်း​ ​ကို​ရီး​ယား​ကျွန်း​ဆွယ်​တွင်​ ​စစ်​မီး​ပွား​ ​စ​တင်​လာ​နိုင်​သည့်​ ​အ​ခြေ​အ​နေ​ကို​ ​အ​စွမ်း​ကုန်​ ​တား​မြစ်​သွား​မည်​ဟု​ဆို​သည်​။​ လက်​ရှိ​တွင်​ ​တောင်​ကို​ရီး​ယား​သည်​ ​ကျွန်း​များ​၏​ ​လုံ​ ခြံု​ရေး​အ​ဆင့်​ကို​ ​မြှင့်​တင်​လိုက်​ပြီး​ ​လို​အပ်​လာ​ပါ​က​ ​အ​ချိန်​မ​ရွေး​ ​တုန့်​ပြန်​တိုက်​ခိုက်​ရန်​ ​အ​သင့်​ပြင်​ထား​သည်​။​ ​​

မြောက်​ကို​ရီး​ယား​ ​လက်​နက်​ကြီး​များ​ ​ကျ​ရောက်​ရာ​ ​ယုံ​ပြွမ်း​ကျွန်းသည်​ ​အ​ရပ်​သား​ ​၁၇၀၀​ ​ကျော်​ ​နေ​ထိုင်​ပြီး​ ​တောင်​ကို​ ရီး​ယား​ ​စစ်​တပ်​များ​လည်း​ ​တပ်​စွဲ​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here