ဆော်ဒီဘုရင် အမေရိကန်တွင် နောက်ကျောခွဲစိတ်မှုခံယူ

alt

ဆော်​ဒီ​အာ​ရေ​ဗျ​ ​ဘု​ရင်​မင်း​မြတ်​ ​အ​မေ​ရိ​ကန်​တွင်​ ​နောက်​ကျော​ခွဲ​စိတ်​မှု​ ​ပြု​လုပ်​ခဲ့​ခြင်းသည်​ ​အ​ပြည့်​အ​၀​ ​အောင်​မြင်​ကြောင်း​ ​ရီ​ယက်​မြို့​ရှိ​ ​တော်​ဝင်​မိ​သား​စု​ ​နန်း​တော်​က​ ​ကြေ​ညာ​ခဲ့​သည်​။​

​န​ယူး​ယောက်​ ​ပ​ရက်စ်​ဘိုင်​တာ​လန်​ ​ဆေး​ရုံ​တွင်​ ​ပြု​လုပ်​သည့်​ ​ခွဲ​စိတ်​မှု​ အ​ပြီး​ ​ဘု​ရင်​မင်း​မြတ်​၏​ ​နောက်​ကျော​ရှိ​ ​အာ​ရုံ​ကြော​ကို​ ​ဖိ​ထား​ပြီး​ ​ဒု​က္ခ​ပေး​နေ​သည့်​ ​သွေး​ခဲ​ကို​ ​ဖယ်​ထုတ်​ လိုက်​နိုင်​ကြောင်း​၊​ ​ဘု​ရင်​မင်း​မြတ်​၏​ ​အ​ခြေ​အ​နေ​ ​တည်​ငြိမ်​ကောင်း​မွန်​ပြီး​ ​မ​ကြာ​မီ​ ​သက်​သာ​ပျောက်​ကင်း​လာ​မည်​ဖြစ်​ကြောင်း​ ​တော်​ဝင်​မိ​သား​စု​မှ​ ​ထုတ်​ပြန်​သည့်​ ​ကြေ​ညာ​ချက်​တွင်​ ​ပါ​ရှိ​သည်​။​ ​အ​သက်​ ​၈၆​ ​နှစ်​အ​ရွယ်​ ​ဘု​ရင်​အက်​ဘ​ဒူ​လာ​သည်​ ​ယ​ခု​သီ​တင်း​ပါတ်​ ​အ​စော​ပိုင်း​က​ ​အ​မေ​ရိ​ကန်​သို့​ ​သွား​ ရောက်​ကာ​ ​ဆေး​စစ်​မှု​ ​ခံ​ယူ​ပြီး​နောက်​ ​ကျော​ဖက်​ရှိ​ ​သွေး​ခဲ​ကို​ ​ခွဲ​စိတ်​ဖယ်​ရှား​ရန်​ ​ဆ​ရာ​ဝန်​များ​က​ ​အ​ကြံ​ပြု​ခဲ့​သည်​။​ ​ဘု​ရင်​နှင့်​အ​တူ​ ​အ​သက်​ ​၈၅​ ​နှစ်​အ​ရွယ်​ ​ဝမ်း​ကွဲ​ညီ​တော်​ ​တစ်​ပါး​လည်း​ ​ကျန်း​မာ​ရေး​ဆိုင်​ရာ​ ​စစ်​ဆေး​မှု​များ​ ​ခံ​ယူ​ရန်​ ​လိုက်​ပါ​လာ​ခဲ့​သည်​။​ ​

ဆော်​ဒီ​တော်​ဝင်​ ​မိ​သား​စု​သည်​ ဘု​ရင်​မင်း​မြတ်​၏​ ​ကျန်း​မာ​ရေး​နှင့်​ ​ပတ်​သက်​သော​ ​အ​သေး​စိတ်​ ​အ​ခြေ​အ​နေ​များ​ကို​ ​သ​တိ​ထား​ ​စီ​စစ်​ပြီး​ ​ကြေ​ညာ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဆော်​ဒီ​ဘု​ရင့်​ ​မိ​သား​စု​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​တစ်ဦး​က​ ​ဘု​ရင်​မင်း​မြတ်​၏​ ​အ​ခြေ​အ​နေ​မှာ​ ​အ​လွန်​အား​ရ​ ​ကျေ​နပ်​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​ ​ဆော်​ဒီ​နိုင်ငံ​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​ရေ​နံ​အ​ထွက်​ ​အ​ကြွယ်​ဝ​ဆုံး​ ​နိုင်ငံ​တစ်​ခု​ဖြစ်​သ​လို​ ​တော်​ဝင်​မိ​သား​စု​သည်​လည်း​ တစ်​က​ မ္ဘာ​လုံး​တွင်​ ​အ​ကြွယ်​ဝ​ဆုံး​ ​မိ​သား​စု​တစ်​ခုအ​ဖြစ်​ ​ရပ်​တည်​လျက်​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here