နိုင်ငံရေးအရ တင်းမာနေသော်လည်း ကိုရီးယားနှစ်နိုင်ငံ အာကစားသမားများ အာရှအားကစားပွဲတွင် ယှဉ်ပြိုင်

alt

ကို​ရီး​ယား​ ​နှစ်​နိုင်ငံ​ကြား​ ​တင်း​မာ​မှု​များ​ ​ရှိ​နေ​သော်​လည်း​ ​တ​ရုတ်​နိုင်ငံ​တွင်​ ​ကျင်း​ပ​နေ​သည့်​ ​အာ​ရှ​အား​က​စား​ ​ပွဲ​တော်​တွင်​ ​နှစ်​နိုင်ငံ​ ​ကိုယ်​စား​ပြု​ ​ပြိုင်​ဖက်​များ​ကြား​ အား​က​စား​စိတ်​ဓာတ်​ ​အ​ပြည့်​နှင့်​ ​ယှဥ်​ပြိုင်​ သွား​ကြောင်း​ ​သိ​ရ​သည်​။

​နို​ဝင်​ဘာ​ ​၂၄​ ​ရက်​နေ့​က​ ​ပြု​လုပ်​သည့်​ ​အ​မျိုး​သား​ ​န​ပမ်း​ပြိုင်​ပွဲ​တွင်​ ​တောင်​ကို​ရီး​ယာ​မှ​ ​ကင်​ဒေ​ဆွန်း​နှင့်​ ​မြောက်​ကို​ရီး​ယား​မှ​ ​ယန်​ချန်​ဆွန်း​တို့​ ​တွေ့​ဆုံ​ခဲ့​ရာ​ ​နှစ်ဦး​သား​ ​စည်း​မျဥ်း​များ​နှင့်​အ​ညီ​ ​ယှဥ်​ပြိုင်​သွား​ခဲ့​ သည်​။​ ​၆၆​ ​ကီ​လို​တန်း​တွင်​ ​မြောက်​ကို​ရီး​ယား​ ​က​စား​သ​မား​က​ ​ပြိုင်​ဖက်​ကို​ ​၃-၀​ ​ဖြင့်​ ​အ​နိုင်​ယူ​ပြီး​ ​ကွာ​တား​ဖိုင်​နယ်​သို့​ ​တက်​ရောက်​ခဲ့​သည်​။​ ​

တောင်​ကို​ရီး​ယား​နှင့်​ ​မြောက်​ကို​ရီး​ယား​တို့​သည်​ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ​မြောက်​ပိုင်း​ကွန်​ မြူ​နစ်​ ​နိုင်ငံ​က​ ​ပစ်​ခတ်​သည့်​ ​လက်​နက်​ကြီး​ ​ကျည်​ဆံ​များ​ ​တောင်​ကို​ရီး​ယား​သို့​ ​ကျ​ရောက်​ပေါက်​ကွဲ​ခဲ့​ပြီး​နောက်​ ​အ​တင်း​မာ​ဆုံး​ ​အ​နေ​အ​ထား​တွင်​ ​ရှိ​နေ​သည်​။​ ​အာ​ရှ​အား​က​စားပွဲ​တွင်​ ​နိုင်ငံ​ရေး​ ​ပြိုင်​ဖက်​ ​က​စား​သ​မား​များ​ ​အား​က​ စား​စိတ်​ဓာတ်​ ​အ​ပြည့်​နှင့်​ ​ယှဥ်​ပြိုင်​ခဲ့​သော်​လည်း​ ​အူ​ဇ​ဘက်​က​စ္စ​တန်​ ​နိုင်ငံ​မှာ​မူ​ ​တား​မြစ်​ဆေး​ကိ​စ္စ​ကြောင့်​ ​အ​ရှက်​ရစ​ရာ​ ​ဖြစ်​ခဲ့​သည်​။​

​အ​သက်​ ​၂၃​ ​နှစ်​အ​ရွယ်​ ​မန်​နီ​ဂျန်​သီ​ဆန်​သည်​ ​တား​မြစ်​ထား​သော​ ​မီ​သိုင်း​အိတ်​ဇာ​မင်း​ ​လှုံ့​ဆော်​ ဆေး​ ​စစ်​ဆေး​မှု​တွင်​ ​ကျ​ရှုံး​ခဲ့​ကြောင်း​ ​အာ​ရှ​အို​လံ​ပစ်​ ​ကော်​မ​တီ​က​ ​ကြေ​ညာ​သည်​။​ ၎င်း​သည်​ ​ယ​ခု​နှစ်​ ​အာ​ရှ​အား​က​စား​ပွဲ​တွင်​ ​ဆေး​ကျ​သ​ဖြင့်​ ​ထုတ်​ပယ်​ခံ​ရ​သည့်​ ​ဒု​တိ​ယ​​မြောက်​ အား​က​စား​သ​မား​ ဖြစ်​လာ​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here