ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နယူးဇီလန်မိုင်းတွင်းမှ အလုပ်သမားများ သေဆုံးသွားပြီဟု ကြေညာ

alt

န​ယူး​ဇီ​လန်​ ​နိုင်ငံ​အ​တွင်း​ရှိ​ ​ပေါက်​ကွဲ​မှု​ ​ဖြစ်​ပွား​ရာ​ ​မိုင်း​တွင်း​တစ်​ခု​အ​တွင်း​ ​ပိတ်​မိ​နေ​သူ​ ​မိုင်း​အ​လုပ်​သ​မား​ ​၂၉​ ဦး​တို့​ ​သေ​ဆုံး​သွား​ပြီ​ဟု​ ​ရဲ​တပ်​ဖွဲ့​က​ ​ကြေ​ညာ​ခဲ့သည်​။​ ​

နို​ဝင်​ဘာ​ ​၁၉​ ​ရက်​နေ့​က​တည်း​က​ ​မိုင်း​ တွင်း​ပေါက်​ကွဲ​မှု​အ​ပြီး​ ​ပျောက်​ဆုံး​စာ​ရင်း​ ​သွင်း​ထား​သည့်​ ​အ​လုပ်​သ​မား​များ​သည်​ ​နောက်​တစ်​ကြိမ်​ ​ပေါက်​ကွဲ​မှု​အ​တွင်း​ ​အ​သက်​ရှင်​ရန်​ ​မျှော်​လင့်​ချက်​ ​မ​ရှိ​တော့​ဟု​ ကယ်​ဆယ်​ရေး​များ​က​ဆို​သည်​။​ ပိုက်​ရေ​ဗား​ ​ကျောက်​မီး​သွေး​ ​မိုင်း​ တွင်း​တွင်​ ​နို​ဝင်​ဘာ​ ​၂၃​ ​ရက်​နေ့​က​ ​နောက်​တစ်​ကြိမ်​ ​ပေါက်​ကွဲ​မှု​ ​ဖြစ်​ပွား​ခဲ့​ရာ​ ​ပျံ့​နှံ့​လာ​သည့်​ ​အ​ဆိပ်​ငွေ့​များ​က​ ​မြေ​အောက်​တွင်​ ​မိုင်း​အ​လုပ်​သ​မား​များ​ ​အ​သက်​ရှင်​နေ​ဆဲ​ ​ဆို​သည့်​တိုင်​အောင်​ ​အ​ဆိပ်​သင့်​ ​သေ​ဆုံး​စေ​မည်​ဟု​ ​ရဲ​ဌာ​န​မှ​ ​စုံ​စမ်း​ရေး​မှူး​ ​ဂယ်​ရီ​နိုး​က​ ​ပြော​ကြား​သွား​သည်​။​ ​

ကံ​အ​ကြောင်း​မ​လှ​စွာ​ဖြင့်​ ကြီး​မား​သော​ ​ပေါက်​ကွဲ​မှု​တစ်​ခု​ ​ထပ်​မံ​ဖြစ်​ပွား​သော​ ​သ​တင်း​ကို​ ​မိ​မိ​အ​တည်​ပြု​ ​ကြေ​ညာ​ကြောင်း​၊​ ​ပ​ထ​မ​ပေါက်​ကွဲ​မှု​ထက်​ ​ပြင်း​ထန်​သော​ ​ယင်း​ပေါက်​ကွဲ​မှု​သည်​ မိုင်း​တွင်း​အ​လုပ်​သ​မား​များ​အ​တွက်​ ​မျှော်​လင့်​ချက်​ ​မဲ့​သွား​စေ​ကြောင်း​ ​နိုး​က​ ​ပြော​ဆို​သွား​သည်​။​ ​ပိုက်​ရေး​ဗား​ ​အ​မှု​ဆောင်​ချုပ်​က​ ​ကယ်​ဆယ်​ရေး​ ​တပ်​ဖွဲ့​သည်​ ​မိုင်း​တွင်း​၏​ ​အ​ခြေ​အ​နေ​ကြောင့်​ ​လုပ်ငန်း​များ​ ​ထိ​ထိ​ရောက်​ရောက်​ ​မ​ဆောင်​ရွက်​နိုင်​ကြောင်း​ ​ပြော​ဆို​သွ​ား​သည်​။​ ​မိုင်း​တွင်း​ပေါက်​ကွဲ​မှု​တွင်​ ​လုပ်​ကြံ​ဖျက်​စီး​မှု​ ​ပါ​ရှိ​သည့်​ ​အ​ထောက်​အ​ထား​ ​မ​တွေ့​ရ​ကြောင်း​၊​ ​ယင်း​သည်​ ​မ​တော်​တ​ဆ​ ​ပေါက်​ကွဲ​မှု​သာ​ ​ဖြစ်​နိုင်​ကြောင်း​လည်း​ ​ပိုက်​ရေး​ဗား​ ​ကု​မ္ပ​ဏီ​က​ ​ကြေ​ ညာ​သည်​။​

န​ယူး​ဇီ​လန်​ ​မိုင်း​လုပ်ငန်း​သည်​ ​အ​စဥ်​အ​လာ​အ​ရ​ ​လုံ​ခြံု​ရေး​တွင်​ ​နာ​မည်​ကောင်း​ ​ရှိ​ခဲ့​ပြီး​ ​၁၁၄​ ​နှစ်​တာ​ ​ကာ​လ​အ​တွင်း​ ​၁၈၁​ ဦး​သာ​ ​အ​သေ​အ​ပျောက်​ ​ရှိ​ခဲ့​ဖူး​သည်​။​ ​အ​ဆိုး​ရွား​ဆုံး​ ​ဖြစ်​စဥ်​မှာ​ ​၁၈၉၆​ ​ခု​နှစ်​က​ ​မိုင်း​အ​တွင်း​ ​ ဓာတ်​ငွေ့​ပေါက်​ကွဲ​မှု​ကြောင့်​ ​လူ​ ​၆၅​ ဦး​ ​သေ​ဆုံး​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here