အပျိုစင်ဘဝ ဆုံးရှုံးခဲ့သည့်​ အရွယ်ကို TV စတား ခိုလ်ကာ ဒါရှီယန် ထုတ်ဖော်​ ​ဝန်ခံ

alt

အ​မေ​ရိ​ကန်​ Reality​ TV​​ စ​တား​ ​ခိုလ်​ကာ​ဒါ​ရှီ​ယန်​က​ ​သူ​မ​သည်​ ​အ​သက်​ ​၁၄​ ​နှစ်​ ​အ​ရွယ်​က​တည်း​က​ ​အ​ပျို​စင်​ဘ​ဝ​ကို​ ​ဆုံး​ရှံုး​ခဲ့​ကြောင်း​ ​ထုတ်​ဖော်​ဝန်​ခံ​ခဲ့​သည်​။​ ​အ​သက်​ ​၂၆​ ​နှစ်​ရှိ​ ​နာ​မည်​ကျော်​ ​ရုပ်​သံ​အ​စီ​အ​စဥ်​ မှူး​သည်​ ​လက်​ရှိ​တွင်​ ​ဘက်​စက်​ဘော​သ​မား​ ​လာ​မာ​အို​ဒွမ်​နှင့်​ ​လက်​ထပ်​ထား​သည်​။​

​သူ​မ​က​ ​အမည်​မ​ဖော်​လို​သူ​ ​တစ်ဦး​နှင့်​ ​တွေ့​ဆုံ​စဥ်​ ​သူ​မ​၏​ ​အ​သက်​အ​မှန်​ကို​ ​ညာ​ပြော​ကာ​ ​အ​တူ​အိပ်​ခဲ့​ပြီး​ ​အ​ပျို​ရည်​ ​ပျက်​ခဲ့​ကြောင်း​ ​ကာ​ဒါ​ရှီ​ယန်​က​ ဖွင့်​ဟ​ခဲ့​သည်​။​ အစ်​မ​များ​ဖြစ်​သည့်​ ​ကော်​တ​င်္နီကာ​ဒါ​ရှီ​ယန်​၊​ ​ကင်​ကာ​ဒါ​ရှီ​ယန်​တို့​နှင့်​အ​တူ​ ​ရေး​သား​သည့်​ ​စာ​အုပ်​တွင်​ ​သူ​မ​တွေ့​ကြံု​ခဲ့​သော​ ​ကိ​စ္စ​ကို​ ​ပွင့်​ပွင့်​လင်း​လင်း​ ​ဖော်​ပြ​ခဲ့​ပြီး​ ထို​သူ​သည်​ အ​လွန်​ချုပ်​တီး​နေ​နိုင်​သူ​ဖြစ်​ကြောင်း​၊​ ​သူ​မ​က​ ​အ​သက်​အ​မှန်​ကို​ ​မ​ပြော၍​သာ​ ​သူ​မ​နှင့်​အ​တူ​ ​အိပ်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ရေး​သား​ခဲ့​သည်​။​

​ထို့​အ​ပြင်​ ဖ​ခင်​ဖြစ်​သူ​က​ ​သူ​မ​လိင်​ဆက်​ဆံ​နေ​သည်​ကို​ ​သိ​ရှိ​ချိန်​တွင်​ ​အ​ကြီး​အ​ကျယ်​ ​ဒေါ​သ​ပေါက်​ကွဲ​ခဲ့​ကြောင်း​လည်း​ ​ကာ​ဒါ​ရှီ​ယန်​က​ဆို​သည်​။​ ​ထို​စဥ်​က​ ​သူ​မ​သည်​ ​အ​သက်​ ​၁၆​ ​နှစ်​ဟု​ ​ညာ​ပြော​ခဲ့​ကြောင်း​၊​ ​ထို့​အ​ပြင်​ ​မိ​မိ​ကိုယ်​ကိုယ်​ ​ရင့်​ကျက်​နေ​ပြီ​ဟု​လည်း​ ​ ​ထင်​နေ​မိ​ကြောင်း​ ​ကာ​ဒါ​ရှီ​ယန်​က​ ​စာ​အုပ်​အ​တွင်း​ ​ဖွင့်​ဟ​ခဲ့​သည်​။​

ငယ်​ရွယ်​စဥ်​ ​အ​ချိန်​တွင်​ ​ပ​ထ​မ​ဆုံး​ ​လိင်​ဆက်​ဆံ​ရ​ ခြင်း​သည်​ ​အ​လျင်​စ​လို​နိုင်​ပြီး​ ​စိတ်​ထဲ​တွင်​ ​ဖိ​အား​များ​ ​ခံ​စား​ရ​ကြောင်း​လည်း​ ​ကာ​ဒါ​ရှီ​ယန်​က​ ​ရေး​သား​ထား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here