လူအုပ်အတွင်း သေဆုံးခဲ့ရသူတို့အတွက် ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်နေ့ ကမ္ဘောဒီးယား သတ်မှတ်

alt

ဝ​ရုန်း​သုန်း​ကား​ ​ပြေး​လွှား​ရင်း​ ​လူ​အုပ်​ကြီး​ ​ပြို​ဆင်း​ရာ​မှ​ ​သေ​ဆုံး​ခဲ့​သူ​များ​အ​တွက်​ ဝမ်း​နည်း​ကြေ​ကွဲ​မှု​ ​အ​ထိမ်း​အ​မှတ်​နေ့​အ​ဖြစ်​ ​နို​ဝင်​ဘာ​ ​၂၅​ ​ရက်​နေ့​ကို​ ​က​မ္ဘော​ဒီး​ယား​ ​အ​စိုး​ရ​က​ ​ကြေ​ညာ​ခဲ့​သည်​။​

​ဝန်​ကြီး​ချုပ်​ ​ဟွန်​ဆန်း​က​ ​ခ​မာ​ခေတ်​နောက်​ပိုင်း​ ​အ​ဆိုး​ရွား​ဆုံး​ ​လူ​အ​များ​ ​အ​စု​လိုက်​အ​ပြံု​လိုက်​ ​သေ​ကြေ​မှု​ကြီး​အ​တွက်​ ​ယ​ခု​ကဲ့​သို့​ ​ဝမ်း​နည်း​ခြင်း​နေ့​ ​သတ်​မှတ်​ခြင်း​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​ရိုး​ရာ​ရေ​က​စား​ပွဲ​တော်​ ​တစ်​ခု​တွင်​ ​မြ​စ်​ပေါ်​သွယ်​တန်း​ ထား​သော​ ​ကျဥ်း​မြောင်း​သည့်​ ​တံ​တား​တ​လျှောက်​ ​လူ​အ​များ​ ​အ​ထိတ်​တ​လန့်​ ​ပြေး​လွှား​ရာ​မှ​ ​လူ​ပိ​ခြင်း​၊​ ​ရေ​နစ်​ခြင်း​၊​ ​ရေ​စို​လက်​ဖြင့်​ ​တံ​တား​ပေါ်​ ​သွယ်​တန်းထား​သော​ ​ဝါ​ယာ​ကြိုး​များ​ကို​ ​ကိုင်​မိ​ပြီး​ ​ဓာတ်​လိုက်​ခြင်း​တို့​ကြောင့်​ ​နို​ဝင်​ဘာ​ ​၂၁​ ​ရက်​နေ့​ ​ည​ပိုင်း​က​ ​လူ​ပေါင်း​ ​၃၄၇​ ဦး​ထက်​မ​နည်း​ ​သေ​ဆုံး​ခဲ့​သည်​။​

က​မ္ဘော​ဒီး​ယား​ ​ရဲ​တပ်​ဖွဲ့​သည်​ ​လူ​အ​များ​ ​ဝ​ရုန်း​သုန်း​ကား​ ​ဖြစ်​ခဲ့​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​ဓိ​က​ ​အ​ကြောင်း​ရင်း​ကို​ ​စုံ​စမ်း​နေ​ဆဲ​ဖြစ်​ပြီး​ ​လာ​မည့်​သီ​တင်း​ပါတ်​တွင်​ ​အ​စီ​ ရင်​ခံ​စာ​တစ်​စောက်​ ​ထုတ်​ပြန်သွား​မည်​ဖြစ်​သည်​။​ ​ရိုး​ရာ​ ​ရေ​က​စား​ပွဲ​တော်​ကို​ ​ကျင်း​ပ​ရန်​အ​တွက်​ ​တစ်​နိုင်ငံ​လုံး​မှ​ ​လူ​ပေါင်း​ ​၂​ ​သန်း​ကျော်​မျှ​ ​ဖ​နွမ်​ပင်​သို့​ ​လာ​ရောက်​ခဲ့​သည်​ဟု​ ​ယုံ​ကြည်​ရ​ပြီး​ ​ဘာ​ဆက်​မြစ်​တွင်​ ​ရေ​က​စား​ရာ​မှ​ ​ယ​ခု​ကဲ့​သို့​ ​ကြေ​ကွဲ​ဖွယ်​ ​ဖြစ်​ရပ်​မျိုး​ ​ပေါ်​ပေါက်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​

နို​ဝင်​ဘာ​ ​၂၄​ ​ရက်​နေ့​တွင်​ ​အ​ခင်း​ဖြစ်​ရာ​ ​နေ​ရာ​အ​နီး​ ​ရှင်း​လင်း​မှု​များ​ ​ပြု​လုပ်​ပြီး​ဖြစ်​သ​လို​ ​အ​ဝါ​နှင့်​ ​မီး​ခိုး​ရောင်​ကျား​ ​တံ​တား​မှ​ ​အ​ပျက်​အ​စီး​များ​ကို​လည်း​ ​ဖယ်​ရှား​ထား​ပြီး​ဖြစ်​ကြောင်း​ ​မျက်​မြင်​များ​က​ ​ပြော​ကြား​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here