ဂျပန်နိုင်ငံမှ​ သက်တမ်းရှည်​ ယာကူဇာဂိုဏ်း​ ဆက်လက် ရပ်တည်ရေး​ ရုန်းကန်နေရ

alt

ဂျ​ပန်​နိုင်ငံ​မှ​​​ ​ထိပ်​တန်း​ဒု​စ​ရိုက်​ဂိုဏ်း​ကြီး​ဖြစ်​သော​​​ ​ယာ​ကူ​ဇာ​ဂိုဏ်း​သည်​​​ ​ယ​ခု​အ​ခါ​​ ​ဒု​က္ခ​အ​ကြပ်​အ​တည်း​နှင့်​​​ ​ကြံု​နေ​ရ​ကြောင်း​​ ​သိ​ရ​သည်​။​​​ ​ဂျ​ပန်​ရဲ​တပ်​ဖွဲ့​သည်​​​ ​ယာ​ကူ​ဇာ​ဂို​ဏ်း​၏​​ ​အ​ကြီး​ဆုံး​​ ​ဂိုဏ်း​ခွဲ​ ဖြစ်​သော​​ ​ယာ​မာ​ဂူ​ချီ​ဂူ​မီ​ဂိုဏ်း​၏​​ ​အုပ်​စု​ဖွဲ့​​ ​​ ​လှုပ်​ရှား​မှု​များ​ကို​​ ​

အင်​တိုက်​အား​တိုက်​​ ​ဖြို​ခွင်း​နေ​သည့်​အ​တွက်​​ ​သက်​တမ်း​​ ​၉၅​​ ​နှစ်​ရှိ​ပြီ​ဖြ​စ်​သော​​ ​ဂိုဏ်း​ကြီး​မှာ​​ ​ဆက်​လက်​ရပ်​တည်​ရန်​​ ​ရုန်း​ကန်​နေ​ရ​ပြီ​ဖြစ်​သည်​။​​ ​ယာ​ကူ​ဇာ​​ ​ဒု​တိ​ယ​ဂိုဏ်း​ချုပ်​​ ​ကီ​ယို​ရှီ​တာ​ကာ​ရာ​မ​​ ​အ​ဖမ်း​ခံ​လိုက်​ရ​ခြင်း​သည်​​ ​ယာ​ကူ​ဇာ​ကို​​ ​ခေါင်း​ဆောင်​ကင်း​မဲ့​သော​​ ​အ​ခြေ​အ​နေ​သို့​​ ​ရောက်​သွား​စေ​ခဲ့​ပြီး​​ ​အ​ကြီး​ဆုံး​​ ​ဂိုဏ်း​ခေါင်း​ဆောင်​ကြီး​ဖြစ်​သည့်​​ ​အ​သက်​​ ​၆၈​​ ​နှစ်​အ​ရွယ်​​ ​ ကီ​နီ​ချီ​​ ​ရှီ​နို​ဒါ​မှာ​​ ​၂၀၀၅​​ ​ခု​နှစ်​က​တည်း​က​​ ​ထောင်​ဒဏ်​ကျ​ခံ​နေ​ရ​သည်​။​​

​ကျို​တို​ရဲ​တပ်​ဖွဲ့​ဝင်​​ ​၁၅၀​​ ​ခန့်​တို့​သည်​​ ​နို​ဝင်​ဘာ​​ ​၂၂​​ ​ရက်​နေ့​က​​ ​ယာ​ကူ​ဇာ​​ ​ဂိုဏ်း​တည်​နေ​ရာ​ကို​​ ​ဝင်​ရောက်​စီး​နင်း​ခဲ့​ပြီး​​ ​ကို​ဘေး​ရှိ​​ ​နေ​အိမ်​တွင်​​ ​ တာ​ကာ​ရာ​မ​ကို​​ ​ဖမ်း​ဆီး​လိုက်​သည်​။​​ ​တာ​ကာ​ရာ​မ​သည်​​ ​ခပ်​အေး​အေး​ပင်​​ ​အ​ဖမ်း​ခံ​ခဲ့​သော်​လည်း​​ ၎င်း​အား​​ ​ဒု​စ​ရိုက်​မှု​များ​အ​တွက်​​ ​စွဲ​ချက်​တင်​ထား​ခြင်း​ကို​​ ​ငြင်း​ဆန်​ထား​သည်​။​​ ​ယာ​ကူ​ဇာ​ဂိုဏ်း​သည်​​ ​ဂိုဏ်း​ဝင်​ပေါင်း​​ ​ ၄၀၀၀၀​​ ​ကျော်​ရှိ​သည်​ဟု​​ ​ယုံ​ကြည်​ရ​ပြီး​​ က​မ္ဘာ့​အ​ရှေ့​ခြမ်း​တွင်​​ ​အင်​အား​အ​ကြီး​ဆုံး​​ ​ဒု​စ​ရိုက်​ဂိုဏ်း​ကြီး​​ ​တစ်​ခု​သ​ဖွယ်​​ ​တည်​ရှိ​နေ​ခဲ့​သည်​။​​

ဂျ​ပန်​ရဲ​တပ်​ဖွဲ့​သည်​​ ​ယာ​ကူ​ဇာ​ဂိုဏ်း​အား​​ ​နှိမ်​နင်း​ရေး​နှင့်​​ ​ပတ်​သက်​ပြီး​​ ​ပို​မို​ ဇောက်​ချ​​ ​လုပ်​ကိုင်​လာ​ကာ​​ ​ယ​မန်​နှစ်​မှ​စ​ပြီး​​ ​​ ​ဂိုဏ်း​အ​ဖွဲ့​​ ​တည်​နေ​ရာ​များ​ကို​​ ​စီး​နင်း​မှု​များ​​ ​ပြု​လုပ်​လာ​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here